မတ်
 လ ၈ ရက်နေ့ မှ ၁၁ ရက် အတွင်း လှည့်စားခြင်း ခံရမည်။ သတိထားပါ။ အချစ်ရေးမှာ
 ချစ်သူရဲ့ လှည့်စားခြင်း ခံရမည်။ စီးပွားရေးသမားများ လူလိမ် 
ငွေလိမ်ခံရမည်။ ဈေးကွက်လှည့်စားခြင်းခံရမည်။ လူယုံမထားသင့်ပါ။ 
အိမ်ထောင်ရှိသူ များ အိမ်ထောင်ဖက်ရဲ့ လှည့်စားခြင်းခံရမည်။ လမ်းအသွားအလာ 
ဂရုစိုက်ပါ။ ခိုက်မိ တိုက်မိခြင်းခံရမည်။ အလောင်းအစား လုံးဝ ရှောင်ပါ။ 
စက်ပစ္စည်း ၊ ရွှေ ကျောက်  ဂရုစိုက် ဝယ်ပါ။ အဝယ်မှားတတ်သည်။ 
	မတ်လ
 ၁၂ ရက်မှ ၁၄ ရက် အတွင်း ကံကောင်းမှု အဆင်ပြေမှု 
အောင်မြင်မှုတိုးတက်မှုများဖြစ်မည်။ ငွေကြေးပြေလည်မှု အလုပ်အကိုင် အဆင်ပြေမှု 
ကူညီသူပေါ်ခြင်း  ကိုယ်က 
ကူညီမှုကြောင့် တစ်ပါးသူများလည်း အောင်မြင်မှုဖြစ်မည်။ စီးပွားရေး 
လုပ်ငန်းတစ်ခု ၊ လမ်းခရီး သစ်တစ်ခု ထွက်ခွာမှု့ အောင်မြင်မည်။ တစ်ခုတော့ 
ဆင်ခြင်ပါ။ ဘုမ္မိအရပ်ဖြစ်သော တောင်အရပ်သို့ မျက်နှာမူပြီး စဉ်းစားခြင်း 
တွေးခေါ်ခြင်း လုပ်ကိုင်ခြင်းမပြုသင့်ပါ။
	အကျိုးပေးသောနံပါတ်            - ၂၊ ၄၊ ၈ ။
	အထူးဟော               - စကားပြော ဆင်ခြင်ပါ။ 
	ယတြာ           - တနင်္ဂနွေ နေ့ မနက်တွင် အရှေ့မြောက် အရပ်သို့သွား၍ ငါးအရှင် သက်စေ့ လွှတ်ပါ။
	တနင်္လာ
	မတ်လ
 ၈ ရက် မှ ၁၀ ရက် အတွင်း စကားပြော ဆင်ခြင်ပါ။ အတိုက်အခံ များခြင်း ၊ 
အငြင်းအခုံ ပြောရခြင်း ၊ စကားအခြေအတင်ပြောရခြင်း ၊ ငွေကြေးစကားပြောရခြင်း 
မရည်ရွယ်ဘဲ ရုတ်တရက်ခရီးသွား ရခြင်း ဖြစ်မည်။ မိသားစု အတွက် စိတ်ချမ်းသာမှု 
ကြုံမည်။ အချစ်ရေးတွင်လည်း စိတ်ချမ်းသာမှုရမည်။ ချစ်သူထံမှ ဝမ်းသာစရာ 
သတင်းစကားကြားရမည်။ လက်ဆောင်ရမည်။ ချစ်သူမှ ပြန်လာပြီး လက်ထပ်ရန် 
တောင်းဆိုလာမည်။ အလုပ်ကိစ္စလည်း ဝမ်းသာစရာ သတင်းကောင်းကြားရမည်။ ငွေရစရာ 
လမ်းများ မြင်သည်။ မိတ်ဆွေကောင်းက ကူညီမည်။ 
	မတ်လ
 ၁၁ ရက် မှ ၁၄ ရက်အတွင်း စက်ပစ္စည်း ဝင်မည်။ ထွက်မည်။ 
စီးပွားလုပ်လျှင်အောင်မြင်မည်။ မိတ်ဆွေ အကူအညီ ကြောင့် သင့် 
လုပ်ငန်းအောင်မြင်မည်။ ကျန်းမာရေးကောင်းမည်။ သို့ပေမဲ့ ဝမ်း နှင့် ခြေတဖက် 
