Saturday, March 9, 2013

ချန်ပီယံလိဂ် ကွာတား ဖိုင်နယ်သို့ ဘာစီလိုနာ တက်ရောက်နိုင်ဆဲဟု ပူယိုးလ် ယုံကြည်နေ

Ever November | 3/09/2013 04:26:00 PM | Best Blogger Tips

ဘာစီလိုနာ အသင်း အနေဖြင့် အေစီမီလန်ကို ကျော်ဖြတ်ကာ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်သို့ တက်ရောက်နိုင်စွမ်း ရှိနေဆဲဟု ကားလက်စ်ပူယိုးလ်က ယုံကြည်လျှက် ရှိသည်။
ဘာစီလိုနာ အသင်း၏ အသက်(၃၄)နှစ်အရွယ် အသင်းခေါင်းဆောင် ခံစစ်မှူးက ပထမအကျော့ အရေးနိမ့်မှု ရလဒ်ကို နူးကမ့်တွင် ချေဖျက်ကာ ဘာစီလိုနာတို့ ချန်ပီယံလိဂ် အသက်ဆက်ခွင့် ရနိုင်မည်ဟု မျှော်လင့် ထားကြောင်း ပြောကြားခဲ့သည်။ စပိန်လက်ရွေးစင် ခံစစ်မှူး၏ အသင်းသည် လက်ရှိ အနေအထားတွင်မူ ကွာတားဖိုင်နယ် တက်ရောက်ရေး အကြီးအကျယ် ရုန်းကန်ရမည့် သဘောမျိုး ဖြစ်လာသည်။ မီလန်သည် ဆန်စီရိုတွင် ဘာစီလိုနာအား (၂-၀)ဖြင့် အနိုင်ကစားထားရာ နူးကမ့်တွင် (၁)ဂိုး သွင်းနိုင်ရုံဖြင့် ဘာစီလိုနာတို့ အလွန် ကျပ်တည်းသွားမည့် သဘော ဖြစ်သည်။
"ကျွန်တော်တို့ တောင့်တတာက အသင်းအနေနဲ့ အရှုံးရလဒ်ကနေ ပြန်လာပြီး အောင်မြင်မှု ရယူဖို့ပါ။ ဘာစီလိုနာဟာ ခက်ခဲတဲ့ စမ်းသပ်မှု တချို့ကို ကျော်ဖြတ်နိုင်ခဲ့ပါတယ်။ ဒါဟာ ဘောလုံး ဆိုတဲ့ ကဏ္ဍတစ်ခုတည်းမှာ မဟုတ်ဘဲ အဘက်ဘက်ကပါ တုံ့ပြန်နိုင်တဲ့ အရည်အသွေးပါ"ဟု ပူယိုးလ်က ဆိုသည်။ ၎င်း၏ ရည်ရွယ်မှုသည် ပြင်းထန်သော နာမကျန်းမှုများမှ ပြန်လည် ကြံ့ခိုင်လာသည့် နောက်ခံလူ အဲရစ် အဘီဒယ်လ်နှင့် နည်းပြ တီတို ဗီလာနိုဗာတို့ကို ဦးတည် ညွှန်းဆိုခြင်းလည်း ဖြစ်သည်။ ပူယိုးလ်က "မီလန်နဲ့ပွဲမှာ ကျွန်တော်တို့ဟာ သူတို့ဘက်ကို ပြန်ပြီး ဖိအားပေးဖို့ လိုပါတယ်။ အရေးကြီးတာက သူတို့ဘက်က ဘောလုံး ဆုံးရှုံးပြီ ဆိုတာနဲ့ ကျွန်တော်တို့က ဘယ်လို တုံ့ပြန်မလဲ ဆိုတဲ့ အချက်ပါပဲ"ဟုလည်း သုံးသပ် သွားခဲ့သည်။ 
Ref: Goal
soccer myanmar

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1