ထောင်တွင်းတွင်
 AIDS ရောဂါဝေဒနာရှင်များ ရှိနေသည်ဟု မီဒီယာသို့ပြောခဲ့သည့်အထက်ဗမာပြည် 
ငြိမ်းချမ်းရေးကွန်ယက်မှကိုအေးသိန်း ၊ ကုန်ဈေးနှုန်းကျဆင်းရေးမှ 
သိန်းအောင်မြင့်နှင့် ရှေ့နေဦးမြင့်သွင်တို့ကို အိုးဘို အကျဉ်းထောင်သို့ 
ခေါ်ယူတွေ့ဆုံခဲ့ခြင်းဖြစ်သည်။
	“
 ကျွန်တော်တို့ကို ထောင်ထဲကို လိုက်ခဲ့ဖို့ဆိုပြီးခေါ်တယ် ၊ 
ဧရာဝတီကိုကျွန်တော်တို့ပြောလိုက်တဲ့ သတင်းနဲ့ ပတ်သက်လို့ စစ်မေးစရာရှိတယ် 
ဆိုပြီးပြောတော့ ကျွန်တော်တို့က မီဒီယာသမားတွေ အရှေ့မှာပဲဆွေးနွေးမယ် 
ဆိုတော့ သူတို့က မီဒီယာသမားတွေရှေ့မှာ မလုပ်နိုင်ဘူးဆိုတော 
့အစီအစဉ်ပျက်သွားပြီး ပြန်လာခဲ့ကြတယ် ” ဟု ကိုအေးသိန်းက 
ပြန်လည်ဖြေကြားခဲ့သည်။
	မန္တလေးအိုးဘိုအကျဉ်းထောင်အတွင်း
 ART ဆေးသောက်သုံးနေရသူများရာဂဏန်းနီးပါးရှိနေပြီး တစ်ချို့မှာအတော်ကို 
စိုးရိမ်နေရသည့်အနေအထားတွင် ရှိနေကြောင်းအိုးဘိုအကျဉ်းထောင်မှ ပြန်လည် 
လွတ်မြောက်လာသူ ကိုအေးသိန်းကဆက်လက်ပြောကြားခဲ့သည်။
	“
 ကိုယ်သိတာတွေကိုတော့ ဖွင့်ပြောရမှာပဲ ၊ 
တစ်ချို့ကိစ္စတွေကိုနိုင်ငံတကာအဖွဲ့အစည်းတွေ အထိ ကျွန်တော် စာတင် ထားတယ် ” 
ဟု၎င်းက ဆက်လက်ပြောကြားသည်။
	ခေါ်ယူတွေ့ဆုံခြင်းခံရသူထဲတွင်တစ်ဦးအပါအ၀င်ဖြစ်သည့်သိန်းအောင်မြင့်ကယခုလို ခေါ်ယူစစ်ဆေးခြင်းမှာ 
စစ်အစိုးရလက်ထက်ကပုံစံများအတိုင်းပြုလုပ်နေခြင်းဖြစ်ပြီး သတင်းများပြောခဲ့၍
 ခြိမ်းခြောက်မှုမျိုးပြုလုပ်သည်ဟုသာ ထင်မြင်ကြောင်း ၎င်း၏အမြင်ကို 
ပြောကြားခဲ့သည်။
	“ မကြောက်ပါဘူး ၊ အမှန်အတိုင်းပဲပြောရမှာပါ ၊ ဒါတွေကအရင်စစ်အစိုးရ လက်ထက်က ပုံစံတွေပါ ” ဟု သိန်းအောင်မြင့်က ပြောကြားခဲ့သည်။
	အဆိုပါကိစ္စနှင့်ပတ်သတ်၍ မြစ်မခမှမန္တလေးတိုင်းအကျဉ်းဦးစီးသို့ ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဆက်သွယ်၍ မရရှိခဲ့ပေ။
	ဧရာဝတီကသတင်းထောက်
 မန်းသားလေးအား အဆိုပါသတင်းရေးသားမှုနှင့်ပတ်သက်၍ 
အရေးယူဆောင်ရွက်ခြင်းရှိမရှိ ဆက်သွယ်မေးမြန်းရာ သက်ဆိုင်ရာမှ ၄င်းအား 
ဆက်သွယ်ခြင်းမရှိဟု ဖြေကြားထားသည်။
မင်းမင်းလတ်-မန္တလေး(မြစ်မခ) 

No comments:
Post a Comment