အနည်းငယ်ချူချာခြင်း ခိုက်မိခြင်း ဖြစ်တတ်သည်။ သူတစ်ပါး အတွက် ကူညီခြင်းကို
 သတိထားကူညီပါ။ စေတနာက ဝေဒနာဖြစ်တတ်သည်။ အလုပ်အကိုင်အဆင်ပြေမည်။ 
အိပ်မက်ဆန်ဆန် သင်ကံကောင်းလာလိမ့်မည်။ ထီထိုးဖြစ်အောင်ထိုးပါ။ တောင်အရပ် 
မျက်နှာ မူ၍ ထိုးရသော ဆိုင်ကိုထိုးပါ။
	အကျိုးပေးဂဏန်း         - ၃၊ ၆၊ ၉။
	အထူးဟော               -အထူးကံကောင်းမည်။
	ယတြာ           - ထူးခြားသောအောင်မြင်မှုရရန် တံခွန်ကုက္ကား အနီ ၁စုံကို တနင်္လာနေ့ နံနက် တွင် တနင်္လာနံဘုရားကိုလှူပါ။
	အင်္ဂါ
	မတ်လ
 ၈ ရက် မှ ၁၁ ရက် အတွင်း သင်၏ အသိုင်းအဝိုင်း သင်၏ အလုပ်ပတ်ဝန်းကျင် သင်၏ 
မိသားစု အသိုင်းအဝိုင်း တွင် မုသားမပါ လင်္ကာမချောဆိုသလို လုပ်ငန်းသဘောအရ 
အလုပ်ချောမွေ့စေရန် ရည်ရွယ်ပြီး လွယ်လွယ်ပြောလိုက်မှုများ လိမ်လည်ပြောဆို 
လိုက်ရမှုများ ပြုရတတ်သည်။ အလိမ်ပေါ်၍ ပြဿနာတက်ရတတ်သည်။ ဂရိုစိုက်ပါ။ 
အချစ်ရေးမှာလည်း ပြဿနာတက်တတ်သည်။ အိမ်ထောင်ရေးမှာလည်း ပြဿနာတက်တတ်သည်။ 
သူတစ်ပါးအရှုပ်ကိုယ့်အရှုပ် ဖြစ်မည်။ ခရီးယာယီ မြင်သည်။ ရည်းစားအသစ် 
ချစ်သူအသစ် တွေ့မည်။ လုပ်ငန်း မှာ ရှုပ်မည်။ အန္တရာယ်လုံးဝ မရှိပါ။ အတိုက်အခံ
 ရန်ကြုံသော်လည်း ကျော်လွှားနိုင်မည်။ အာမခံ ခြင်းများ လုံးဝမပြုလုပ်သင့်ပါ။
 ငွေကြေးကိစ္စ ရှုပ်မည်။ 
	မတ်လ
 ၁၂ ရက်မှ ၁၄ ရက်ကြား အတိုက်အခံ ကြားမှ ပွတ်ကာသီကာ လွတ်မြောက်အောင်မြင်မည်။
 အကြီးအကဲ အထင်လွဲမှု့ မှ ပြန်အဆင်ပြေမည်။ ချစ်သူ၏ အငြိုငြင်ခြင်းခံရမည်။ 
ပြန်ပြေလည်မည်။ လူယုံမထားရ။ လူပေါင်းမှားမည်။ ခြေ ၊လက်ခိုက်မိတတ်သည်။ 
ကျန်းမာရေး အနည်းငယ် ဂရိုစိုက်ပါ။ သူတစ်ပါးကို စကားပြောရာမှာ 
ဆင်ခြင်ပြောရမည့်ကာလဖြစ်ပါသည်။
	အကျိုးပေးဂဏန်း         - ၃၊ ၅၊ ၀။
	အထူးဟော               - ကံကောင်းမှုရလာပါမည်။
	ယတြာ                     - အိမ်ဘုရားကို အုန်းဆွမ်းနှင့် အကြော် ကပ်လှူပါ။
	ဗုဒ္ဒဟူး
	မတ်လ
 ၈ ရက် မှ ၁၀ ရက်အတွင်း အလောတကြီး စိတ်မြန်စွာ ဆန္ဒစောပြီး မလုပ်သင့်ပါ။ 
အမှားအယွင်းဖြစ်တတ်ပါသည်။ အပေါင်းအသင်း တစ်ယောက်အတွက် သင်ဒုက္ခရောက်မည့် 
