“နိုင်ငံသားကျွမ်းကျင်သူ
 အလုပ်သမား အတတ်ပညာရှင်များနှင့် ဝန်ထမ်းများ ခန့်ထားရာတွင် 
ရာခိုင်နှုန်းအားဖြင့် နိုင်ငံသား အနည်းဆုံး ပထမ ၅နှစ် အကုန်တွင် ၂၅% ၊ 
ဒုတိယ ၅နှစ် အကုန်တွင် ၅၀ %နှင့် တတိယ၅ နှစ်အကုန်တွင်၇၅% ခန့်ထား ရန်”
 ဟူ၍ ၈ ရက်နေ့ ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် အမျိုးသားစီမံကိန်းနှင့် 
စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာဒေါ်ခင်စန်းရီက
 ဖြေကြားခဲ့ခြင်းဖြစ်သည်။
 ဦးတင်မောင်ဦး (ရွှေပြည်သာမဲဆန္ဒနယ်) ၏ “နိုင်ငံတော်အတွင်း 
အလုပ်လက်မဲ့ဖြစ်နေသော ဘွဲ့ရလူငယ်များ အလုပ်အကိုင် ရရှိရေး အတွက် 
နိုင်ငံတော်မှ စီမံဆောင်ရွေက်ပေးမည့် အစီအစဉ်များနှင့် စပ်လျဉ်းသည့် 
မေးခွန်း”ကို ပြန်လည်ဖြေကြားရာတွင်ပြောကြားခဲ့ခြင်းလည်း ဖြစ်သည်။
	မြန်မာနိုင်ငံ၏
 ၆၅%နှုန်းသည် အလုပ်လုပ်နိုင်သော အရွယ်ကောင်းများဖြစ်၍ လူ့စွမ်းအား 
အရင်းအမြစ်အားသာချက်များရှိကြောင်းကိုလည်း အဆိုပါ ဒုဝန်ကြီးကပြောခဲ့သည်။
	“ကျွန်တော်တို့
 လူငယ်တွေအတွက်တော့ သတင်းကောင်းပေါ့၊ ဒါပေမဲ့ ပြည်ပရင်းနှီးမြှုပ်နှံမှုတွေက
 အခုအချိန်ထိ   ကောင်းကောင်းဝင်လာတာ မတွေ့သေးဘူး၊ ပြီးတော့ ကျွန်တော်က 
ဘွဲ့သာရထားတာ ကျွမ်းကျင်တဲ့ အလုပ်က ဘာမှမရှိသေးဘူး” ဟု ကမာရွတ်မြို့နယ်နေ အသက် ၂၀ ကျော်လူငယ်တစ်ဦးကပြောသည်။
	အစိုးရအနေဖြင့်လည်း
 မြန်မာနိုင်ငံ၏ လူ့အရင်းအမြစ်ဖွံ့ဖြိုးရေးအတွက် နိုင်ငံတကာနှင့် 
ပူးပေါင်း၍ သင်တန်း ကျောင်းများဖြင့် လေ့ကျင့်ပျိုးထောင်မှုများ 
လုပ်ဆောင်လျက်ရှိကြောင်းကိုလည်း သိရသည်။
	 မြန်မာနိုင်ငံအနေဖြင့်
 သဘာဝ သယံဇာတကိုပဲအားမကိုးသင့်ကြောင်းနှင့် လူစွမ်းအားအရင်းအမြစ်ဖွံ့ဖြိုး 
တိုးတက်ရေးအတွက် လုပ်ဆောင်နေချိန်တွင်သာ သယံဇာတကိုအားကိုးသင့်ကြောင်း 
နိုင်ငံတော်သမ္မတ၏  နိုင်ငံရေးအကြံပေးဒေါက်တာနေဇင် လတ် က မြစ်မခမီဒီယာသို့ 
ဖြေကြားထားသည်။
	မြန်မာနိုင်ငံမှ
 လူငယ်များအနေဖြင့်လည်း နိုင်ငံခြားမှရင်းနှီးမြှပ်နှံမှုများ 
ဝင်ရောက်လာချိန် အဆင့်သင့်ဖြစ်စေရန်အတွက် ယခုကတည်းမှ 
ကြိုတင်ပြင်ဆင်ထားသင့်ကြောင်းကိုလည်း စာရေးဆရာ လင်းသိုက်ညွှန့်မှ 
ကမာရွတ်မြို့နယ် စာပေဟောပြောပွဲတွင်ပြောကြားထားသည်။
ကောင်းမြတ်ဖြိုး ( မြစ်မခ ) 
No comments:
Post a Comment