မှော်ဘီမြို့နယ်ရှိ ညောင်နှစ်ပင်ကွင်း၌ ဆမ်ဆောင်းကုမ္ပဏီ စက်ရုံ လာရောက် တည်ထောင်တော့မည်ဟု မြန်မာ နိုင်ငံရင်းနှီးမြှုပ်နှံ မှုကော် မရှင်မှ သတင်းရရှိသည်။
အမျိုးသားညီလာခံကျင်းပရာ အဆိုပါနေရာရှိ မူလအဆောက်အအုံ နေရာများ၌ စက်ရုံတည်ဆောက်မည် မဟုတ်ဘဲ သီးခြားနေရာတွင် ဆောက်လုပ်မည်ဟု ကော်မရှင်ဥက္ကဋ္ဌက ပြောသည်။
”ရင်းနှီးမြှုပ်နှံမှု ပမာဏလည်း ကြီးတယ်။ ဒါ့ကြောင့်လူ ၅ သောင်း အလုပ်ရသွားမယ်” ဟု အထက်ပါ ပုဂ္ဂိုလ် ကဆက်လက်ပြောသည်။
စက်ရုံ တည်ဆောက်ခြင်းကို ယခုနှစ်လအတွင်း စတင်အကောင်အထည်ဖော် မည်ဖြစ်ပြီး ပြည်တွင်း၌ အဓိကရောင်းချရန်မဟုတ်ဘဲ တောင်ကိုရီးယားမှတစ်ဆင့် ပြန်လည်ဖြန့်ဖြူးရန် စက်ရုံလာတည်ခြင်း ဖြစ် သည်ဟု ကော်မရှင်မှသိရသည်။
ယခုကဲ့သို့သော ဆမ်ဆောင်းစက်ရုံကို ဗီယက်နမ်နိုင်ငံတွင် တည်ထောင်ထားခဲ့ပြီးဖြစ်သည်ဟု သိရသည်။ အစိုးရသစ်တက်ပြီးနောက် ကမ္ဘာကျော်အမှတ်တံဆိပ်များ ပြည်တွင်း၌လာရောက်ရင်းနှီးမြှုပ်နှံ မှုတွင်
Popular Myanmar News Journal


No comments:
Post a Comment