Tuesday, January 1, 2013
အိန္ဒိယအရှေ့ပိုင်းတွင် ဆင်အုပ်တစ်အုပ် ရထားတိုက်ခံရ
Ever November | 1/01/2013 03:15:00 PM |
နိုင်ငံတကာသတင်း
အိန္ဒိယနိုင်ငံ အရှေ့ပိုင်းတွင် ခရီးသည်တင် ရထားတစ်စင်းက ရထားလမ်းကို ဖြတ်သန်းနေသည့် ဆင်အုပ်တစ်အုပ်ကို ဝင်တိုက်မိမှုကြောင့် ဆင်ငါးကောင် သေဆုံး သွားခဲ့ကြောင်း ဒီဇင်ဘာ ၃၁ ရက် အေပီ သတင်းတစ်ရပ်တွင် ဖော်ပြပါရှိသည်။ ဖြစ်ပွားမှုမှာ အိန္ဒိယအရှေ့ပိုင်း သြရိသပြည်နယ် ဘူတန်နက်စ်ဝါးမြို့တော် တောင်ဘက် ကီလိုမီတာ ၁၈ဝ ခန့်အကွာရှိ ရန်ဘာ သစ်တောဧရိယာအတွင်း ဒီဇင်ဘာ ၃ဝ ရက် နံနက်ပိုင်းတွင် ယင်းခရီးသည်တင် ရထားက ဆင်များကို ဝင်တိုက်မိခဲ့ခြင်းဖြစ်ကြောင်း မီးရထားလမ်းဆိုင်ရာ ပြောရေးဆိုခွင့် ရှိသူ အာရ်အင်န်မိုဟာပါထရာက ပြောကြားသည်။ အဆိုပါ သစ်တောဧရိယာအတွင်း လှုပ်ရှားသွားလာနေသည့် ဆင်အုပ် တစ်အုပ်ရှိနေမှုကြောင့် မီးရထားများကို အရှိန်လျှော့ မောင်းနှင်သင့်ကြောင်း တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းစောင့်ရှောက်ရေး ဌာန၏ သတိပေးမှုများကို မီးရထား အာဏာပိုင်များအနေဖြင့် မသိကျိုးကျွံ ပြုနေကြကြောင်း ယင်းပြည်နယ် တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းရေးဌာန ခေါင်းဆောင်ဂျေဒီရှာမာက စွပ်စွဲ ပြောကြားခဲ့သည်။ အိန္ဒိယနိုင်ငံတွင် မကြာသေးမီ နှစ်များအတွင်းကလည်း အမျိုးသား ဥယျာဉ်များနှင့် သစ်တောများအား မကြာခဏ ဖြတ်သန်း သွားလာနေရာမှ ရထားလမ်းကူးများတွင် အတိုက်ခံရမှုကြောင့် ဆင်ကောင်ရေ ဒါဇင်ကျော် သေဆုံးခဲ့ရသည်ဟု ဆိုသည်။ အိန္ဒိယနိုင်ငံ တစ်ဝန်းရှိ ဆင်ကောင်ရေမှာ ခန့်မှန်းခြေ ၂၆ဝဝဝ ခန့် ရှိသည်။
khitlunge
Subscribe to:
Post Comments (Atom)
No comments:
Post a Comment