အဆိုပါအဖွဲ့မှာ ဒီဇင်ဘာ(၂၁)ရက်နေ့က ရန်ကုန်သို့
ရောက်ရှိခဲ့ပြီး မန္တလေး၊ အင်းလေး၊ လွိုင်ကော်၊ ပုဂံနှင့် မကွေး
မြို့များသို့ သွားရောက် မီးပုံးပျံစီး၍ အလွှတ်ခုန်ခြင်းများပြုလုပ်ခဲ့ပြီး
ယခု အကြိမ်လာ ရောက်စီးနှင်းမှုတွင် ဂျာမနီ၊ ပြင်သစ်၊ ဗြိတိန်နိုင်ငံသား
(၂၈)ဦးပါဝင်ခဲ့ကြောင်း သိရှိရသည်။
"အပျော်သက်သက်
လာစီးတာပါ။ နှစ်စဉ်လာရောက် စီးနင်းကြလေ့ရှိတယ်။ဒါက နိုင်ငံရဲ့ ခရီးသွား
လုပ်ငန်း ပိုမိုတိုးတက်လာမှုကိုလည်း အထောက်အကူပြုတယ်။"ဟု အဆိုပါ
အဖွဲ့နှင့်အတူ နှစ်စဉ် ပါဝင်ခဲ့သော ဧည့်လမ်းညွှန် ဦးဝေလွန်က ပြောသည်။
ထိုကဲ့သို့
မီးပုံးပျံစီးအလွှတ်ခုန်ခြင်းအတွက် နှစ်စဉ်လာရောက်ရခြင်းမှာ ဒေသခံများ၏
နွေးထွေးစွာ ဆက်ဆံမူ၊ ကူညီမူ၊ သဘာဝပတ်ဝန်းကျင် ရှု့ခင်းများ
ကောင်းမွန်သည့်အတွက်ကြောင့်ဖြစ်ကြောင်း ကိုလည်း၎င်းက ဆိုသည်။
"နှစ်တိုင်း
ဒီအချိန် (နှစ်ကုန်ပိုင်း)ဆို လာစီးတာတွေ့ရတယ်။ အမြင့်ကို
မီးပုံးပျံနဲ့လိုက်သွားကြတယ်။ ပြီးတော့ အပေါ်ကနေ ခုန်ချတယ်။ စိတ်ဝင်စားဖို့
ကောင်းတယ်။"ဟု ပုဂံ- ညောင်ဦးမှ ဒေသခံ ကိုမင်းနိုင်အောင်က ပြောသည်။
Mr. Peter
Blaser ဦးဆောင်သည့် အဖွဲ့သည် အပျော်မီးပုံးပျံစီး အလွှတ်ခုန်ခြင်းကို
နှစ်စဉ် ဒီဇင်ဘာလ ကုန်ပိုင်းနှင့် ဇန်န၀ါရီလဆန်းပိုင်းအတွင်း
လာရောက်စီးနင်းလေ့ရှိပြီး ယခုအကြိမ်မှာ (၁၅)ကြိမ်မြောက် ဖြစ်ကြောင်းကိုလည်း
သိရှိရသည်။
အဆိုပါ အဖွဲ့၏ မီးပုံးပျံများမှာ အရွယ်အစား ကုဗမီတာ ၃၀၀၀ နှင့် အလေးချိန် ၃၀၀ ကီလို ဂရမ် ရှိကြောင်း သိရသည်။
ယမင်း (မြစ်မခ)
No comments:
Post a Comment