Thursday, January 17, 2013

၁၆.၁.၂၀၁၃ မှ ၂၂.၁.၂၀၁၃ထိ ၇ရက် သားသမီးများအတွက် ဟောစာတမ်း

Ever November | 1/17/2013 06:06:00 PM | Best Blogger Tips
တနင်္ဂနွေ
         စိတ်မြန်ခြင်း၊ ဆန္ဒစောခြင်း၊ ဆုံးဖြတ်ချက်မြန်ဆန်ခြင်းရှိမည်။စိတ်လေနေမည်။ ခရီးတွေထွက်ချင်နေမည်။ချစ်သူနှင့်လည်းအဆင်ပြေလိုက်၊မပြေလိုက်ဖြစ်နေမည်။တစ်ခုတော့သတိထားပါ။
သင့်ချစ်သူမရိုးသားပါ။သင့်ကွယ်ရာမှာတခြားတစ်ယောက်ပေါ်နေပါပြီ။သင်၏အလုပ်ကလည်းဟိုရောက်လိုက်
ဒီရောက်လိုက်ပြေးလွှားနေရတတ်သည်။တောင်အရပ်ခရီး ကို တော့ ဖြစ်နိုင်လျှင် ရှောင်ပါ။ သင့်အတွက်ထက်သူတပါး အတွက်ပို၍ အကျိုးရှိသော ခရီးများထွက်ရပါလိမ့်မည်။ အလုပ် ရာထူးတက်မည်။ နေရာ၊ တာဝန်ပြောင်းရမည်။ စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်လျှင်အကျိုးပေးမည်။
 
အကျိုးပေးဂဏန်း  - ၃၊ ၆၊ ၉။
အထူးဟော         - အတိုက်အခံဖြစ်ပြီးမှ အောင်မြင်မည်။
ယတြာ              - တနင်္ဂနွေနေ့ဘုရားကို အုန်းဆွမ်းကပ်လှူပါ။
 
တနင်္လာ
     သင်၏မျှော်လင့်ချက်များအကောင်အထည်အောင်မြင်ရန် ပေါ်လာမည်။ ရုတ်တရက်ခရီး ထွက်ရလိမ့်မည်။ အလုပ်ကိစ္စအားလုံး အဆင်ပြေမည်။ နေရာဒေသ ပြောင်းရွှေ့နေထိုင်ဖြစ်မည်။ မရည်ရွယ်သောခရီးများ သွားဖြစ်မည်။ ထီပေါက်၊ မဲပေါက်ကိန်းရှိသည်။ အချစ်ရေးမှာ စိတ်ရှုပ်ရ မည်။ ကိုယ့်ချစ်သူကို မိဘတို့သဘောမတူ ဖြစ်တတ်သည်။ မိဘသဘောမတူကို ကိုယ်က မချစ်ဖြစ်မည်။ စပ်တူရှယ်ယာများ ထင်မြင်လွဲစိတ်ဝမ်းကွဲမည်။ လူလိမ်၊ ငွေလိမ်ခံရမည်။ ပစ္စည်းပျောက်ကိန်းရှိသည်။ စက်၊ ကားယာဉ် တို့ဝင်ထွက်မည်။ ငွေဝင်လာမည်။ မလိုသူရှိ၍ ဂရုစိုက်ပါ။ စိတ်မြန်ခြင်း၊ တယူသန် စိတ်ရှိခြင်းတို့ ဆင်ခြင်ပေးပါ။ စီးပွားရေး လုပ်ငန်းများအောင်မြင်မည်။ 
 
အကျိုးပေးဂဏန်း  - ၂၊ ၃၊ ၇။
အထူးဟော         - သင်မုချ ကံကောင်းပါပြီ။
ယတြာ              - တနင်္လာနေ့နံနက် ၁၀နာရီ တွင် ငါးအရှင် သက်စေ့ဝယ်ပြီး အရှေ့ရပ်တွင် ဆုတောင်းလွှတ်ပါ။
 
အင်္ဂါ
          သင်သည် ငါသိ၊ ငါတတ်၊ ငါဆရာလုပ်ချင်တတ်၏။ ဇွဲကောင်း၏၊ ရည်ရွယ်ချက်ကြီး၏။ စူးစမ်းမှု နှင့် စမ်းသပ်မှု ၀ါသနာပါ၏။ဆုံးဖြတ်ချက်မြန်၏။ကွက်ကျော်မြင်၏။အတိုက်အခံတွေလည်းတွေ့၏။ကွေ့ပတ်ရှောင်ကွင်းလိုက်ပါ။အကူအ ညီပေးသူတွေ လည်း များ၏။ သို့ပေမဲ့  သင်ခေါင်းရှုပ်ရလိမ့်မည်။ အိမ်က တမျိုး၊ အလုပ်ကတမျိုး၊ ချစ်သူက တမျိုး ဖြစ်နေမည်။ အရေးထဲ အပေါင်းအသင်းတွေ၊ ဆွေမျိုးသားချင်းအရေးတွေက ပေါ်လာလို့ လူမအား စိတ်မအား လှုပ်ရှားမှု တွေဖြစ်နေမည်။ အရာရာမှာ မပြီးပြတ်မှုများ ဖြစ်နေလိမ့်မည်။ ၀မ်းဗိုက်ဂရုစိုက်ပါ။ အစာမကြေ၊ လေနာရောဂါရတတ်သည်။ ခြေ ၁ ဖက်ခိုက်မိ၍ နာကျင်မှုများဖြစ် မည်။ စက်ပစ္စည်းများ ရွှေထည်များ၊ မြေကွက်ကိစ္စများ ၀င်၊ ထွက် မှုဖြစ်နေပါလိမ့်မည်။
 
