အနည်းဆုံးလူ ၁၉ ဦးသေဆုံးပြီး ၁ဝဝ ကျော် ဒဏ်ရာရရှိခဲ့သော ရထားလမ်းချော်မှု တစ်ရပ် အီဂျစ်နိုင်ငံ ကိုင်ရိုမြို့ တောင်ပိုင်းတွင် ဇန်နဝါရီ ၁၄ ရက်က ဖြစ်ပွားခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့ကြသည်။ ဂျီဇာဘာဒရာဂွန်း အရပ်တွင် အဆိုပါ ရထားလမ်းချော်မှု ဖြစ်ပွားခြင်းဖြစ်ပြီး ၁ဝ၇ ဦး ဒဏ်ရာရရှိခဲ့ရာ အနီးရှိဆေးရုံသို့ တင်ပို့ခဲ့ရသည်။ သေဆုံးသူများမှာ ထင်ထားသည်ထက် ပိုများနိုင်ကြောင်း ကျန်းမာရေး ဝန်ကြီးဌာနရှိ ဝန်ထမ်းများ၏ ပြောကြားချက်ကို ကိုးကား၍ မီနာသတင်းဌာနမှ ဖော်ပြခဲ့သည်။ လွန်ခဲ့သော နှစ်လခန့်က ရထားတစ်စင်းနှင့် ကျောင်းကားတစ်စီး တိုက်မိပြီးနောက် မီးရထားလမ်းပိုင်း ကွန်ရက်စနစ်အား ပြုပြင်နိုင်ရေး ပို့ဆောင်ရေး ဝန်ကြီးသစ် ခန့်အပ်ခဲ့ပြီး နှစ်ပတ်မပြည့်မီ ယခုတစ်ဖန် ရထားလမ်းချော် မတော်တဆမှု ဖြစ်ခဲ့ခြင်းဖြစ်သည်။ ယင်းရထားတွင် တွဲပေါင်း ၁၂ တွဲပါဝင်ပြီး စစ်မှုထမ်းရန် လိုက်ပါလာသော အီဂျစ်စစ်သားသစ်များ ၁၃၂၈ ဦးတို့အား ကိုင်ရိုမြို့သို့ တင်ဆောင်လာခဲ့ခြင်းဖြစ်သည်။
khitlunge
No comments:
Post a Comment