Saturday, March 9, 2013

ဆွာရက်ဇ်ကို လုပ်ခလစာ ခံစားခွင့် တိုးမြှင့် ပေးလိုက်သည့် လီဗာပူးလ်

Ever November | 3/09/2013 10:39:00 AM | Best Blogger Tips

လီဗာပူးလ် အသင်းသည် အဓိက တိုက်စစ်မှူး လူးဝစ်ဆွာရက်ဇ်ကို လက်ရှိ လုပ်ခ၏ (၅၀)ရာခိုင်နှုန်းထိ တိုးမြှင့် ခံစားခွင့် ပေးလိုက်ပြီ ဖြစ်ကြောင်း သိရှိရသည်။
ထို့ကြောင့်လည်း အသက်(၂၆)နှစ်အရွယ် ဥရုဂွေး လက်ရွေးစင်သည် အန်းဖီးလ်တွင် တစ်ပတ်လုပ်ခ ပေါင်စတာလင် (၁၂၀၀၀၀)ထိ ခံစားခွင့် ရှိလာပြီ ဖြစ်သည်။ ယခင်က လီဗာပူးလ်သည် ဆွာရက်ဇ်ကို တစ်ပတ် ပေါင်စတာလင် (၈၀၀၀၀) လုပ်ခဖြင့် စာချုပ် ထားခဲ့သည်။ ယခုရာသီ ဆွာရက်ဇ်သည် လီဗာပူးလ်တွင် အထူးခြေစွမ်းပြနေသလို ပရီးမီးယားလိဂ်တွင် (၂၁)ဂိုး သွင်းယူကာ ဂိုးသွင်း အများဆုံး နေရာတွင် ဦးဆောင်နေသည်။ ၎င်းကို ရာသီကုန်တွင် ခေါ်ယူရန် ဥရောပ ထိပ်တန်း ကလပ်အသင်း အချို့က စိတ်ဝင်စား လာသည့်နောက် လီဗာပူးလ်က ဆွာရက်ဇ်အား ဆက်ထိန်းရေး အတွက် လစာ တိုးမြှင့်ပေးခဲ့ခြင်း ဖြစ်သည်။
ဆွာရက်ဇ်သည် လီဗာပူးလ်နှင့် စာချုပ်သစ် အဖြစ် တစ်ပတ် ပေါင်စတာလင် (၄၀၀၀၀)မှ ပေါင်စတာလင် (၈၀၀၀၀)သို့ တိုးမြှင့် ရရှိရန် ပြီးခဲ့သည့် နွေရာသီကမှ လက်မှတ် ရေးထိုးခဲ့သည်။ ဆွာရက်ဇ်သည် ယခုရာသီ ပရီးမီးယားလိဂ်တွင် ပွဲပယ်ခံရသည့် ဝက်စ်ဟမ်း ယူနိုက်တက်နှင့် တစ်ပွဲသာ လီဗာပူးလ် အတွက် လွဲချော်ပြီး ကျန်ပွဲစဉ် အားလုံး ပါဝင် ကစားပေးခဲ့သည်။ လီဗာပူးလ် အသင်းကို ပိုင်ဆိုင်သည့် အမေရိကန် လုပ်ငန်းစု FSGသည် ကစားသမားများ၏ လုပ်ခလစာကို ကန့်သတ်ရန် ဆန္ဒရှိသော်လည်း ဆွာရက်ဇ်အတွက် လုပ်ခ တိုးမြှင့်ပေးရန် ကလပ်အသင်း၏ အစီအစဉ်ကိုမူ လိုက်လျော သဘောတူညီခဲ့ကြောင်း သိရှိရသည်။ ဆွာရက်ဇ်သည် လီဗာပူးလ်တွင် ပွဲကောင်း(၉၀) ကစားကာ (၄၉)ဂိုး သွင်းယူပေးပြီး ဖြစ်သည်။  
Ref: The Sun
soccer myanmar

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1