Wednesday, April 3, 2013

“အောင်မြင်ရမယ်ဆိုတဲ့ စိတ်တော့မထားဘူးဆိုသူ ဖွေးဖွေး”

Ever November | 4/03/2013 11:15:00 AM | Best Blogger Tips

ယောက်ျားလေးပုံစံအိုက်တင်နဲ့လိုက်တယ်လို့ပရိသတ်တွေ ပြောနေတဲ့မင်းသမီးကတော့ ဖွေးဖွေးပဲ ဖြစ်ပါ
တယ်။ လူငယ်ပီပီ သူ့ရဲ့ သရုပ်ဆောင်ဟန်တွေက သွက် လက်ပြီး ပေါ့ပေါ့ပါးပါး သွားလာလှုပ်ရှားတတ်တဲ့ အမူအရာလေးက ပရိသတ်တွေကို တစ်မျိုးဆွဲဆောင်စေတယ်။

ဇာတ်ကားရိုက်တာပဲဖြစ်ဖြစ်၊ ကြော်ငြာပဲဖြစ်ဖြစ် ဖွေးဖွေး အနေနဲ့ အဆူအပြောသန်တဲ့ ဒါရိုက်တာနဲ့ကြုံရင် စိတ်ကသိကအောက်ဖြစ်ဖူး လားလို့ မေးကြည့်တော့ ဖွေးဖွေးက “ဖွေးကို ဒါရိုက်တာတစ်ဦးက ထပ်ခါတလဲလဲ ခိုင်း ရင်ပိုကြိုက်တယ်။ ပိုပြီးပျော်တယ်။ ပညာပိုရတယ်လေ။ အနုပညာ ဘဝမှာ အမြဲတမ်းပဲ ဖွေးအလုပ်ကိုရော၊ဖွေးကိုယ်တိုင် ကိုရော တော်စေချင်၊ဖြစ်စေ ချင်တဲ့ လူကောင်း တွေနဲ့ပဲ ကြုံဖူးတယ်။ ဖွေးမလုပ်နိုင်သေးတဲ့အလုပ်ကို သူတို့ ခိုင်းသမျှ အားထုတ်လုပ်ရတာကိုပိုကြိုက်တယ်။ အပြစ်လို့ ကိုမမြင်သလို၊ ဖိအားတစ်ခုလို့လည်း မမြင်ဘူး” လို့ပြောပြခဲ့ပါတယ်။

သရုပ်ဆောင် အနုပညာရှင်တွေရဲ့သင်ဆရာတွေဖြစ်တဲ့ ဒါရိုက်တာက အရေးကြီးသလို၊ ဇာတ်ကားတစ်ခုလုံးကို ညွှန်းဆိုစေတဲ့ ဇာတ်ညွှန်း ဆရာတွေလည်း ဖွေးဖွေး ဘယ်လို သဘောထားလဲလို့ မေးကြည့်တော့ ”ဇာတ်ညွှန်းဆရာတွေက ဖွေးတို့ သရုပ်ဆောင်တွေအတွက် တကယ်လို အပ်တဲ့၊ အရေးပါတဲ့ ပုဂ္ဂိုလ်ပါ။ တစ်ခါတလေ ဇာတ်ညွှန်း ဆရာရေးလိုက်တဲ့ ကာရိုက်တာအနေအထားကလေ တအားကို ခံစားစေပြီး တကယ့်လက်ေ တွ့လိုပဲ။ အဓိကကတော့လေ ဇာတ်ညွှန်းဆရာရော၊ ဒါရိုက်တာ ရော နှ စ်ယောက်စလုံးက သရုပ်ဆောင်တွေကို နားလည်မှ၊ ကိုယ်ချင်းစာမှ အဆင်ပြေမှာပါ။ ဖွေးက ကြော်ငြာရိုက်တာပဲဖြစ်ဖြစ်၊ ဒီဗီဒီရိုက်တာပဲဖြစ်ဖြစ်၊ ဇာတ်ကား ရိုက်တာပဲဖြစ်ဖြစ် အားလုံးကိုအားထုတ်ပြီးလုပ်တယ်။ ဇာတ်ကားကျတော့ mood ပေါ်မူတည်ပြီး မျက်နှာအနေအထား၊ အသံအပြောင်းအလဲတွေကအစ သူ့အလိုလိုကို ပြောင်းတာ”လို့ ပြောပြ ခဲ့ပါတယ်။အနုပညာ သည်တချို့က အိပ်မက်နဲ့ဘဝထပ်တူကျသလို၊ တချို့ကတော့ အောင်မြင်မှုလေး ပိုင်ဆိုင်ရခါနီးကနေ အနုပညာေ လာကမှ ပျောက်ကွယ်သွားကြပြီး တခြားစီးပွားရေးလိုင်း ဘက် ရောက်သွားတတ်ကြတယ်။ ဖွေးဖွေးကောအိပ်မက်နဲ့ဘဝထပ်တူကျရဲ့လားလို့မေးကြည့်aတာ့ “အနုပညာကို ဝါသနာ ပါခဲ့တယ်။

ငယ်ငယ်ကတည်းက မက်ခဲ့တဲ့အိပ်မက်မို့ အခုတစ်ထပ်တည်းကျေ တာ့ ပျော်တယ်။ အဲဒီကရတဲ့ ပျော်ရွှင်မှုပီတိကိုပဲ စားတယ်။ ငါဒါလုပ်ရင် ဒါပြန်ရရမယ်။အောင်မြင်ရမယ်ဆိုတဲ့ စိတ်တော့မထားဘူး။ ပရိသတ်တွေကလည်းကိုယ့်ကို စောင့်ကြည့်တတ်တယ်လေ”လို့ ပြောပြခဲ့ပါတယ်။

ထူးထူး

Popular Journal

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1