Tuesday, January 1, 2013

ကမ္ဘာကို မြင်အောင် ကြည့်တတ်မှ ကမ္ဘာကို တု၍ ကမ္ဘာမှု ပြုနိုင်မည်

Ever November | 1/01/2013 04:05:00 PM | Best Blogger Tips
မြန်မာနိုင်ငံသည် ဖွံ့ဖြိုးမှု နောက်ကျနေသော နိုင်ငံဖြစ်သဖြင့် ဖွံ့ဖြိုးဆဲ နိုင်ငံအဖြစ် တက်လှမ်း နိုင် ရန် ပြည်သူ့ အတွက် ပြည်သူက ရွေးကောက်တင်မြှောက်သော ပြည်သူ့အစိုးရဖြစ်သည့် ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် အစိုးရသည် နိုင်ငံရေး ပြုပြင် ပြောင်းလဲမှု၊ စီးပွားရေး ပြုပြင် ပြောင်း လဲမှု တို့ကို တစ်ပြိုင်တည်း ဆောင်ရွက်ခဲ့ရာ အတိုင်းအတာ တစ်ခုအထိ အောင်မြင်မှုများ ရရှိနေပြီ ဖြစ်သည်။
၂၁ ရာစု ကမ္ဘာ့နိုင်ငံ များတွင် ဖွံ့ဖြိုးပြီး နိုင်ငံများ၊ ဖွံ့ဖြိုးဆဲ နိုင်ငံများ၊ ဖွံ့ဖြိုးမှု နောက်ကျနေသော နိုင်ငံများ ဟူ၍ တွေ့ရသည်။ ဖွံ့ဖြိုးပြီး နိုင်ငံများက ဖွံ့ဖြိုးမှု တည်တံ့ ခိုင်မြဲရေး၊ ဖွံ့ဖြိုးဆဲ နိုင်ငံများက ရေရှည် ဖွံ့ဖြိုးရေး ၊ ဖွံ့ဖြိုးမှု နောက်ကျနေသော နိုင်ငံများက ဖွံ့ဖြိုးရေး စသည်ဖြင့် ဦးတည်ချက် အမျိုးမျိုး ထားကာ ကြိုးပမ်းနေ ကြသည်။ ထိုသို့ ကြိုးပမ်းကြရာ၌ နိုင်ငံရေးစနစ်မှာ ဒီမိုကရေစီစနစ်ဖြစ်ပြီး စီးပွားရေး စနစ် မှာ ဈေးကွက် စီးပွားရေး စနစ် ကျင့်သုံး နေကြသည်။

ဒီမိုကရေစီ ကျင့်စဉ် ထွန်းကားရေးနှင့် တိုင်းပြည် ဖွံ့ဖြိုး တိုးတက်ရေး အတွက် ပြည်သူများ ပူးပေါင်း ပါဝင် ဆောင်ရွက် လာနိုင်မည့် စီမံအုပ်ချုပ် လုပ်ကိုင် မှု ပြောင်းလဲသွားရန် လိုအပ်ချက် အရ တတိယ အဆင့်အဖြစ် အစိုးရ အဖွဲ့အစည်း ယန္တရား ဖွဲ့စည်း တည်ဆောက်ပုံ ပြောင်းလဲ သွားမည်ဖြစ်သည်။

