Tuesday, January 8, 2013

အင်္ဂါဂြိုဟ် မျက်နှာပြင်ပေါ်၌ ပေါက်ကွဲမှု ဖြစ်ပွားနိုင်

Ever November | 1/08/2013 05:18:00 PM | Best Blogger Tips

အင်္ဂါဂြိုဟ်မျက်နှာပြင်မှ ရယူလာသော ကျောက်တုံးများကို လေ့လာ သုတေသနပြုချက်အရ မကြာမီနှစ်များအတွင်း အင်္ဂါဂြိုဟ် မျက်နှာပြင်ပေါ်တွင် ပေါက်ကွဲမှုတစ်ရပ် ဖြစ်ပေါ်နိုင်ကြောင်း အာကာသသိပံ္ပ သုတေသန ပညာရှင်များက ပြောကြားသည်။ အင်္ဂါဂြိုဟ် မျက်နှာပြင်မှ ကျောက်တုံးများတွင် အပူချိန်မြင့်တက်လျက်ရှိပြီး အင်္ဂါဂြိုဟ် မျက်နှာပြင်အတွင်းပိုင်းတွင် ပြင်းထန်သော အပူလှိုင်းများ ဖြစ်ပေါ်နိုင်ကြောင်း၊ ယင်းအပူလှိုင်းများသည် အင်္ဂါဂြိုဟ် မျက်နှာပြင်ပေါ်သို့ အရှိန်အဟုန်ဖြင့် ထိုးထွက်ကာ ပေါက်ကွဲမှု တစ်ရပ်ဖြစ်ပေါ်စေနိုင်ကြောင်း ၄င်းတို့က သုံးသပ်ပြောကြားသည်။ အင်္ဂါဂြိုဟ် မျက်နှာပြင်မှ ကျောက်တုံးများသည် လမျက်နှာပြင်မှ ကျောက်တုံးများထက် အပူချိန်မြင့်မားလျက်ရှိပြီး လက်ရှိအင်္ဂါဂြိုဟ် မျက်နှာပြင်ပေါ်၌ လေ့လာမှုများ ပြုလုပ်နေသော ကျူရီရိုစီတီ လေ့လာရေးယာဉ်မှ ပေးပို့သော သတင်းအချက်အလက်များအရ အပူလှိုင်းများ ထွက်ပေါ်လျက် ရှိကြောင်းနှင့် ပေါက်ကွဲမှုတစ်ရပ် ဖြစ်ပေါ်နိုင်ကြောင်း သိရှိရသည်။ ထိုသို့ ပေါက်ကွဲမှု ဖြစ်ပေါ်လာပါက အင်္ဂါဂြိုဟ် မျက်နှာပြင်ပေါ်တွင် ဖွဲ့စည်းဖြစ်တည်မှု အနေအထား အပြောင်းအလဲ ဖြစ်သွားနိုင်ပြီး သုတေသန လုပ်ငန်းစဉ်များလည်း ထိခိုက်သွားနိုင်ကြောင်း အာကာသ သုတေသန ပညာရှင် မိုက်ကယ် ဘရစ်တန်က ပြောကြားသည်။ ထိုသို့ အင်္ဂါဂြိုဟ် မျက်နှာပြင်တွင် ပေါက်ကွဲမှု တစ်ရပ်ဖြစ်ပေါ်ပါက သဘာဝပတ်ဝန်းကျင် အနေအထားလည်း ပြောင်းလဲမှုများ ဖြစ်ပေါ် သွားနိုင်သည်။ ထို့အပြင် သက်ရှိများ၏ နေထိုင် အသက်ရှင်ခွင့်အပေါ်လည်း ဆိုးကျိုးများ ဖြစ်ပေါ်သွားစေနိုင်ကြောင်း ၄င်းတို့က ဆက်လက် ပြောကြားသည်။ အင်္ဂါဂြိုဟ် မျက်နှာပြင်မှ ယူဆောင်လာသော ကျောက်တုံးများ၏ အပူချိန်သည် လက်ရှိ ကျူရီရိုစီတီ လေ့လာရေးယာဉ်မှ လေ့လာလျက်ရှိသည့် ကျောက်တုံး၏ အပူချိန်နှင့် တူညီလျက်ရှိသည်။ အင်္ဂါဂြိုဟ် မျက်နှာပြင် အတွင်းပိုင်း၌ သာမာန်ထက် အပူချိန်မြင့်မားနေခြင်းမှာ ပေါက်ကွဲမှုဖြစ်ပေါ်နိုင်သည်အထိ ဦးတည်နေကြောင်း ပြောကြားသည်။
khitlunge

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1