Tuesday, January 8, 2013

Sony Xperia T

Ever November | 1/08/2013 05:37:00 PM | Best Blogger Tips

Network
GSM ကွန်ရက်စနစ်သုံး ဖုန်းဖြစ်ပါတယ်။ 2G, 3G ကွန်ရက် နှစ်မျိုးစလုံးမှာ အသုံးပြုနိုင်မယ့် ဖုန်းအမျိုးအစားပါ။

EDGE, GPRS, HSDPA, HSUPA အစရှိတဲ့ စနစ်တွေကို အသုံးပြုနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် ၀ိုင်ယာလက်အင်တာနက် ချိတ်ဆက်အသုံးပြုနိုင်ဖို့အတွက်လည်း WiFi စနစ် ပါဝင်ပါသေးတယ်။ EDGE စနစ်အတွက်ကတော့ Up to 236.8 kbps ထိ ရရှိနိုင်မှာဖြစ်ပြီး GPRS စနစ်အတွက်တော့ Up to 70.4 kbps ထိ ရရှိနိုင်မယ်လို့ ဆိုပါတယ်။ Bluetooth 3.1 With A2DP စနစ်နဲ့ USB 2.0 စနစ်တွေကို အသုံးပြုနိုင်မယ်လို့ ဆိုပါတယ်။

Sensor & Chipset
Sensor စနစ်တွေကို ပြည့်ပြည့်စုံစုံ ထည့်သွင်းပေးထားတာ တွေ့ရပါတယ်။ Sensor စနစ်တွေအနေနဲ့ကတော့ ဖုန်းရဲ့ Screen ကို အလိုအလျောက် လှည့်ပေးနိုင်မယ့် Accelerometer Sensor ကို ထည့်သွင်းပေးထားတဲ့အပြင် ပိုမိုတိကျတဲ့ Screen လှည့်ပြောင်းခြင်းတွေကို ပြုလုပ်ပေးနိုင်မယ့် Gyro Sensor စနစ်ကိုလည်း ထည့်သွင်းပေးထားတာ တွေ့ရပါတယ်။ ဖုန်းပြောနေချိန်မှာ Screen ကို အလိုအလျောက် ပိတ်ထားပေးနိုင်မယ့် Proximity Sensor စနစ်နဲ့ တည်ရပ်ညွှန်းထောင့်တွေကို တွက်ချက်ပေးနိုင်မယ့် Compass Sensor စနစ်တွေကို ထည့်သွင်းပေးထားတာ တွေ့ရပါတယ်။

CPU & GPU
CPU ကတော့ Dual Core 1.5GHz Krait CPU ကို ထည့်သွင်းအသုံးပြုပေးထားတာ ဖြစ်တဲ့အတွက် ဖုန်းရဲ့ လုပ်ဆောင်ချက်အပိုင်းတွေမှာ မြန်ဆန်ချောမွေ့မှုကတော့ ရှိနေမှာဖြစ်ပါတယ်။ Dual Core CPU တွေဟာ နောက်ပိုင်းထွက် ဖုန်းတော်တော်များများမှာ ထည့်သွင်းအသုံးပြုလာခဲ့တဲ့ CPU စနစ်တစ်ခုဖြစ်ပါတယ်။ ဓာတ်ပုံတွေ၊ ရုပ်ရှင်တွေနဲ့  အခြားဂရပ်ဖစ်ပိုင်းဆိုင်ရာ ပုံရိပ်တွေအတွက် ဂရပ်ဖစ် GPU ကတော့ Adreno 225 GPU ကို အသုံးပြုပေးထားတာ တွေ့ရပါတယ်။ Sony ရဲ့ ဂရပ်ဖစ်အင်ဂျင် နည်းပညာတစ်ခုဖြစ်တဲ့ BRAVIA Engine စနစ်ကိုလည်း ထည့်သွင်းပေးထားပါတယ်။

