Wednesday, April 3, 2013

ဌာနထောက်ခံစာမလိုပဲ သံဃာတော်နှင့်သီလရှင်များ နိုင်ငံကူးလက်မှတ်လျှောက်ထားနိုင်

Ever November | 4/03/2013 11:41:00 AM | Best Blogger Tips
သာသနာ့ဘောင်အတွင်းမှ ရဟန်း၊သီလရှင်များအနေဖြင့်နိုင်ငံကူးလက်မှတ်လျှောက်ထားရာ၌ သာသနာရေး ၀န်ကြီးဌာန၏ ထောက်ခံစာလိုအပ်ချက်ကို ဧပြီ(၂)ရက်မှ စ၍ ဖြေလျော့ပေးလိုက်ကြောင်း မြန်မာနိုင်ငံကူး လက်မှတ်ထုတ်ပေးရေးရုံးက သတင်းထုတ်ပြန်သည်။
 
ယခင်သံဃာတော်နှင့် သီလရှင်များအနေဖြင့် နိုင်ငံကူးလက်မှတ်ပြုလုပ်ရာ၌ သက်ဆိုင်ရာ သံဃနာယကအဖွဲ့၊မြို့နယ် သံဃ နာယကအဖွဲ့၊ မြို့နယ် ရဲစခန်းထောက်ခံချက်များနှင့်အတူ သာသနာရေးဝန်ကြီးဌာနမှ ကန့်ကွက်ရန်မရှိကြောင်း ၊ ထောက်ခံစာ တောင်းယူပြီးမှသာ နိုင်ငံကူးလက်မှတ်လျှောက်ထားမှုပြုခဲ့ရာမှ ယခုအခါ သာသနာဝင် ကတ်ပြားနှင့် မြို့နယ်သံဃနာယကအဖွဲ့ ထောက်ခံချက်ဖြင့် မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့သို့ တိုက်ရိုက်ဆက်သွယ်ပြုလုပ်နိုင်ပြီ ဖြစ်သည်။
 
နိုင်ငံကူးလက်မှတ်ထုတ်ပေးခဲ့တဲ့ နေရာမှာ တစ်ချို့နေရာတွေက ခေတ်နှင့်မညီတဲ့ အချက်တွေကို ဖြေလျှော့ပေးမှုတွေ   ပြုလုပ်ပေးတာပါ၊ ဒီလိုလုပ်လိုက်ရင် ပြည်သူ့တွေအတွက် အချို့အခက်အခဲတွေ  နည်းနိုင်သမျှနည်းအောင် လုပ်ပေးဖို့ စီစဉ်လိုက်တာပါ၊ ရိုးရိုးလူတွေအတွက် ဖြေလျှော့မှုတွေ လုပ်ပေးခဲ့ပြီးပါပြီ၊ အခု သံဃာတော်တွေအတွက် နိုင်ငံကူးလက်မှတ် လုပ်တာ ပိုလွယ်သွားဖို့ပါဟု မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးမှ အရာရှိတစ်ဦးက ဆိုသည်။
 
၂၀၁၃ ခုနှစ်၊မတ်လ ၁၈ ရက်နေ့မှစ၍ သာမာန်လူများအတွက် မြန်မာနိုင်ငံနိုင်ငံကူးလက်မှတ် လျှောက်ထားရာ၌ ပုံစံ-၁၇၊ ၁၉နှင့် ပညာရေးကင်းရှင်း ကြောင်း ထောက်ခံစာများပြုလုပ်မှုများ မလိုအပ်တော့သည်အထိ ဖြေလျှော့မှု များပြုလုပ်ခဲ့သည့် အပြင် နိုင်ငံကူးလက်မှတ်ထုတ်ပေးရန်စီစစ်မှုအချိန်ကာလကိုလည်း (၁၀)ရက်နှင့်အပြီး လျှော့ချပြုလုပ်ပေးမည်ဟု ထုတ်ပြန်ကြေညာ ပြီးနောက် ယခုအခါ သာသနာဘောင်အတွင်းမှ နိုင်ငံကူးလက်မှတ်ပြုလုပ်မှု အစီအစဉ်ကို ဖြေလျှော့ပေးခဲ့ခြင်းဖြစ်သည်။
 
 ‘အခုလို ဖြေလျှော့ပေးလိုက်တော့ သာသနာရေးဝန်ကြီးဌာနက ကန့်ကွက်ခြင်းမရှိဆိုတဲ့ ထောက်ခံစာကို စောင့်စရာ မလိုတော့ဘူးဆိုတော့ အချိန်သက်သာတယ်၊ ပြီးတော့ အဲဒီကို သွားလာ စရိတ်ကအစ သက်သာသွားတာပေါ့၊ ဘုန်းဘုန်းတို့ နဂိုဆိုရင် သာသနာရေးဝန်ကြီးဌာနကို သွားရတယ်၊ အဲဒီက ထောက်ခံချက်ကျအောင် စောင့်ရတယ်၊ အဲဒီထောက်ခံချက်ကို သွားယူရတယ်၊ ပြီးမှ Passport ရုံးကိုသွားရတယ်၊ အခုတော့ အဲဒီအဆင့်ပျောက်သွားတယ်ဆိုရင် အများကြီး အဆင်ပြေ သွားတယ်ဟု ရန်ကင်း ကံဘက်ဓမ္မရိပ်သာကျောင်းတိုက် ဆရာတော်ဦးဝိစိတ္တသာရက မိန့်သည်။

လွင်ထူးကို(မြစ်မခ)  

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1