Tuesday, January 1, 2013

ရှိတ်မန်ဆာ အလွန် နှစ်သက်သည့် ဘာလော့တယ်လီကို ရောင်းမည် မဟုတ်ဟု မန်စီနီဆို

Ever November | 1/01/2013 03:17:00 PM | Best Blogger Tips

အသင်းပိုင်ရှင် ရှိတ်မန်ဆာ အနှစ်သက်ဆုံး ကစားသမား တစ်ဦးဖြစ်သည့် မာရီယို ဘာလော့တယ်လီသည် အသင်းမှ ထွက်ခွာဖြစ်မည် မဟုတ်ကြောင်း မန်ချက်စတာ စီးတီး မန်နေဂျာ ရောဘတ်တို မန်စီနီက ပြောကြားလိုက်သည်။
ဘာလော့တယ်လီသည် (၂၀၁၀)ပြည့်နှစ်က ပေါင်စတာလင် (၂၄)သန်းဖြင့် အင်တာမီလန်မှ မန်စီးတီးသို့ ပြောင်းရွှေ့လာခဲ့သည်။ အသက်(၂၂)နှစ်ရှိ အီတလီ လက်ရွေးစင်သည် ပြီးခဲ့သည့် ဘောလုံးရာသီက ပရီးမီးယားလိဂ်တွင် (၂၃)ပွဲ ကစားပြီး (၁၃)ဂိုး သွင်းယူနိုင်ခဲ့သည်။ သို့သော်လည်း ၎င်းသည် ယခုရာသီတွင် ပုံစံကောင်း ရရှိရန် ဖိအားများအောက်၌ ရုန်းကန်နေရသည်။ ထို့အပြင် အသင်း၌ စည်းကမ်းပိုင်းဆိုင်ရာ ပြဿနာများလည်း ရှိနေခြင်းကြောင့် အင်္ဂလန် ပရီးမီးယားလိဂ် ချန်ပီယံ အသင်းက ၎င်းကို အီတလီ ကလပ်များထံ ပြန်လည် ရောင်းထုတ်သွားမည်ဟုလည်း သတင်းများ ထွက်ပေါ်လျှက် ရှိသည်။
မန်စီနီကမူ "ကျွန်တော်ကတော့ အသင်းမှာပဲ ဘာလော့တယ်လီ ဆက်ရှိနေမယ်လို့ ထင်ပါတယ်။ ဒါပေမဲ့ အနာဂတ်ကိစ္စ တော်တော်များများက သူ့အပေါ်မှာပဲ မူတည်ပါလိမ့်မယ်" ဟု ဆိုသည်။ ၎င်းက "အသင်းပိုင်ရှင် ရှိတ်မန်ဆာက ဘာလော့တယ်လီကို သဘောကျပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ အသင်းပိုင်ရှင်က သူ့ပင်ကိုယ် ပါရမီကို ကောင်းကောင်း သဘောပေါက်လို့ပါ။ ဘာလော့တယ်လီဟာ မန်စီးတီးရဲ့ နာမည် ဂုဏ်သတင်းကို ကမ္ဘာသိ ဖြစ်လာအောင် မြှင့်တင်ပေးနိုင်တဲ့ ခြေစွမ်းမျိုး ရှိနေပါတယ်" ဟု မှတ်ချက်ပြုခဲ့သည်။

၎င်းက "မန်စီးတီးဟာ ဘာလော့တယ်လီကို အဓိက ရင်းနှီးမြှုပ်နှံမှု တစ်ခုလို့ သဘောထားပြီး ဝယ်ယူခဲ့တာပါ။ ပြောရရင် မန်စီးတီးဟာ ကိုယ့်ဆီက ကစားသမားကောင်းတွေကို အလဟဿ လွှင့်ပစ်နေတဲ့ ကလပ်မျိုးလည်း မဟုတ်ဘူးလေ" ဟုလည်း ဆက်လက် ပြောဆိုသွားသည်။

Ref: Goal
soccer myanmar

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1