Thursday, January 17, 2013

ကေအိုင်အေ တပ်မဟာ (၄)မှ ဗိုလ်ကြီး ရမ်ဆိုင်း နှင့်အဖွဲ့ တပ်မတော် စစ်ကြောင်းသို့ လက်နက်/ ခဲယမ်း များ နှင့်အတူ ၁၄- ၁- ၂၀၁၃ ရက် နေ့တွင် အလင်း ဝင်ရောက်

Ever November | 1/17/2013 11:16:00 AM | Best Blogger Tips

ကေအိုင်အေ အကြမ်းဖက် သောင်းကျန်းသူများသည် မိမိတို့၏ အဖျက် အမှောင့် လုပ်ငန်းများကို သိရှိနားလည်အမြင်မှန် ရရှိပြီး ၎င်းတို့၏ လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်ကာ အေးချမ်းစွာ နေထိုင်နိုင်ရန် အတွက် နည်းအမျိုးမျိုးဖြင့် ကြိုးပမ်းလျက်ရှိရာ ၂ဝ၁၃ ခုနှစ် ဇန်နဝါ ရီလ ၁၄ ရက်နေ့ နံနက် ၆ နာရီ အချိန်ခန့်တွင် အရှေ့မြောက်တိုင်း စစ်ဌာနချုပ်၊ လှုပ်ရှား စစ်ကြောင်းမှ နယ်မြေ ရှင်းလင်း ဆောင်ရွက်စဉ် ကွတ်ခိုင်မြို့နယ်၊ မုံးဟောင်ကျေးရွာအနီး၌ ကေအိုင်အေတပ်မဟာ (၄)မှ ဗိုလ်ကြီးအဆင့်ရှိ ရမ်ဆိုင်း ခေါင်းဆောင်၍ အဖွဲ့ဝင် ၇ ဦးမှ လှုပ်ရှားစစ်ကြောင်းသို့ လာရောက်ဆက်သွယ်ပြီး ၎င်းတို့ နှင့် အတူအမ်- ၂၅ သေနတ် ၁ လက်၊ ကေအိုအမျိုးအစား သေနတ် ၃ လက်၊ အမ်-၂၂ ခေါက်ဒင် သေနတ် ၁ လက်၊ အမ်-၂၅ ဖြင့်ပစ်ခတ် ရသည့် ဗုံးသီး ၃ လုံးတို့ နှင့်အတူ အလင်းဝင် ရောက်ခဲ့သည်။

ကေအိုင်အေသောင်းကျန်းသူအဖွဲ့အတွင်း အဓမ္မလူသစ်စုဆောင်းခံရမှုကြောင့် လည်းကောင်း ၊ ခေါင်းဆောင်နှင့် ငယ်သားများအကြား တင်းကျပ်သည့် အုပ်ချုပ်မှု များကြောင့် လည်းကောင်း၊ ရိက္ခာနှင့် လစာရရှိခြင်းမရှိ၍ လည်းကောင်း၊ အဓမ္မ စုဆောင်းခံရသူတပ်ဖွဲ့ဝင်အများစုမှာ စိတ်ဓာတ်ကျဆင်းလျက် ရှိပြီး ထပ်မံ၍လည်းအစုလိုက် အပြုံလိုက်အလင်းဝင်ရောက်ရန် ရှိနေကြကြောင်း သတင်းရရှိသည်။

မြ၀တီ

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1