Thursday, January 17, 2013

သရက်သီး၏ ကျန်းမာရေး အကျိုးကျေးဇူးများကို တိကျစွာ သိနားလည် စေရန်

Ever November | 1/17/2013 05:30:00 PM | Best Blogger Tips

သရက်ပင်ကလွန်ခဲ့တဲ့ နှစ်ပေါင်း ခြောက်ထောင်ကျော်ကတည်းကအိန္ဒိယ နိုင်ငံနဲ့ မြန်မာနိုင်ငံတို့မှာ ပေါက်ရောက်ခဲ့တယ်လို့ ဆိုကြပါတယ်။ သရက်ပင်ကို လက်တင်ဘာသာလို Mangiferaindica လို့ခေါ်ပြီး အဓိပ္ပာယ်ကတော့ အိန္ဒိယနိုင်ငံမှာ ပေါက်တဲ့အပင်လို့ ဆိုပါတယ်။ ကမ္ဘာတစ်ဝန်းလုံးမှာ သရက်မျိုးနွယ်ပေါင်း တစ်ထောင်ကျော် ရှိပါတယ်။

(၁) သရက်သီးအခွံမှာ ကာရိုတီးနွိုက်နဲ့ ပိုလီဖီနောတို့လို ရောင်ခြယ် အင်တီအောက်ဆီးဒင့်တွေဖြစ်တဲ့ ဖိုင်တိုနျူးထရီးရန့်တွေ အများအပြား ပါဝင်ပါတယ်။

(၂) သရက်သီးမှာ သွေးနီဆဲလ်ထုတ်လုပ်ရေး အတွက် လိုအပ်တဲ့ ကြေးနီ (Copper) ဓာတ် ပေါကြွယ်ဝစွာ ပါဝင်ပါတယ်။

(၃) သရက်သီးမှာ ဗီတာမင်အေနဲ့ ဘီတာကယ်ရိုတင်း၊ အယ်လ်ဖာကယ် ရိုတင်း၊ ဘီတာခရစ်ပတိုဇန်သင်းတို့လို ဖလေဗိုးနွိုက်တွေ အများဆုံး ပါဝင်ပါတယ်။ လတ်ဆတ်တဲ့ သရက်သီး ၁၀၀ ဂရမ်မှာ အမြင်အာရုံ ကောင်းဖို့အတွက် တစ်နေ့တာ လိုအပ်တဲ့ ဗီတာမင်အေရဲ့ ၂၅ ရာခိုင်နှုန်း (၇၆၅ မီလီဂရမ်) လိုအပ်နေပါတယ်။

(၄) သရက်သီးမှာ ဗီတာမင်ဘီစစ် (Pyridoxine)၊ ဗီတာမင်စီနဲ့ ဗီတာမင်အီးတို့ အများအပြား ပါဝင်နေပါတယ်။ ဦးနှောက်ထဲမှာ GABA ဟော်မုန်း ထုတ်လုပ်ရေးအတွက် လိုအပ်တဲ့ ဗီတာမင် B6 ဒါမှမဟုတ် Pyridoxine ပါဝင်ပါတယ်။

(၅) သရက်သီးမှာပါတဲ့ ဂလူတာမင်းအက်စစ်ဟာ မှတ်ဉာဏ် ကောင်းမွန် စေရေး အတွက် အရေးပါပြီး ဆဲလ်တွေရဲ့ လုပ်ငန်းဆောင်တာကို ကောင်းမွန်စေပါတယ်။

(၆) သရက်သီးမှာ သံဓာတ် အများအပြား ပါဝင်တာကြောင့် သံဓာတ်ချို့တဲ့ နေသူတွေအတွက် အဆင်ပြေပါတယ်။

(၇) သရက်သီးမှာ ပျော်ဝင်တဲ့ အမျှင်ဓာတ်နဲ့ ပက်တင် အဆင့်မြင့်မားစွာ ပါဝင်တာကြောင့် သွေးတွင်း ကိုလက်စထရောအဆင့်၊ အထူးသဖြင့် မကောင်းတဲ့ ကိုလက်စထရော (LDL) ကို လျော့ကျစေပါတယ်။

(၈) သရက်သီးမှာ အမိုင်နိုအက်စစ်၊ နိုင်ယာစင်၊ ကယ်လ်စီယမ်နဲ့ မဂ္ဂနီဆီယမ်တို့ အများအပြား ပါဝင်ပါတယ်။

(၉) သရက်သီးမှာ ဗီတာမင်အီးများစွာ ပါဝင်တာကြောင့် လိင်ဟော်မုန်းတွေကို ဟန်ချက်ညီအောင် ထိန်းညှိပေးနိုင်ပြီှး Sex ကိစ္စကို ကောင်းစေပါတယ်။

(၁၀) လတ်ဆတ်တဲ့ သရက်သီးမှာ ပိုတက်စီယမ်များစွာ ပါဝင်နေပါတယ်။ ပိုတက်စီယမ်က ဆဲလ်တွေထဲက အရေးပါတဲ့ ပါဝင်ပစ္စည်း တစ်ခုဖြစ်ပြီး နှလုံးခုန်နှုန်းနဲ့ သွေးဖိအားကို ထိန်းညှိပေးနိုင် ပါတယ်။

(၁၁) သရက်သီးက သွေးထဲက ဟိုမိုစစ်စတင်းအဆင့်ကို ထိန်းချုပ်ပေးနိုင် ပါတယ်။ ဟိုမိုစစ်စတင်းဟာ သွေးကြောတွေကို ထိခိုက်စေပြီး နှလုံးသွေး ကြောဆိုင်ရာ ရောဂါနဲ့ လေဖြတ်တာတွေကို ဖြစ်စေနိုင်ပါတယ်။

(၁၂) သရက်သီးမှာပါတဲ့ အီစတာ (Esters)၊ တာပင်း (Terpene) နဲ့ အော်ဒီဟိုက် (Aldehydes) တို့က အစာကြေစေပါတယ်။

ဇွန်

moethihaaung blog

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1