Wednesday, April 3, 2013

ပညာပေးဇာတ်ကားလေးတွေ ရိုက်ရတာ ပိုအနှစ်သာရ ရှိတယ်လို့ ဆိုလာသူ ဝတ်မှုံရွှေရည်

Ever November | 4/03/2013 10:24:00 AM | Best Blogger Tips

ဝတ်မှုံရွှေရည်က ”လူကြီးမင်း ခင်ဗျား” ရုပ်ရှင်ကားကြီးကို ပြေတီဦးနဲ့ ရိုက်ကူးနေပါတယ်။ ပရဟိတကို စိတ်ဝင်စားပြီး အဖေဖြစ်သူက ခရိုနီဖြစ်တာကြောင့် အဖေနဲ့အဆင် မပြေဖြစ်ရသလို ချစ်သူကလည်း ဘိုးဘွားတွေကို ပြုစုစောင့်ရှောက်တဲ့ သူနဲ့ အဖေရဲ့ကြား ဗျာများရတဲ့ မိန်းကလေးတစ်ယောက်အဖြစ် သရုပ်ဆောင်ရတာလည်း ဖြစ်ပါ တယ်။ “တော်တော်လေးကို ပညာပေးကားလေးလည်းဖြစ်တယ်။ အားလုံးကို ပရဟိတလုပ်ဖို့ အတွက် လှုံ့ဆော်ပေးတဲ့ဇာတ်လေးလည်းဖြစ်တယ်။ဒီလို ခရိုနီအနေ အထား ပုံစံမျိုးလေးတွေကို ဟာသလေးတွေနဲ့ရောပြီးတော့ ရိုက်ကူးထားတာပါ” လို့ ပြောပြပါတယ်။

”တစ်ရှက်က နှစ်ရှက်” ဇာတ်ကားမှာလည်း အင်တာနက်နဲ့ ပတ်သက် ပြီး ပညာပေးဇာတ်ကားလေးဖြစ်သလို လတ်တလောမှာ အင်တာနက် လည်း ခေတ်စားနေတဲ့အတွက် ပရိသတ်တွေအတွက် တင်ပြပုံ အသစ်လေး ဖြစ်သွားစေပါတယ်။ ဒီဇာတ်ကားမှာလည်း ပညာပေးဇာတ်ေ လးအဖြစ် ရိုက်ကူးထားတာနဲ့ ပတ်သက်ပြီး: အင်တာနက်နဲ့ ပတ် သက်ပြီး ဂယက်အမျိုးစုံတွေကနေပြီး သတင်းတွေ မျိုးစုံထွက်လာတယ်။ အဲဒါလေး နဲ့ ပတ်သက်ပြီး အန်ကယ်လေးနဲ့ ဒါရိုက်တာ ကျော်ဇောလင်း (အတွေးပုံရိပ်) တို့က လည်း ရိုက်ချင်တယ်ဆို တာနဲ့ ရိုက်ဖြစ်သွားတာ။ အဓိက ကတော့ ပညာပေးကားလေးပါပဲ။ မြန်မာမိန်းကလေးတွေ ဆင် ခြင်ရမယ့်၊သတိထားရမယ့် အချက် လေးတွေ ပါတာပေါ့။ ရည်ရွယ်ချက်လည်း ကောင်းတယ်ဆိုတော့ ရိုက်ရတဲ့သူအတွက်လည်း ပိုပြီး အနှစ်သာရရှိတာပေါ့”လို့ ပြောပြခဲ့ပါတယ်။

မေမွန်မောင်

Popular Journal

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1