Tuesday, January 1, 2013

ကမ္ဘာ့ကလပ် ချန်ပီယံများ ဖလားက ချယ်လ်ဆီး အတွက် အကျိုး ရှိစေခဲ့ကြောင်း ဘင်နီတက်ဇ် သုံးသပ်

Ever November | 1/01/2013 03:36:00 PM | Best Blogger Tips

လက်ရှိ ချယ်လ်ဆီး အသင်း၏ ခြေစွမ်း တိုးတက်မှုများသည် ကမ္ဘာ့ကလပ် ချန်ပီယံများ ဖလား ပြိုင်ပွဲသို့ သွားရောက် ကစားခဲ့ခြင်းနှင့် သက်ဆိုင်ကြောင်း မန်နေဂျာ ရာဖာ ဘင်နီတက်ဇ်က မှတ်ချက်ပြု ပြောဆိုလိုက်သည်။
စပိန်သား မန်နေဂျာကြီးက ဂျပန်တွင် ကမ္ဘာ့ကလပ် ချန်ပီယံများ ဖလားပြိုင်ပွဲ၏ ဗိုလ်လုပွဲကို အရေးနိမ့်ခဲ့သော်လည်း အသင်းအတွက် စုစည်း လေ့ကျင့်ချိန် သတ်သတ်မှတ်မှတ် ရခဲ့ခြင်းက များစွာ အကျိုးထူးခဲ့ကြောင်း ဆိုသည်။ ဘင်နီတက်ဇ်သည် ရောဘတ်တို ဒီမက်တီယိုအား အသင်းမှ ထုတ်ပယ်လိုက်ချိန်တွင် ချယ်လ်ဆီးကို ကြားဖြတ် မန်နေဂျာအဖြစ် ရာသီကုန်ထိ ဝင်ရောက် တာဝန်ယူ ကိုင်တွယ်ခဲ့သည်။ ချယ်လ်ဆီးသည် လတ်တလောတွင် ခြေစွမ်း တည်ငြိမ်နေပြီး (၂၀၁၂)နှောင်းပိုင်း ပွဲကျပ် ကာလများကို ရမှတ်အပြည့် ဖြတ်ကျော်နိုင်ခဲ့သည်။
ဘင်နီတက်ဇ်က "ဂျပန်ကို သွားဖြစ်ခဲ့တဲ့ ခရီးက သိပ်အရေးကြီးပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အသင်းက အချိန်တော်တော်ကြာကြာ အတူတကွ စုစည်း လေ့ကျင့်နိုင်ခဲ့တယ်လေ"ဟု ဆိုသည်။ ၎င်းက "အနည်းဆုံး လေ့ကျင့်ခန်း သုံးကြိမ်ဆက်တိုက်လောက် ဆင်းခွင့်ရခဲ့တယ်။ ဒီအချက်က အများကြီး အလုပ်ဖြစ်တယ်ဆိုတာ မြင်နိုင်မှာပါ။ ချယ်လ်ဆီးဟာ အမှားတချို့ ရှိနေဆဲ ဖြစ်ပါတယ်။ ဒါပေမဲ့ အသင်းရဲ့ စွမ်းဆောင်ရည်ကို ခြုံကြည့်ရင် အများကြီး တိုးတက်လာတာ မြင်ရမှာပါ။ ပြီးတော့ ကစားသမားတွေရဲ့ စိတ်ဓာတ်ပိုင်းက တိုးတက်လာတာကို ကြည့်ပြီး ကျွန်တော် အထင်ကြီးမိပါတယ်"ဟု ပြောကြားသွားသည်။

၎င်းက "ချယ်လ်ဆီး အသင်းသားတွေဟာ သင်ယူလိုစိတ်၊ လေ့ကျင့်လိုစိတ် ပြင်းပြ ထက်သန်လွန်းပါတယ်။ ကျွန်တော့် နည်းစနစ်ဆိုင်ရာ အဖွဲ့နဲ့ ဆွေးနွေးဖြစ်တော့ သူတို့အားလုံးက ကစားသမားတွေ လေ့ကျင့်နေပုံကို သဘောကျကြောင်း ပြောကြတယ်။ ဒါက အနာဂတ်မှာ တကယ့်ကို အရေးပါတဲ့ အားထုတ်မှုတွေ ဖြစ်လာမှာပါ"ဟုလည်း မှတ်ချက်ပြုသွားခဲ့သည်။
soccer myanmar

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1