၂၀၁၂ ခုနှစ်မှာ ကမ္ဘာတစ်ဝှမ်းက နိုင်ငံရေး ကသောင်းကနင်းအဖြစ်အပျက်များကို ရှာ ဖွေထုတ်ဖေါ် ရေးသားခဲ့သည့် ဂျာနယ်လစ်များ အများအပြားသေဆုံးခဲ့ရသည့် နှစ်တစ်နှစ်ဖြစ်လာသည်။
ပြီးခဲ့သည့်နှစ်အတွင်း
တာဝန်ထမ်းဆောင်စဉ် သေဆုံးခဲ့ရသည့် ဂျာနယ်လစ်ဦးရေမှာ စစ်မြေပြင်
သတင်းထောက်ဦးရေထက် နိုင်ငံရေးသတင်းထောက်ဦးရေက ပိုမို များပြားကြောင်း
နိုင်ငံတကာဂျာနယ်လစ်များ ကာကွယ်ရေးကော်မီတီ၏ နောက်ဆုံးထုတ်အစီရင်ခံစာအရ
သိရသည်။
၂၀၁၂
ခုနှစ် အတွင်း ကမ္ဘာတလွှား ဂျာနယ်လစ် ၆၇ ဦးသေဆုံးခဲ့ပြီး ယင်းတို့အနက် ၂၈
ဦးမှာ ဆီးရီးယားတွင် သေဆုံးခဲ့ ကြရခြင်းဖြစ်သည်။ သေဆုံးသူအများစုမှာ
ဌာနေသတင်းထောက်များနှင့် ဓါတ်ပုံသတင်းထောက်များဖြစ်၍ နိုင်ငံခြားသား ၆ % သာ
ပါဝင်သည်။
ကမ္ဘာတစ်ဝှမ်း နှစ်စဉ်သေဆုံးခဲ့ကြသည့် ဌာနေသတင်းထောက်အများစုမှာ ၄င်းတို့နိုင်ငံအတွင်း၌ပင် အသတ်ခံခဲ့ကြရခြင်းဖြစ် သည်။ ထိုသတင်းထောက်များမှာ
မိမိတို့နိုင်ငံတွင်းမှ နိုင်ငံရေးသတင်းများ၊
လူ့အခွင့်အရေးချိုးဖေါက်ခံရသည့် သတင်း များ၊ နိုင်ငံရေးသမားများနှင့်
အစိုးရအဖွဲ့ဝင် များ၏ အကျင့်ပျက်ခြစားမှု သတင်းများကို ရှာဖွေထုတ်ဖေါ်
ရေးသားခဲ့ကြသည့် အတွက် သတင်း ရေးသားဖေါ်ထုတ်ခံရသည့် လူပုဂ္ဂိုလ်၊
အဖွဲ့အစည်းများက မကျေနပ်၍ လုပ်ကြံသတ်ဖြတ် ခဲ့ကြသဖြင့်
သေဆုံးခဲ့ရခြင်းဖြစ်သည်။
ဆီးရီးယားပြည်တွင်းစစ်ကဲ့သို့အဖြစ်အပျက်များက
ဂျာနယ်လစ်တို့၏ နှလုံးသည်းပွတ်ကို ဆွဲကိုင်လှုပ်ရမ်း လာသဖြင့် ဂျာနယ်လစ်
အများအပြား စစ်ပွဲများ၊ ပဋိပက္ခများနှင့် နိုင်ငံရေး
အရှုပ်အထွေးများရှိရာသို့ မိမိအန္တရာယ်ကို အမှုမထားဘဲ မရောက်ရောက်အောင်သွား၍ သတင်းရေးသား ဖေါ်ထုတ် ခဲ့ကြသဖြင့် ပေးဆပ်ခဲ့ရခြင်းဖြစ်သည်။
မိမိတို့နိုင်ငံအတွင်း
နိုင်ငံရေးအရအကျင့်ပျက်ခြစားမှုများ၊ ၄င်းတို့၏အဖွဲ့အစည်းအတွင်းမှ
ကျော်မကောင်း ကြား မကောင်းသောဖြစ် ရပ်များ၊ လူ့အခွင့်အရေးချိုးဖေါက်မှုများ
စသည့်သတင်းများ ကို ဖေါ်ထုတ်ရေး သားနေကြသည့် ဂျာနယ်လစ်များမှာ
အန္တရာယ်အမျိုးမျိုးနှင့် တွေ့ကြုံရင်ဆိုင် နေကြရပါသည်။
ကမ္ဘာပေါ်ရှိနိုင်ငံအချို့တွင်
လူသတ်မှုများကိုစနစ်တကျကျုးလွန်ပြီး ကိုယ့်ကိုယ်ကိုယ်နိုင်ငံရေး
သမားခံယူထား သူများရှိ သလို နိုင်ငံရေး အုပ်စုများနှင့် ချိတ်ဆက်ပြီး
လှုပ်ရှားနေကြသည့် ဒုစရိုက်အဖွဲ့ အစည်းများ နှင့် နိုင်ငံရေးအသွင်
တစ်မျိုးမျိုးကို ဗန်းပြပြီး လက်နက်ကိုင်လှုပ်ရှားနေကြသူများ လည်းရှိပါသည်။
ဂျာနယ်လစ်များအားသတ်ဖြတ်နေကြသည့်
အကြမ်းဖက်လုပ်ရပ်ကျူးလွန်သူများကို ဥပဒေအရအရေးယူ ဆောင်ရွက်ခြင်း
မပြုနိုင်ပါက ကမ္ဘာ့အကြမ်းဖက်သမားများကို သွယ်ဝိုက်၍
အဆိပ်ပင်ရေလောင်းပေးသည့်နှယ် ရှိနေတော့မည်။
ကျော်ဇင်ထွန်း (မြစ်မခ)
No comments:
Post a Comment