Saturday, March 9, 2013

မှန်ကန်သည့်ခေါင်းဆောင်များအား ရွေးချယ်ကြရန် ဒေါ်အောင်ဆန်းစုကြည် ပြောကြား

Ever November | 3/09/2013 04:37:00 PM | Best Blogger Tips
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ နိုင်ငံလုံးဆိုင်ရာညီလာခံ ဒုတိယနေ့နှင့်ဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် ကျင်းပခဲ့ပြီး ပါတီဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်မှ မိန့်ခွန်းပြောကြားခဲ့သည်။
 
`တာဝန်ယူတဲ့စိတ်နဲ့အလုပ်လုပ်ရမှာ၊ နေရာယူတဲ့စိတ်နဲ့မဟုတ်ပါဘူး၊ ဒီလိုဘာလို့ပြောတာလည်း ဆိုရင် ၂၅နှစ်အတွင်းမှာ ကျွန်မတို့အဖွဲ့ဝင်တွေအနေနဲ့ သင်ခန်းစာယူစရာရှိခဲ့တယ်၊ ပြည်သူတွေကိုကျွန်မတို့ ဘယ်လိုကတိတွေပေးခဲ့လည်းဆိုတာ မမေ့သင့်ဘူး`ဟု တော်ဝင်နှင်းဆီ၊ရွှေဂုံတိုင် ရန်ကုန်မြို့တွင် ပြုလုပ်ကျင်းပသော ညီလာခံဖွင့်ပွဲမိန့်ခွန်း၌   ဒေါ်အောင်ဆန်းစုကြည်မှ ပြောကြားခဲ့သည်။
 
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် ညီလာခံပြီးဆုံးပါကစမ်းသပ်မှုများအား ဖြတ်သန်းရဦးမည် ဖြစ်ကြောင်း၊ အဆိုပါကာလ၌ ထင်သလိုမဖြစ်တာတွေလည်း ရှိလာနိုင်သည့်အတွက် အနာဂတ် အတွက် ခေါင်းဆောင်မှာ ဘယ်လိုခေါင်းဆောင်ဖြစ်သင့်တယ် ဆိုတာကိုသေချာစဉ်းစားရွေးချယ်ကာ အဘက်ဘက်မှ သင့်လျော်သည့် ခေါင်းဆောင်များအားရွေးချယ်သင့်ကြောင်း   ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
 
ညီလာခံကိုယ်စားလှယ်များရွေးချယ်ရာ၌ ကိုယ်ကျိုးစီးပွားအတွက်၊ မိတ်ဆွေအတွက် ကိုယ့်အသိုင်းအ၀ိုင်းအတွက်ဆိုပြီး မစဉ်းစာပဲ ဒီမိုကရေစီအရေးနှင့်တိုင်းပြည်နှင့်ပြည်သူအတွက်ပဲ စဉ်းစားရွေးချယ်သင့်ကြောင်းမှန်ကန်သည့်ခေါင်းဆောင်များအား   ရွေးချယ်သင့်ကြောင်းကိုလည်း   ဒေါ်အောင်ဆန်းစုကြည်ကပြောကြားခဲ့သည်။
 
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် လာမည့် စက်တင်ဘာလ၌ဗဟိုဦးစီးစနစ် ကျင်သုံးခဲ့သည်မှာ (၂၅)နှစ်ပြည့်မြောက် မည်ဖြစ်ကြောင်း၊ယခုညီလာခံပြီးစီးသွားပါက ဒီမိုကရေစီနည်းလမ်းအရ ရွေးချယ်ထားသောခေါင်းဆောင်များဖြင့် ပါတီကို ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်းသိရသည်။
 
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ (၂၅)နှစ်တာ သုံးစွဲလာသည့်စနစ်အား ရွေးချယ်ခံစနစ်သို့ ပြောင်းလဲမှုနှင့်ပတ်သက်၍ ဒီမိုကရေစီဆိုတာခြောက်ပြစ်ကင်းသဲလည်းစင်တော့ မဟုတ်ပါဘူး၊ လက်ရှိစနစ်ထဲမှာတော့အကောင်းဆုံးဖြစ်လိမ့်မယ်လို့ ကျွန်မလက်ခံတယ်ဟု ဒေါ်အောင်ဆန်းစုကြည်ကပြောကြားခဲ့သည်။

အဆိုပါအခမ်းအနားတွင် အဖွင့်မိန့်ခွန်းအား နံနက်(၈း၅၀)တွင်ပြောကြားခဲ့ခြင်းဖြစ်ပြီး ပါတီနာယက ဦးတင်ဦးမှအဖွင့်အမှာ စကားပြောကြားပြီးနောက် ဒေါ်အောင်ဆန်းစုကြည်မှမိန့်ခွန်းပြောကြားခဲ့ခြင်း ဖြစ်သည်။
 
