Tuesday, January 1, 2013

မက်ဆီကို အတုယူပြီး ဒေါသထိန်းရန် ဖယ်လိုင်နီအား မိုယက်စ်တိုက်တွန်း

Ever November | 1/01/2013 03:45:00 PM | Best Blogger Tips

အဲဗာတန် အသင်း မန်နေဂျာ ဒေးဗစ်မိုယက်စ်က အသင်းမှ အဓိက ကွင်းလယ် ကစားသမား မော်ရို ဖယ်လိုင်နီအား ဒေါသကို ထိန်းချုပ်တတ်အောင် ကြိုးစားရန် တိုက်တွန်းလိုက်သည်။
ဘယ်လ်ဂျီယံ လက်ရွေးစင် ဖယ်လိုင်နီသည် စတုတ်ခ်စီးတီးနှင့် ပွဲစဉ်တွင် စတုတ်ခ် အသင်းခေါင်းဆောင် ရိုင်ယန် ရှောခရော့စ်ကို ရည်ရွယ်ချက်ရှိရှိ ခေါင်းဖြင့် ဆောင့်ခဲ့ကြောင်း ဖော်ထုတ် တွေ့ရှိခဲ့သည့်နောက် (၃)ပွဲပယ် ပြစ်ဒဏ်တစ်ရပ် ချမှတ်ခြင်း ခံထားရသည်။ နောက်ပိုင်းတွင် ဖယ်လိုင်နီက ယင်းကိစ္စအတွက် ပြန်လည် တောင်းပန်ခဲ့ပြီး မန်နေဂျာ မိုယက်စ်ကလည်း အဆိုပါ ပွဲစဉ်တွင် ဖယ်လိုင်နီ လုပ်ခဲ့သော ကိစ္စမှာ တိုက်ရိုက် အနီကတ်ပင် ထိသင့်ကြောင်း ဝေဖန်ခဲ့သည်။ ယခုအခါ ဘာစီလိုနာ တိုက်စစ်မှူး လီယွန်နယ်လ် မက်ဆီကို အတုယူကာ ဒေါသကို ထိန်းချုပ်ရန် ဖယ်လိုင်နီအား မိုယက်စ်က အကြံပြုလိုက်သည်။
ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုရှင် အာဂျင်တီးနား တိုက်စစ်မှူး မက်ဆီသည် ပြင်းထန်သော ဖျက်ထုတ်မှုများနှင့် ကြုံတွေ့ရသည့်တိုင် စိတ်ကို ချုပ်တီးကာ ဘောလုံးကိုသာ အာရုံစိုက် ကစားလေ့ရှိသည်။ "ဖယ်လိုင်နီကို ကျွန်တော် အမြဲမပြတ် ပြောဆိုနေဖို့ လိုပါပြီ။ ဒီအပြုအမူမျိုးဟာ သူ့လို ကစားသမားကောင်း တစ်ယောက်နဲ့ မအပ်စပ်ပါဘူး။ ကျွန်တော် ဥပမာပေးဖို့ အကောင်းဆုံးကတော့ မက်ဆီပါပဲ။ သူ့ကို လူတိုင်းက ပစ်မှတ်ထားကြတယ်။ လူတိုင်းက သူ့ကို ကန်ကျောက်တားဆီးဖို့ ကြိုးစားတယ်။ လုပ်နိုင်တာမှန်သမျှ လုပ်ကြတယ်။ ဒါပေမဲ့ အကောင်းဆုံး ကစားသမား တစ်ယောက် အနေနဲ့ ပွဲတိုင်းမှာ ကြုံလာတဲ့ ရုပ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုတွေကို သူက မျက်ကွယ်ပြုခဲ့တယ်။ ဒါဟာ ထိပ်တန်း ကစားသမား တစ်ယောက်ရဲ့ လက္ခဏာတစ်ခုပါပဲ"ဟု မိုယက်စ်က သုံးသပ်သွားခဲ့သည်။  
soccer myanmar

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1