Saturday, March 9, 2013

ဖမ်းဆီးထားသော ကုလသမဂ္ဂ လေ့လာသူများကို ဆီးရီးယား သူပုန်များက ပြန်လွှတ်ပေးမည်

Ever November | 3/09/2013 10:40:00 AM | Best Blogger Tips

ဆီးရီးယား သူပုန်များ ပြန်ပေးဆွဲထားသော ကုလသမဂ္ဂ လေ့လာသူ ၂၁ ဦးအား လုံခြုံလေးကင်းစွာ ပြုစုစောင့်ရှောက်ထားကြောင်း အွန်လိုင်းဗီဒီယိုမှတ်တမ်းတွင် ဖော်ပြသည်။ အဆိုပါ ကုလသမဂ္ဂ ငြိမ်းချမ်းရေး လေ့လာသူများအား မတ် ၆ ရက်က အစ္စရေး နယ်စပ်အနီး ဂိုလန်ကုန်းမြင့်ဒေသ၌ ယာမောက် အာဇာနည်အဖွဲ့က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ယင်းဒေသမှ ဆီးရီးယား တပ်များ ဆုတ်ခွာသွားလျှင် ၄င်းတို့အား ပြန်လည်လွှတ်ပေးမည်ဟု အဆိုပါအဖွဲ့က ပြောကြားသည်။ ၄င်းလေ့လာသူများအား မကြာမီ ပြန်လွှတ်ပေးလိမ့်မည်ဖြစ်ကြောင်း ဖိလစ်ပိုင်နိုင်ငံက ပြောကြားသည်။ သို့သော်လည်း ညှိနှိုင်းနေဆဲဖြစ်သည်။ 
(ဘီဘီစီ)
khitlunge

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1