အဆိုပါအခမ်းအနားသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးဖြစ်သည့် ဦးဋ္ဌေးဦးနှင့် ဖိတ်ကြားထားသူများ၊ တိုင်းရင်းသားပါတီမှ ကိုယ်စားလှယ်များ တတ်ရောက်ခဲ့ကြောင်းကိုလည်း သိရသည်။
 
အဆိုပါ ဖွင့်ပွဲအခမ်းအနား၌ သဘာပတိအဖြစ် မွန်ပြည်နယ်မှ နိုင်သောင်းညွှန်မှဆောင်ရွက်ကာ အဖွင့် အမှာစကားအား ပါတီနာယက ဦးတင်ဦးမှ ယခုကဲ့သို့ဆိုသည်။
 
ခရီးကြမ်းကိုဆက်လက်ပြီး အခက်အခဲများစွာနဲ့လျှောက်ကြရဦးမှာဖြစ်တယ်၊ဒေါ်အောင်ဆန်းစုကြည်ကို မဏ္ဍိုင်ပြုပြီး တစုတစ်စည်းထဲ စည်းစည်းလုံးလုံးနဲ့တိုင်းပြည်အတွက် ဆောင်ရွက်ပေးနိုင်မဲ့သူများကို ဆက်လက်ရွေး ချယ်ကြပါမယ်ဟုဒီချုပ်ပါတီနာယက ဦးတင်ဦးက ပြောကြားခဲ့သည်။
 
အဆိုပါအခမ်းအနားသို့တက်ရောက်ခဲ့သည့် USDP ပါတီမှ ဦးဋ္ဌေးဦးကလည်းဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်းအပေါ်ယခုကဲ့သို့မှတ်ချက်ပြုပြောကြားခဲ့သည်။
 
နိုင်ငံရေးပါတီတွေ အားလုံးပေါင်းပြီး နိုင်ငံနဲ့ ပြည်သူအတွက်ဆောင်ရွက်မယ်ဆိုတာ ကောင်းတဲ့ မိန့်ခွန်းပါ၊ တိုင်းပြည်အတွက်တကယ်ကိုဆောင်ရွက်ကြလိမ့်မယ်လို့လည်း ယုံကြည်ပါတယ်ဟု ၄င်းက ဆိုသည်။
 
နိုင်ငံလုံးဆိုင်ရာ ပါတီညီလာခံမှ ယနေ့ မတ်လ(၉)ရက်နေ့တွင် အရံဗဟိုဦးစီး(၃၀)ရွေးချယ်မည်ဖြစ်ကြောင်း သိရှိရသည်။
 
ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ပါတီဥက္ကဋ္ဌ အနေဖြင့် ဆက်လျက်ရွေးချယ်ခံခြင်းပြုမပြု ဆိုသည်ကိုလည်း မသိရသေးသော်လည်းစိတ်ဝင်စားလျက် ရှိကြောင်း သိရသည်။
 
အဆိုပါ ညီလာခံသည် NLD ပါတီ၏ ပထမဆုံးအကြိမ်ကျင်းပသောတစ်နိုင်ငံလုံးဆိုင်ရာ ညီလာခံဖြစ်ပြီး ပါတီ၏ ဖွဲ့စည်းပုံနှင့်မူဝါဒပိုင်းဆိုင်ရာကိစ္စရပ်များ၊ ရှေ့ဆက်လုပ်ငန်းစဉ်များအတွက်ဆွေးနွေးကြမည် ဖြစ်ကြောင်း သိရှိရသည်။
 
ဗဟိုအလုပ်အမှုဆောင်အဖွဲ့ကို လျှို့ဝှက်မဲပေးစနစ်ဖြင့်ရွေးချယ်တင်မြှောက်သွားမည် ဖြစ်ကြောင်း သိရှိရသည်။
 
ဒီချုပ် ညီလာခံ ပထမဆုံးနေ့အဖြစ် တော်ဝင်နှင်းဆီမှာ ကျင်းပခဲ့ပြီးပြည်နယ်နဲ့ တိုင်းအသီးသီးကနေ တက်ရောက်လာခဲ့တဲ့ ညီလာခံကိုယ်စားလှယ်များကလျှို့ဝှက်မဲပေးစနစ်နဲ့ဗဟိုကော်မတီဝင်အများစုကို  ရွေးချယ်ပေးခဲ့ကြောင်းသိရှိရသည်။
 
`၈၀% ကို ဗဟိုညီလာခံကိုယ်စားလှယ်တွေကနေ မဲစနစ်နဲ့ရွေးချယ်တင်မြှောက်ပြီးပါပြီ၊ ၂၀%ကိုတော့ ပါတီရဲ့ လုပ်ငန်းစဉ်တွေအဆင်ပြေချောမွေ့စွာဆောင်ရွက်နိုင်ဖို့အတွက် ရွေးချယ်ခန့်အပ်ဖို့မူလကတည်းက သတ်မှတ်ထားပါတယ်`ဟု ဗဟိုညီလာခံကိုယ်စားလှယ်တစ်ဦးက ပြောသည်။
မြစ်မခ

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1