Wednesday, April 3, 2013

တာချီလိတ်မြို့နယ်တွင် စိုင်းနော်ခမ်း လက်ကျန်အဖွဲ့များ၏ ခဲယမ်းများ သိမ်းဆည်းရမိ

Ever November | 4/03/2013 10:33:00 AM | Best Blogger Tips

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်၊ မိုင်းဖုန်း ကျေးရွာ အုပ်စု ၊ ဟွေလှေလန် ကျေးရွာအနီးတွင် မတ်လ(၃၁)ရက်နေ့က စိုင်းနော်ခမ်း လက်ကျန်အဖွဲ့များ၏ ခဲယမ်းများကို အစိုးရနယ်မြေခံတပ်မှ သိမ်း ဆည်း ရမိခဲ့ကြောင်း သိရသည်။

မတ်လ(၃၁) ရက်နေ့ မနက်ပိုင်းတွင် ၀ါးခုတ် သွားသော ဟွေလှေလန် ရွာသားတစ်ဦး၏ သတင်းပေးချက်အရနယ်မြေခံတပ်ရင်းမှရွာသားများနှင့်အတူသွားရောက်ရှာဖွေရာမှ ဟွေလှေလန်ရွာအနီးရှိ ၀ါးတော ထဲတွင် ကြွပ်ကြွပ်အိတ် (အမဲရောင်)ဖြင့် ထုပ်ပိုးပြီး မုန့်ပုံးအခွန်များအတွင်း ထည့်ထားသော ထိုင်းနိုင်ငံ လုပ်ကျည်ဆံ မျိုးစုံ (၇၀၀)ကျော်နှင့် အသံတိတ်ပြောင်းကိရိယာ(၁)ခုတို့ ရှာဖွေသိမ်းဆည်း ရမိခဲ့ပါသည်။
ကျည်ဆံ မျိုးစုံနှင့် အသံတိတ်ပြောင်းကိရိယာဒေသခံရွာသားများမှသိမ်းဆည်းရမိသော ကျည်ဆံများမှာ စိုင်းနော်ခမ်းလက်ကျန်အဖွဲ့၏ပစ္စည်းများဖြစ်ကြောင်းအခိုင်အမာ ပြောဆိုနေကြသည်ဟုသိရသည်။စိုင်းနော်

ခမ်းသည်ယခင်က ဟွေလှေလန်ကျေးရွာအနီးပတ်ဝန်းကျင်တွင်လှုပ်ရှားသောအဖွဲ့၏ ခေါင်းဆောင်ဖြစ်ကြောင်း၊ ၎င်းအား တရုတ်နိုင်ငံ သား စက်လှေသမား(၁၃)ဦးအား မဲခေါင်မြစ်အတွင်း သတ်ဖြတ်မှုဖြင့် တရုတ်နိုင်ငံက ဆေးထိုးသတ် ခဲ့ကြောင်း၊ စိုင်းနော်ခမ်း၏ လက်အောက်ခံ စိုင်းအောင်မြတ်သည် လက်နက်ချအလင်းဝင်သွား ပြီဖြစ်သော်လည်း အချို့အဖွဲ့ဝင်များမှာ တောထဲ၌ကျန်နေသေးကြောင်း သိရှိရပါသည်။

ယခုသိမ်းဆည်းရမိသော ကျည်ဆံများကဲ့သို့ ဟွေလှေလန်ကျေးရွာ အနီးတ၀ိုက်၌ စိုင်းနော်ခမ်း လက်ကျန် အဖွဲ့ များ၏ လက်နက်ခဲယမ်းများ ကျန်ရှိနေသေးကြောင်းနှင့် လက်ကျန်အဖွဲ့များ အမှန် တကယ်ရှိနေပါက ယခင်ကဲ့သို့ မူးယစ်ဆေးဝါးလုပ်ငန်းများ လုပ်ကိုင်နေကြမည် ကို ဒေသခံများ က ကြောက်ရွံ့ထိတ်လန့်နေကြ ကြောင်း ဟွေလှေလန်ရွာသားတစ်ဦး၏ ပြောပြချက်အရ သိရှိရပါသည်။

Shan News

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1