Wednesday, April 3, 2013

အာဆင်နယ်မှ ထွက်ခွာဖြစ်အောင် ခရွန်ကီက အတင်းအကျပ် တွန်းအားပေးခဲ့ဟု နာဆရီ ပြစ်တင်

Ever November | 4/03/2013 10:05:00 AM | Best Blogger Tips

မန်ချက်စတာ စီးတီးအသင်း ကွင်းလယ် ကစားသမား ဆမ်မီ နာဆရီက အာဆင်နယ်မှ မိမိ ထွက်ခွာဖြစ်အောင် အဓိက လုပ်ဆောင်ခဲ့သူမှာ အသင်း၏ အဓိက ရှယ်ယာပိုင်ရှင် စတန်ခရွန်ကီ ဖြစ်ကြောင်း ဝေဖန် ပြောကြားလိုက်သည်။
အသက်(၂၅)နှစ်ရှိ ပြင်သစ် လက်ရွေးစင် ကစားသမားသည် (၂၀၁၁)ခုနှစ်၊ နွေရာသီက ပေါင်စတာလင် (၂၄)သန်းဖြင့် မန်စီးတီးသို့ ရောက်ရှိလာခဲ့သည်။ ၎င်းသည် အစ်တီဟတ်တွင် ခြေစွမ်း မတည်မငြိမ် ဖြစ်ကာ ရုန်းကန်နေရသလို မန်နေဂျာ ရောဘတ်တို မန်စီနီကလည်း အရန်အဖြစ်သာ အသုံးပြုခဲ့သည်။ ထို့အပြင် နာဆရီသည် လေ့ကျင့်ရေးကွင်းတွင် (၅၀)ရာခိုင်နှုန်းမျှသာ အားထုတ်သည့် ကစားသမား အဖြစ်လည်း မန်စီနီက ဝေဖန်ခဲ့သေးသည်။ နာဆရီက မိမိသည် အာဆင်နယ်တွင် မန်နေဂျာ အာစင်ဝင်းဂါးနှင့် လေးလေးနက်နက် ဆွေးနွေးခွင့် မရမီ ရောင်းထုတ် ခံရကြောင်း စွပ်စွဲခဲ့သည်။
"ကျွန်တော့်ကို အဲဒီတုန်းက ဝင်းဂါးက ပြောခဲ့တယ်။ ဆက်စ်ဖာဘရီဂက်စ် အသင်းက ထွက်သွားရင် ကျွန်တော် အာဆင်နယ်မှာ ဆက်နေရမယ်တဲ့။ ဒါပေမဲ့ ခရွန်ကီကတော့ ပိုက်ဆံပဲ လိုချင်တယ်လေ"ဟု နာဆရီက ဆိုသည်။ ၎င်းက "မန်နေဂျာက ဆက်စ်ဟာ အသင်းပြောင်းမယ်။ အသင်းက ဂါဗင်ဟိုကို ဝယ်မယ်လို့ ပြောလာတယ်။ အဲဒီအချိန်မှာ ကျွန်တော်ကလည်း စာချုပ်သက်တမ်း (၁)နှစ်ပဲ ကျန်တော့တယ်။ ဒီကြားထဲ ခရွန်ကီကလည်း ကျွန်တော့်ကို ရောင်းဖို့ ကြိုးစားနေတာကြောင့် အာဆင်နယ်က ထွက်ခွာခဲ့တာပါ"ဟုလည်း ပြောဆိုသွားသည်။
နာဆရီက လေ့ကျင့်ရေးကွင်းတွင် (၅၀)ရာခိုင်နှုန်းသာ အားထုတ်သည်ဆိုသော မန်စီနီ၏ မှတ်ချက်ကိုလည်း ငြင်းဆန်ခဲ့သည်။ "ဒီရာသီ ကျွန်တော့်ခြေစွမ်း သိပ်မကောင်းတာကို သိပါတယ်။ ဒါပေမဲ့ မန်စီနီ ပြောသလို လေ့ကျင့်ရေးကွင်းမှာ (၅၀)ရာခိုင်နှုန်းလောက်ပဲ အားထုတ်တယ် ဆိုတာကတော့ မဟုတ်ပါဘူး"ဟု နာဆရီက ပြောကြားသွားခဲ့သည်။
Ref: Goal
soccer myanmar

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1