Saturday, March 9, 2013

လီဗာပူးလ်ကို ကျော်ကာ စပါးကို ရွေးချယ် ခဲ့မိသည်ကို ပျော်ရွှင်ကြောင်း ဆီဂါ့ဒ်ဆန် ပြောကြား

Ever November | 3/09/2013 04:19:00 PM | Best Blogger Tips

လီဗာပူးလ် အသင်းကို ကျော်ကာ တော့တင်ဟမ် ဟော့စပါး အသင်းကို ရွေးချယ်မိသည့် မိမိ၏ ဆုံးဖြတ်ချက် အတွက် အလွန်ပျော်ရွှင်မိကြောင်း ဂိုင်ဖီလ် ဆီဂါ့ဒ်ဆန်က ဝန်ခံ ပြောကြားလိုက်သည်။
ပြီးခဲ့သည့် ရာသီက ဂျာမန်ကလပ် ဟော်ဖန်ဟိုင်း အသင်းမှ ပရီးမီးယားလိဂ်ကလပ် ဆွမ်ဆီးတွင် အငှားလာရောက် ကစားပြီး ခြေစွမ်းပြခဲ့သည့်နောက် အိုက်စ်လန် လက်ရွေးစင် ကွင်းလယ်လူကို နွေရာသီ ဈေးကွက်အတွင်း လီဗာပူးလ်နှင့် စပါးတို့က အပြိုင် ကမ်းလှမ်းခဲ့သည်။ ဆွမ်ဆီးတွင် လက်တွဲခဲ့ဖူးသည့် လက်ရှိ လီဗာပူးလ် မန်နေဂျာ ဘရန်ဒန် ရော့ဂျာက ဆီဂါ့ဒ်ဆန်အား အန်းဖီးလ်သို့ လာရောက်ရန် ဆွဲဆောင်ခဲ့သည့်တိုင် အသက်(၂၃)နှစ်ရှိ ကစားသမားကမူ ဝှိုက်ဟတ်လိန်းကို ရွေးချယ်ခဲ့သည်။ ယခုအခါ စပါးသည် ယူရိုပါလိဂ်တွင် ကွာတားဖိုင်နယ် တက်ရေး အခြေအနေ ကောင်းနေပြီး လီဗာပူးလ်ကမူ ပြိုင်ပွဲမှ ထွက်ခွာနှင့်ပြီး ဖြစ်နေသည်။ တစ်ဖက်တွင် ပရီးမီးယားလိဂ်၌လည်း စပါးက အဆင့်(၃)၊ လီဗာပူးလ်က အဆင့်(၇)၌ အသီးသီး ရပ်တည်လျှက် ရှိသည်။
ဆီဂါ့ဒ်ဆန်က လီဗာပူးလ်နှင့် စပါးအသင်းတို့ ရင်ဆိုင် ကစားမည့် ပရီးမီးယားလိဂ် ပွဲစဉ် မတိုင်မီတွင် လီဗာပူးလ်ကို စကားစစ်ထိုးမှုအဖြစ် စပါးကို မိမိ ရွေးချယ်ခဲ့သည်မှာ အလွန်မှန်ကန်ကြောင်း ပြောဆိုလာခြင်း ဖြစ်သည်။ "အဲဒီလို ဆုံးဖြတ်လိုက်မိတဲ့ ရွေးချယ်မှုအတွက် ကျွန်တော် တကယ် ကျေနပ်မိတယ်။ စပါးမှာက အကောင်းစား ကစားသမားတွေ အများကြီး ရှိတယ်။ ကျွန်တော်ကတော့ ချန်ပီယံလိဂ်မှာ နောက်နှစ် ကျွန်တော်တို့ ကစားခွင့် ရမယ်လို့ မျှော်လင့်နေပါတယ်"ဟု ဆီဂါ့ဒ်ဆန်က ပြောကြားခဲ့သည်။

၎င်းက လီဗာပူးလ်နှင့် ပတ်သက်၍ "သူတို့ကို ငြင်းပယ်ရတာ ခက်ပါတယ်။ အဓိက အချက်ကတော့ ရော့ဂျာကြောင့်ပါ။ သူဟာ ကျွန်တော့်အတွက် လီဗာပူးလ်ရဲ့ သမိုင်းကြောင်းတွေထက် အလေးထားပြီး စဉ်းစားရတဲ့ အဓိက အကြောင်းတရား တစ်ခုပါ။ ဒါပေမဲ့ စပါးက ကြားဝင်လာချိန်မှာတော့ မနှစ်က သူတို့ ဘယ်လို အဆင့်မျိုး ရပ်တည်ခဲ့တယ်၊ လွန်ခဲ့တဲ့ (၂)နှစ်အတွင်း ဘာတွေ လုပ်ပြနိုင်ခဲ့တယ် ဆိုတာကို ပြန်ကြည့်မိသွားတယ်။ စပါးဟာ ကံမကောင်းလို့ ချန်ပီယံလိဂ် ကစားခွင့် မရပေမယ့် မနှစ်ကရာသီ အဆင့်(၄) ချိတ်ခဲ့တာပါ။ အသင်းမှာလည်း ကစားသမားကောင်းတွေ ရှိနေတာကြောင့် ကျွန်တော် ဆုံးဖြတ်ချက်ကို ပိုင်ပိုင်နိုင်နိုင် ချမှတ်ခဲ့ပါတယ်"ဟု ရှင်းပြခဲ့သည်။
စပါးသည် လတ်တလောတွင် လီဗာပူးလ်အထက် (၁၂)မှတ် အကွာတွင် ရှိနေပြီး ယူရိုပါလိဂ်တွင်လည်း အင်တာမီလန်ကို ပထမအကျော့၌ (၃-၀)ဖြင့် အနိုင်ယူကာ ကွာတားဖိုင်နယ်အတွက် လက်မှတ်ဖြတ်နိုင်ရန် အလားအလာ အလွန်ကောင်းလျှက် ရှိသည်။
Ref: Goal
soccer myanmar

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1