Tuesday, January 8, 2013

အွန်လိုင်းမှတစ်ဆင့် Skype အကောင့် ငွေဖြည့်သွင်းနိုင်မည်

Ever November | 1/08/2013 05:14:00 PM | Best Blogger Tips

အွန်လိုင်းမှတစ်ဆင့် Skype အကောင့်ကို ငွေဖြည့်သွင်းနိုင်မည်ဖြစ်ကြောင်း သိရသည်။ အဆိုပါဝန်ဆောင်မှုကို www.mmskype.com မှပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။

www.mmskype.com website ကို ဇန်န၀ါရီ ၁ ရက်မှ စတင်လွှင့်တင်ခြင်းဖြစ်ပြီး ငွေဖြည့်သွင်းရာတွင် 5 USD မှစ၍ ဖြည့်သွင်းနိုင်မည်ဖြစ်ကြောင်း သိရသည်။ “ ပြည်တွင်း Skype အသုံးပြုသူတွေကို အွန်လိုင်းကနေ တိုက်ရိုက် ငွေဖြည့်ပေးနိုင်မယ့် ၀က်ဘ်ဆိုက်တစ်ခုဖြစ်ပါတယ်။ www.mmskype.com ကနေ ငွေပေးချေစဉ်အတောအတွင်း Skype Username ကို တစ်ခါတည်း ထည့်ပေးဖို့ လိုအပ်ပါတယ်။ ငွေပေးချေစနစ်ကိုတော့ Myanpay ကို အသုံးပြု ငွေပေးချေရမှာဖြစ်ပါတယ်။ ငွေပေးချေပြီးတာနဲ့ အသုံးပြုသူရဲ့ Skype အကောင့်ထဲကို Skype Credit ရောက်ရှိလာမှာ ဖြစ်ပါတယ်။ ၀က်ဘ်ဆိုက်ဝန်ဆောင်မှုကို အလွယ်တကူ မေးမြန်းနိုင်ဖို့ Live Chat ကိုလည်း ထည့်သွင်းထားပါတယ်” ဟု အဆိုပါ Website ၏ တာဝန်ရှိသူကပြောသည်။ ထို့အပြင် အင်တာနက်ဆိုင်များအတွက် ပိုမိုအဆင်ပြေနိုင်သည့် Skype Credit Plan များကိုလည်း ထည့်သွင်းထားကြောင်း သိရသည်။ အဆိုပါ Plan များမှာ Unlimited Country Plan နှင့် Unlimited World Plan တို့ဖြစ်ကြောင်း သိရသည်။ Unlimited Country Plan တွင် နိုင်ငံတစ်နိုင်ငံသို့ တစ်လအတွင်း အကြိမ်ရေအတွက်၊ မိနစ်အကန့်အသတ်မရှိ ဖုန်းခေါ်ဆိုနိုင်မည်ဖြစ်ပြီး နိုင်ငံရွေးချယ် ၀ယ်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။ Unlimited World Plan တွင် ကမ္ဘာ့နိုင်ငံပေါင်း ၁၈၀ ကျော်ကို တစ်လအတွင်း အကြိမ်ရေ၊ မိနစ်အကန့်အသတ်မရှိ ခေါ်ဆိုနိုင်မည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ အွန်လိုင်းမှ Skype အကောင့်အား ငွေဖြည့်ခြင်းဝန်ဆောင်မှုကို ၀က်ဘ်ဆိုက်မှ ပထမဦးဆုံး ပြုလုပ်ခြင်းဖြစ်ပြီး ၀န်ဆောင်မှုနှင့်ပတ်သက်သည့် အချက်အလက်များကို www.mmskype.com တွင် ကြည့်ရှုနိုင်မည်ဖြစ်သည်။ 
ရေးသားသူ -မိုးသူ
Internet Journal

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1