အကျိုးပေးဂဏန်း  - ၃၊ ၅၊ ၈။
အထူးဟော         - အတိုက်အခံတွေ ကျော်လွှားနိုင်မည်။
ယတြာ              - အင်္ဂါနေ့ နံနက်တွင် အိမ်ရှေ့လမ်းကို သန့်ရှင်းရေးလုပ်ပေးလိုက်ပါ။
 
ဗုဒ္ဓဟူး
   လွတ်လပ်မှုလိုလား၏။ ကိုယ့်ဒူးကိုယ်ချွန် ကြိုးစားချင်၏။ ကွက်ကျော်မြင်၊ အကဲခတ်ကောင်း၏။ ရည်ရွယ်ချက် ကြီးမားပြီး လုပ်သောအလုပ်တို့ အောင်မြင်မှုရမည်။ ထီပေါက်၊ မဲပေါက်ခြင်းများဖြစ် မည်။ စွန့်စားမှုခရီးများ၊ ရပ်ဝေးခရီးများသွားဖြစ်မည်။ လမ်းခရီးများ အန္တရာယ်ကင်းမည်။ သူများအတွက် ကတိပေးခြင်းများ ဆင်ခြင်ပါ။ သစ္စာမရှိ၊ ကတိမတည်သူတွေ များမည်။ ငွေဝင်၊ ငွေထွက် ကြမ်းမည်။ အချစ်ရေးကောင်းမည်။ ရည်းစားချစ်သူများမည်။ ချစ်သူ ၁ ယောက်နှင့် စိတ်ဝမ်းကွဲမည်။ အဝေးကချစ်သူထံမှ လက်ဆောင်ရမည်။ စပ်တူစီးပွားရေး လုပ်ငန်းများအောင်မြင် မည်။ ဖြေဆိုသော စာမေးပွဲများအောင်မြင်မည်။ ကြီးသူ ၁ ဦး၏ အပြစ်တင်အထင်လွဲခြင်း ခံရမည်။ စွန့်စားမှု၊ စူးစမ်းမှုများပြုလုပ်ဖြစ်မည်။ အောင်မြင်မည်။ စက်၊ ရွှေတို့ ၀င်၊ ထွက် မည်။
 
အကျိုးပေးဂဏန်း  - ၄၊ ၉၊ ၆။
အထူးဟော         - သင်ကံကောင်းလာမည်။
ယတြာ              -  ဗုဒ္ဓဟူးနေ့ နံနက်တွင် မြတ်စွာဘုရားကို သောက်တော်ရေ ကပ်၍ လိုရာဆုတောင်းပါ။
 
ကြာသပတေး
 
   သင်၏ပွင့်လင်း ပြတ်သားမှု၊ လူရွေးပေါင်းမှု၊ အသုံးကြမ်းမှု တို့ရှိမည်။ ကွက်ကျော်မြင် အကဲခတ် ကောင်းသည်။ တချို့က သင့်ကိုမာနကြီးသည်ဟုပြောကြသည်။ရည်ရွယ်ချက်ကြီးသည်။ရည်ရွယ်ချက်များသည်။တစ်ခုပြီးမှ တစ်ခု လုပ်လျှင်အောင်မြင်မည်။ လူခင်ခြင်း စိတ်ဝမ်းကွဲမည်။ ပြန်လည်သင့်မြတ်မည်။ လုပ်ငန်းတွေတိုးချဲ့မှု ဆောင်ရွက်သွားမည်။ အောင်မြင်မည်။ သူများအရှုပ် ကိုယ့်အရှုပ်ဖြစ်ကိန်းရှိ၍ ဂရုစိုက်ပါ။ စီးပွားရေးစပ်တူလုပ်ချင်း အထူးရှောင်ပါ။ ကြီးသူ ၁ဦး ကျန်းမာရေး ချူချာမည်။ လူယုံမထားသင့်ပါ။ ထီထိုးပါ။ ထီပေါက်ကိန်းရှိသည်။ ခရီးစဉ်များမည်။ ပြည်ပခရီး (သို့) ခရီးဝေးတွေသွားရမည်။ စက်ပစ္စည်းတို့ ၊ အလုပ်သမားတို့ ၀င်၊ ထွက်မည်။ အချစ်ရေးကောင်းသည်။ စွဲလန်းနှစ်သက်သူ အသစ်များပေါ်မည်။ ချစ်သူ ဟောင်းက လက်ထပ်ခွင့်တောင်းလိမ့်မည်။
 
