Tuesday, January 8, 2013

တာချီလိတ်မြို့အနီး ယာဘအလုံးရေ သုံးသိန်းဝန်းကျင် ဖမ်းဆီးမိ

Ever November | 1/08/2013 05:10:00 PM | Best Blogger Tips

ရှမ်းပြည်အရှေ့ပိုင်းတာချီလိတ်မြို့အနီးထိုင်းမြန်မာနယ်စပ်၌မူးယစ်သယ်ဆောင်လာသူများနှင့်ထိုင်း
နယ်ခြားစောင့်တပ် တိုက်ပွဲငယ်ဖြစ် ပွားခဲ့ကြောင်း သိရသည်။

 ဇန်န၀ါရီလ(၆)ရက်နေ့ နံနက်ပိုင်းတွင် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မူးယစ်သယ်ဆောင်လာသူ (၄)ဦးအား အသေဖမ်းဆီး ရမိကြောင်းနှင့် ၄င်းတို့နှင့်အတူ  M 16 မောင်းပြန် ရိုင်ဖယ်တစ်လက်၊ ယာဘ ခေါ် စိတ်ကြွဆေးပြား ၂ သိန်း ၈ သောင်း သိမ်းဆည်းရမိခဲ့ကြောင်း နယ်စပ်အာဏာပိုင်များထံက သိရသည်။

 ပြည်သူ့စစ်ခေါင်းဆောင် ဗိုလ်မှူးယီဆေးအုပ်ချူပ်ထားသည့် နယ်မြေမူးယစ်သယ်ဆောင် လာသူ များမှာ တောလမ်းအတိုင်း ထိုင်းဘက်သို့ မူးယစ်သယ်ဆောင်လာရာ ချင်းရိုင်းခရိုင် မယ့်ဖါ့လုံမြို့နယ် မယ်စလောင်းနိုင်း  ကျေးရွာအုပ်စုအတွင်းရှိ ဘန့်အားမဲရွာအနီး၌ နယ်ခြားစောင့်တပ်များနှင့် တိုက်ပွဲဖြစ် ပွားခဲ့ရခြင်းဖြစ်သည်။

 “မယ့်စလောင်းချောင်းဖျားဖက်ကနေ ၀င်လာကြတယ်၊ ဒီပစ္စည်းတွေဟာ ဗိုလ်မှူး ယီဆေး ဟာတွေဖြစ်ပြီး ထိုင်းနယ်ခြား စောင့် တပ်ဖွဲ့နဲ့ ရင်ဆိုင်တိုက်ပွဲဖြစ်ခဲ့တာပါ “ ဟု နယ်ခြားစောင့်တပ်မှ တာဝန်ရှိသူတစ်ဦးက ထိုင်းဘာသာဖြင့်ပြောသည်။

 ထိုင်းနယ်ခြားစောင့်တပ်ဖွဲ့ဝင်များအနေဖြင့် ကင်းလှည့်စဉ် ထိုင်းနိုင်ငံသို့ ၀င်လာသည့့်  မူးယစ်ဆေး ၀ါး သယ်ဆောင်လာသူ ၁၅ ဦးနှင့် ဆုံတွေ့ကာ မိနစ်(၂၀)အကြာ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းကိုလည်း သိရ သည်။

 ရှမ်းပြည်နယ်အတွင်း မူးယစ်စိုက်ပျိုးမှုမှာ ယခင်နှစ်များက ပိုမို စိုက်ပျိုးထုတ်လုပ်နေကြောင်း ရှမ်ပြည်နယ် မူးယစ်ဆေးဝါး စောင့်ကြည့်လေ့လာသူများအဖွဲ့က သိရသည်။

 “ဒီဖက်ပိုင်းမှာ အထုတ်လုပ်နိုင်ဆုံးက  ဦးယီဆေး အပြင်ကို လွိုင်ကော်ခမ်းအဖွဲ့ဆိုတာရှိတယ်၊ ပူနားကို အဖွဲ့ဆိုတာရှိတယ်၊ ပူနားကိုအဖွဲ့က နာမည်အကြီးဆုံးဖြစ်တယ်” ဟု ရှမ်းပြည်နယ် မူးယစ်ဆေးဝါး စောင့် ကြည့်လေ့လာသူ အဖွဲ့ခေါင်းဆောင် ဦးခွန်ဆိုင်း(ရှမ်းသံတော်ဆင့် အယ်ဒီတာချူပ်)က ဆိုသည်။

 အာဖဂန်နစ္စတန်နိုင်ငံပြီးနောက်  မူးယစ်ဆေးဝါး စိုက်ပျိုးထုတ်လုပ်မှုတွင် မြန်မာနိုင်ငံအနေဖြင့်   ဒုတိယ အဆင့်၌ ရှိနေဆဲဖြစ်ကြောင်း UNODC က ၂၀၁၂ ခုနှစ်အတွင်း ထုတ်ပြန်သည့် အစီရင်ခံစာအရ သိရ သည်။

အောင်အောင်(မြစ်မခ)

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1