Tuesday, January 8, 2013

Mobile Banking စနစ် အကောင်အထည်ဖော်ရန် သမ၀ါယမဘဏ်က အဆင်သင့်ရှိဟုဆို

Ever November | 1/08/2013 05:30:00 PM | Best Blogger Tips

Mobile Banking စနစ်ကို အကောင်အထည်ဖော်ရန် စီစဉ်ဆောင်ရွက်လျက်ရှိရာ သမ၀ါယမဘဏ်အနေဖြင့် အဆင်သင့်အနေအထားရှိကြောင်း အဆိုပါဘဏ်မှ တာဝန်ရှိသူကပြောသည်။

Mobile Banking စနစ်ကို သမ၀ါယမဘဏ်၊ ဧရာဝတီဘဏ် အစရှိသည့် ဘဏ်အချို့က အကောင်အထည်ဖော်ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ “သမ၀ါယမဘဏ်အနေနဲ့ ဗဟိုဘဏ်ကို တင်ပြထားပြီး ဖြစ်ပါတယ်။ ခွင့်ပြုချက်ရရှိတာနဲ့ အကောင်အထည်ဖော်သွားမှာပါ” ဟု အထက်ပါတာဝန်ရှိသူကပြောသည်။ Mobile Banking ကို ကျေးလက်ဒေသများတွင်လည်း အကောင်အထည်ဖော်သွားမည်ဖြစ်ပြီး ကျေးရွာများ၌ ကိုယ်စားလှယ်များ ထားရှိမည်ဖြစ်ကြောင်း၊ ၎င်းကိုယ်စားလှယ်များမှတစ်ဆင့် ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။ Mobile Banking ဆောင်ရွက်ရန် မိုဘိုင်းဖုန်းတစ်လုံးနှင့် ဘဏ်အကောင့် တစ်ခုစီ ရှိရမည်ဖြစ်သည်။ “ကျေးရွာတွေမှာ ငွေလွှဲမယ်ဆိုရင် ကိုယ်စားလှယ်တွေရှိတယ်။ အဲဒီကိုယ်စားလှယ်တွေဆီ သွားရမယ်။ ကိုယ်စားလှယ်ဆီမှာရှိတဲ့ အကောင့်ထဲကနေ လွှဲပေးမှာဖြစ်ပါတယ်။ မိုဘိုင်းဖုန်းအသုံးပြုပြီး Account Transfer လုပ်တဲ့သဘောဖြစ်တယ်” ဟု ၎င်းတာဝန်ရှိသူကပြောကြားသည်။ ဘဏ်အချို့ကို Pilot Project အဖြစ် စတင်ဆောင်ရွက်စေပြီး အဆိုပါစနစ်ကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ Mobile Banking ကို မိုဘိုင်းဖုန်းများကို အသုံးပြု၍ Balance Checks, Account Transcation, Payments, Credit Applications များနှင့် အခြား ဘဏ်လုပ်ငန်းဆိုင်ရာ ကိစ္စရပ်များကို ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။ 
ရေးသားသူ -ထွန်းထွန်း
Internet Journal

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1