အကျိုးပေးဂဏန်း  - ၅၊ ၀၊ ၃။
အထူးဟော         - သင့်ကံကောင်းမည်။
ယတြာ              - ကြာသပတေးနေ့ နံနက်တွင် အောင်သပြေ ၁၉ ညွန့် ဘုရားကပ်လှူပါ။
 
သောကြာ
 
    သင်သည်သံယောဇဉ်ကြီး၏၊တစ်ယောက်မကချစ်တတ်၏၊ရည်ရွယ်ချက်လည်းများ၏။လွတ်လပ်မှုကိုလိုလားပြီး ဆုံးဖြတ်ချက်လည်းမြန်ဆန်၏။ကွက်ကျော်မြင်၊အကဲခတ်လည်းကောင်း၏။မဟုတ်မခံတတ်ပါ။ပွင့်လင်းပြတ်သားမှု ရှိသည်။ ဒေါသကြီးလွယ် သည်။ မရည်ရွယ်သော ခရီးများသွားဖြစ်မည်။ အပေါင်းအသင်းများသည်။ အချစ်ရေးကောင်းသည်။ ကိုယ်ချစ်သောသူကို မိဘ က သဘောမတူဖြစ်မည်။ ကိုယ်ချစ်တဲ့သူနဲ့ပဲ လက်ထပ်ဖြစ်မည်။ သားချင်းမိဘတို့၏ အပြစ်တင်ခြင်း ခံရမည်။ အိမ်ထောင်ရှိသောသူများ အငယ်အနှောင်းတွေ့မည်။ စကားပြောဆင်ခြင်ပါ။ စကားများရ တတ်သည်။ အတိုက်အခံတွေများမည်။သို့သော်ကျော်လွှားနိုင်မည်။ခရီးဝေးတွေသွားဖြစ်မည်။စက်ပစ္စည်းများ၊မြေများရောင်းဝယ်မည် ။ ပြုပြင်ပြောင်းလဲမှုဖြစ်မည်။
 
အကျိုးပေးဂဏန်း  - ၆၊ ၉၊ ၁။
အထူးဟော         - စွန့်စားမှုများအောင်မြင်မည်။
ယတြာ              - သောကြာနေ့နံနက်တွင် သောကြာနံဘုရားကို သစ်သီး ၉မျိုးလှူဒါန်းပါ။
 
စနေ
 
         အလွမ်းသမား၊ အတွေးသမား၊ စိတ်ကူးယဉ် သမားတစ်ယောက်ဖြစ်ခြင်း၊ တစ်ခါတစ်ရံ အတွေးခေါင် ပူပင်တတ်ခြင်း၊ ရည်ရွယ်ချက်များခြင်း၊ လူငြိမ်သလောက် စိတ်မငြိမ်ခြင်းများ မုချဖြစ်နေသော ကာလ ဖြစ်မည်။ စိုးရိမ်စိတ်များလည်းဖြစ်နေမည်။ သို့သော် စိုးရိမ်စရာမလိုပါ။ အချစ်ရေးမှာ အဆင်ပြေလာ မည်။ သင့်ချစ်သူကို မိဘသားချင်း တို့က သဘောမတူသလို မိဘသဘောတူကိုလည်းသင်ကမချစ်ဖြစ်နေမည်။ နောက်ဆုံး ချစ်တဲ့သူနဲ့ပဲ ပေါင်းဖက်ဖြစ်မည်။ ခရီးဝေးယာယီ တွေသွားဖြစ်မည်။ အဝေးကသူငယ်ချင်းတို့၏ကူညီမှုများဖြစ်လာမည်။အလုပ်အကိုင်ကောင်းမည်။မိဘသားချင်းတို့အပေါ် လုပ်ကိုင်ကျွေးမွေးဖြစ်မည်။ လွပ်လပ်မှုကို လိုလားသော်လည်း ကိုယ့်စိတ်ကိုယ် မပိုင်တတ်ပါ။
 
အကျိုးပေးဂဏန်း  - ၇၊ ၁၊ ၈။
အထူးဟော         - သင့်ကံကောင်းပါသည်။
ယတြာ              - စနေနေ့နံနက်တွင် စနေနံဘုရားကို ထီးနီ ၉လက်လှူပါ။

ဒေါက်တာထွန်းလင်း-ဘုတလင်( GOLD MEDALIST)

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1