ကိစ္စ မလုပ်သင့်ပါ။ အားနာမှုမပြုသင့်ပါ။ စက် ၊ ရွှေ ၊ တစ်စုံတစ်ရာ ဝင်လာပါမည်။
 စာမေးပွဲ ဖြေဆိုမှုများအောင်မြင်မည်။ ထိခိုက်ရှနာ ဖြစ်ကိန်းရှိ၍ 
ယာဉ်အမြန်မမောင်းသင့်ပါ။ သူများကြား အရမ်းမဝင်သင့်ပါ။ အချစ်ရေးမှာ ချစ်သူ 
အလို မလိုက် သင့်ပါ။ လူခင်ခြင်း စိတ်ဝမ်းကွဲ မည်။ အလုပ်ကိစ္စ ဖြင့် ခရီးထွက်
 နေမည်။ 
	မတ်လ
 ၁၁ ရက်မှ ၁၄ ရက်ကြား စွန့်စားမှု့ စူးစမ်းမှုများ ဂရုစိုက်ပါ။ 
သူများပြောတိုင်း မယုံသင့်ပါ။ မမျှော်လင့်ပဲ အိမ်ထောင်ကျကိန်းရှိ၍ 
ချစ်သူနှင့် အလည်မလွန်သင့်ပါ။ ပစ္စည်းပျောက်ခြင်း ငွေလိမ်ခံရခြင်းဖြစ်မည်။ 
	အကျိုးပေးဂဏန်း         - ၄၊ ၉၊ ၆။
	အထူးဟော               - ဆင်ခြင်မှုများ နှင့် ရှိနေပါ။
	ယတြာ           - တန်ခိုးကြီး ဘုရား ၏ ရင်ဘတ်တော်ကို ရွှေသင်္ကန်း ကပ်လှူပါ။
	ကြာသပတေး
	မတ်လ
 ၈ ရက်မှ ၁၁ ရက် အတွင်း သင်လုပ်ငန်း တခု စ၍ လုပ်သင့်ပါပြီ။ လုပ်လျှင်လည်း 
မုချ အောင်မြင်မည်။ မမျှော်လင့်ဘဲ သင့်လုပ်ငန်းပေါက်မည်။အောင်မြင်မည်။ 
စွန့်စားမှုများ စမ်းသပ်မှုများ လုပ်လိုက်ပါ။ သင်ချစ်နေသော သူကိုလည်း 
စွန့်စားစွာ ချစ်ခွင့်ပန်လိုက်ပါ အောင်မြင်မည်။ စက် ၊ ရွှေ တို့ ဝင်ခြင်း 
ထွက်ခြင်း ဖြစ်မည်။ ခရီးသွားစရာပေါ်မည်။ လမ်းခရီး အန္တရာယ်မရှိပါ။ သူများ 
ကြားအရမ်းမဝင်ပါ နှင့်။ အထင်လွဲခံရမည်။ အရှေ့မြောက်ဒေါင့် အရပ် သည် 
ဘုမ္မိအရပ်ဖြစ်၍ ဂရုစိုက်သွားပါ။ ဆွေမျိုးသားချင်း အတွက် စိတ်ရှုပ်ရတတ်သည်။ 
အင်တာဗျူးစာမေးပွဲ ဖြေဆိုပါ အမှတ်ကောင်းကောင်း နှင့်အောင်မြင်မည်။ 
	မတ်လ
 ၁၂ ရက် မှ ၁၄ ရက်နေ့အတွင်း ခရီးဝေး ရောက်မည်။ အလုပ်ရာထူး တက်ခြင်း 
လစာတိုးခြင်း လုပ်ငန်းတာဝန်ပြောင်းလဲ လုပ်ကိုင်ရခြင်းဖြစ်မည်။ 
ရစရာငွေတို့ရမည်။ သူတစ်ပါးအကျိုးဆောင်၍ ကိုယ့်အကျိုးအောင်ပါလိမ့်မည်။  
	အကျိုးပေးဂဏန်း         - ၂၊ ၇၊ ၉။
	အထူးဟော               - အောင်မြင်မည်။
	ယတြာ           - ကြာသပတေးနေ့နံနက်တွင် ဘုရားကို အောင်သပြေ (၁၉) ညွန့်လှူပါ။
	သောကြာ
	မတ်လ