အစိုးရဌာန အဖွဲ့အစည်း များ၏ စီမံအုပ်ချုပ်မှု စနစ် တိုးတက် ကောင်းမွန်အောင် ပြုပြင်ပြောင်းလဲ ဆောင် ရွက်ရေးနှင့် စပ်လျဉ်း၍ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် ၂ဝ၁၂ ခုနှစ် ဒီဇင်ဘာ ၂၆ ရက်တွင် နေပြည်တော်ရှိ နိုင်ငံတော် သမ္မတ အိမ်တော် သံတမန်ဆောင် ဧည့်ခန်းမ၌ ကျင်းပသည့် အခမ်းအနားသို့ တက်ရောက် မိန့်ခွန်း ပြောကြားသည်။ နိုင်ငံတော် သမ္မတက ''အစိုးရဌာန အဖွဲ့အစည်း များ၏ စီမံအုပ်ချုပ်မှု စနစ်တိုးတက် ကောင်းမွန်အောင် ပြုပြင် ပြောင်းလဲရေး လုပ်ငန်း စဉ်ကို နိုင်ငံတော် ဖွံ့ဖြိုး တိုးတက်မှု အတွက် ပြုပြင် ပြောင်းလဲရေး မဟာဗျူဟာ တတိယ အဆင့် လုပ်ငန်း အဖြစ် သတ်မှတ် အကောင် အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း'' ပြောကြားပြီး နိဂုံး ချုပ် ပြော ကြားရာ၌ ''တိုင်းပြည်နှင့် လူမျိုး ဂုဏ်သိက္ခာကို ပြန်လည် မြှင့်တင်ရန် လိုအပ်နေ ပြီ ဖြစ်ပါကြောင်း ၊ အုပ်ချုပ်ရေး ယန္တရား တစ်ခုလုံး ပြန် လည် ကောင်းမွန်အောင် စိတ်ဓာတ် ကောင်းကောင်း ၊ စည်းကမ်း ကောင်းကောင်း၊ နိုင်ငံ့အကျိုး၊ ပြည်သူ့ အကျိုးကို စေတနာ ကောင်းကောင်းဖြင့် ကောင်း မွန်သော အုပ်ချုပ်မှု စနစ်ရှိသည့် သန့်ရှင်းသော အစိုးရဖြစ်အောင် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြပါရန်'' တိုက်တွန်းခဲ့သည်။
မိမိနိုင်ငံနှင့် မိမိလူမျိုးတို့ ကမ္ဘာနှင့် ရင်ပေါင် တန်းနိုင်ရေးသည် မိမိတို့ နိုင်ငံသား အားလုံးက ပတ်ဝန်းကျင် ကမ္ဘာ့ နိုင်ငံများကို ကြည့်တတ် မြင်တတ်ဖို့ လိုသည်။ ကမ္ဘာ့ နိုင်ငံများ၏ ပထဝီ အနေအထား များနှင့် သမိုင်း ကြောင်း၊ ယဉ်ကျေးမှု ဓလေ့ထုံးတမ်း၊ နိုင်ငံအစိုးရ များ၏ ဖွဲ့စည်းမှုနှင့် ဆောင်ရွက် ချက်များ၊ နိုင်ငံသား များ၏ အခန်းကဏ္ဍ စသည်တို့ကို အာဂမ္မယုတ္တိ၊ သဘာဝယုတ္တိ တို့ဖြင့် ရှုမြင်၍ အကြောင်းအကျိုး၊ အကောင်း အဆိုးတို့ကို ဆန်းစစ်ရမည် ဖြစ်သည်။ တွေ့ရှိချက်များမှ မိမိနိုင်ငံနှင့် လူမျိုးတို့၏ ကောင်းကျိုး အတွက် ဆောင်သင့်သည်ကို ဆောင်၍ ရှောင်သင့်သည်ကို ရှောင်ကြရ မည် ဖြစ်သည်။

သို့ဖြစ်၍ ဖွံ့ဖြိုး တိုးတက်မှု အတွက် ပြုပြင် ပြောင်းလဲရေး လုပ်ငန်းများသည် ပြည်ထောင်စု အစိုးရနှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အစိုးရတို့၏ စွမ်းဆောင်ရည် ထက်မြက်မှုနှင့် ပြည်သူလူထု အတွက် ပြည်သူလူထု ဗဟိုပြု၍ ဆောင်ရွက် ကြရမည်ဖြစ်ရာ ပြည်သူတို့ အနေဖြင့် ကမ္ဘာ့ နိုင်ငံများ၏ ပကတိ အခြေ အနေများကို မြင်အောင် ကြည့်တတ်မှ ကမ္ဘာကို တု၍ ကမ္ဘာမှု ပြုနိုင်ကြမည် ဖြစ်ပေသည်။
Myawaddy

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1