OS
OS ကတော့ Android OS အမျိုးအစားဖြစ်ပြီး Version ကတော့ 4.0.4 ICS အမျိုးအစားကို အသုံးပြုထားတာဖြစ်ပြီး အသစ်ထွက်လာတဲ့ Version 4.1 Jelly Bean ကိုလည်း Upgrade ပြုလုပ်ခွင့် ပေးထားမှာဖြစ်ပါတယ်။

Camera
ကင်မရာကတော့ 13 Megapixel ရှိတဲ့ ကင်မရာကို တပ်ဆင်ပေးထားပါတယ်။ Pixel Resolution တွေအနေနဲ့ကတော့ 4128x3096 Pixel ထိ အသုံးပြုနိုင်မှာပါ။ ပုံရိပ်ကို အလိုအလျောက်ဖတ်နိုင်မယ့် Auto Focus, ဓာတ်ပုံရိုက်ချိန်မှာ တည်ရပ်နဲ့ လတ္တီတွဒ်၊ လောင်ဂျီတွဒ်တွေကို မှတ်သားနိုင်မယ့် Geo-tagging, Touch Screen ပေါ်မှာ Focus ကိုထောက်ပြီး အသုံးပြုနိုင်မယ့် Touch Focus, ဓာတ်ပုံရိုက်ခံသူရဲ့ မျက်နှာကို ကြည်လင်ပြတ်သားမှုရှိအောင် ဖမ်းယူနိုင်မယ့် Face Detection စနစ်တွေ ပါဝင်ပါတယ်။ Dual ကင်မရာစနစ်ကို အသုံးပြုနိုင်မှာဖြစ်ပြီး 1.3 Megapixel ရှိတဲ့ ရှေ့ကင်မရာ ပါဝင်ပါတယ်။

Dimensions & Weight
ဖုန်းရဲ့အရွယ်အစားကတော့ အမြင့် 129.4mm ရှိပြီး ဘေးတိုက်မျက်နှာပြင် အကျယ်အ၀န်းအနေနဲ့ကတော့ 67.3mm ရှိပါတယ်။ ထုကတော့ 9.4mm ရှိပါတယ်။

Screen
Screen အရွယ်အစားကတော့ ၄.၅၅ လက်မရှိပါတယ်။ Screen Pixel တွေအနေနဲ့တော့ 720x1280 Pixel ဖြစ်ပြီး အသုံးပြုထားတဲ့ Screen အမျိုးအစားကတော့ TFT Capacitive Touch Screen အမျိုးအစားကို အသုံးပြုထားတာဖြစ်ပါတယ်။ Screen ရဲ့ အကြမ်းခံမှုအတွက်လည်း ပြုလုပ်ပေးထားပြီး Shatter proof and scratch-resistant glass ကို အသုံးပြုထားတာ တွေ့ရပါတယ်။

Multimedia
Multimedia စနစ်တွေနဲ့ ဖုန်းတွင်းအသုံးပြုနိုင်မှု စနစ်တွေကတော့ 50 GB of Cloud storage (time limited offer), SNS integration, TV-out, MP4, WMV player, MP3, WMA, Flac player, Document viewer, Photo viewer/editor, Voice memo/dial အစရှိတဲ့ စနစ်တွေကို အသုံးပြုနိုင်မယ်လို့ ဖော်ပြထားတာ တွေ့ရပါတယ်။

Memory
မှတ်ဉာဏ်အနေနဲ့တော့ Internal Memory 16GB ပါဝင်ပါတယ်။ RAM အနေနဲ့ကတော့ 1GB RAM ပါဝင်ပါတယ်။ နောက်ထပ် Memory ထပ်တိုး အသုံးပြုနိုင်ဖို့အတွက်လည်း Card Slot ပါဝင်မှာဖြစ်ပြီး Micro SD Card 32GB ထိ ထပ်တိုးအသုံးပြုနိုင်မှာပါ။
ရေးသားသူ -ကိုသက်
Internet Journal

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1