 ၈ ရက်မှ ၁၀ ရက် အတွင်း လုပ်ငန်းစတင် ဆောင်ရွက်မှု့တို့ကောင်းမည်။ စာမေးပွဲ 
ဖြေဆိုမှု့ တို့ အထူးအောင်မြင်မည်။ အင်တာဗျူးတို့အောင်မြင်မည်။ အလုပ်အကိုင် 
အသစ်တွေ ရမည်။ ချစ်သူ အသစ်တွေ့မည်။ အချစ်ဟောင်း နှင့် အဆင်မပြေ ဖြစ်မည်။ 
ငွေကုန်ကျများမည်။ ခြေလက်အဖျားပိုင်း ခိုက်မိမည်။ မိသားစု အတွက် 
စိတ်ရှုပ်ရတတ်သည်။ 
	မတ်လ
 ၁၁ ရက်မှ ၁၄ ရက်ကြား အတိုက်အခံ တွေကျော်လွှားနိုင်မည်။ မလိုသူတို့ ပေါ်မည်။ 
အနိုင်ယူဖြစ်မည်။ စွန့်စားမှု့ တို့အောင်မြင်မည်။ ရှုပ်နေသော ပြဿနာ 
အမှုကိစ္စတို့ အနိုင်ရမည်။ လမ်းခရီး ဂရုစိုက်ပါ။ ခိုက်မိတတ်သည်။ 
	အကျိုးပေးဂဏန်း         - ၁၊ ၆၊ ၈။
	အထူးဟော               - ကံကောင်းသည်။
	ယတြာ           - သောကြာနေ့နံနက်တွင် အိမ်ဘုရားကို ဒန်း ၇ ညွန့် ကပ်လှူပါ။
	စနေ
	မတ်လ
 ၈ ရက် မှ ၁၀ ရက် အတွင်း လုပ်ငန်း ဆောင်ရွက်မှု့များ ကြံစည်စိတ်ကူးမှု့များ 
အကောင်အထည်ဖော်ဖြစ်မည် ။ အောင်မြင်လိမ့်မည်။ သေးသေးလေးကြံစည်သောငြားလည်း 
ကြီးမားစွာအောင်မြင်မှု့တို့ရမည်။ ဝိုင်းဝန်းကူညီမှု့ရမည်။ အချစ်ရေးမှာ 
ချစ်သူ ငြိုငြင်ခံရမည်။ မိဘ သားချင်းအတွက် 
အနစ်နာခံကိုယ်ကျိုးစွန့်ရခြင်းတို့ဖြစ်လာမည်။ မရည်ရွယ်သော စိတ်ကူးမရှိသော 
ကြိုတင်ပြင်ဆင်မှု့မရှိသော အလုပ်များ ခရီးများပေါ်လာမည်။ ဆက်သွယ်ထားသော 
အလုပ်ဆက်ဆံရေးများ အောင်မြင်မည်။ မိသားစု မိဘသားချင်း တို့အတွက် 
ဝမ်းသာစရာစကားကြားရမည်။ 
	မတ်
 ၁၁ မှ ၁၄ ရက်အတွင်း သင့်ကံကောင်း သည်။ အောင်မြင် တိုးတက်မည်။ ဖြေဆိုရာတွင်
 အဆင်ပြေမည်။ သူတစ်ပါး ၏ အကူအညီ တွေလည်းရမည်။ ကိုယ့်ရည်ရွယ်ချက်တွေ 
အောင်မြင်လိမ့်မည်။ စီးပွားရေးလုပ်ငန်း များအောင်မြင်မည်။ 
ပြည်ပလုပ်ငန်းများ ပြည်တွင်းဆက်သွယ်မှုများ ရှယ်ယာများအောင်မြင်မည်။ 
	အကျိုးပေးဂဏန်း         - ၀၊ ၂၊ ၇။
	အထူးဟော               - ကံကောင်းမည်။
	ယတြာ           - ငွေ တစ်ရာ ကျပ်ကို ပံ့သကူ ပြုပါ။ ထွက် ၁၀၀ ဝင်ခဲ့ သိန်း ၁၀၀ ဟုဆိုပါ။
ဒေါက်တာထွန်းလင်း-ဘုတလင်( GOLD MEDALIST) 


No comments:
Post a Comment