Friday, April 26, 2013

မလေးရှား ဆာဘားပြည်နယ်သို့ ၀င်ရောက်ရန် ကြိုးပမ်းသည့်စစ်သွေးကြွများ ပစ်သတ်ခံရ

Ever November | 4/26/2013 03:22:00 PM | Best Blogger Tips

မလေးရှားနိုင်ငံအရှေ့ပိုင်း မြောက်ဘော်နီယိုကျွန်း ဆာဘားပြည်နယ်သို့ လက်နက်ကိုင် စစ်သွေးကြွများ ဝင်ရောက်ရန် ကြိုးပမ်းသဖြင့် ဖိလစ်ပိုင် လုံခြုံရေးတပ်ဖွဲ့က စစ်သွေးကြွအယောက် ၃ဝ ကျော်ကို ပစ်သတ်ခဲ့ကြောင်း မလေးရှားကာကွယ်ရေးဝန်ကြီး အာမက်ဇာဟစ်ဟာမီဒီက ဧပြီ ၂၅ ရက်တွင် ပြောကြားသည်။ ၄င်းစစ်သွေးကြွများက မလေးရှား ရေပိုင်နက်သို့ ဝင်ရောက်ပြီးနောက် ပြန်လှည့်ရန် ငြင်းဆန်သဖြင့် ဧပြီ ၂၄ ရက်က ဖိလစ်ပိုင်ရေတပ်ဖွဲ့နှင့် ကမ်းခြေစောင့် တပ်ဖွဲ့တို့က ပစ်ခတ်ရာ စစ်သွေးကြွ ၃၅ ဦး သေဆုံးခဲ့ကြောင်း ၄င်းက ဒေသခံ သတင်းသမားများအား ပြောကြားသည်။ မလေးရှားနိုင်ငံ၌ မေ ၅ ရက်တွင်ကျင်းပမည့် အထွေထွေ ရွေးကောက်ပွဲကို ဖျက်လိုဖျက်ဆီးလုပ်ရန် အကြံဖြင့် ၄င်းစစ်သွေးကြွများက ခိုးကြောင်ခိုးဝှက် ဝင်ရောက်ရန် ကြိုးပမ်းခြင်းဖြစ်သည်ဟု ဇာဟစ်ဟာမီဒီက ပြောကြားသည်။ ယခုနှစ် ဖေဖော်ဝါရီလ အစောပိုင်းက ဖိလစ်ပိုင်တောင်ပိုင်းဒေသ အခြေစိုက် စူလ်တန်ဆူလူက မလေးရှားနိုင်ငံ၏ ဆာဘားဒေသအား ပိုင်ဆိုင်ကြောင်း ပြောကြားပြီး လက်နက်ကိုင် စစ်သွေးကြွအင်အား ၂ဝဝ ခန့်ဖြင့် ဝင်ရောက်ခဲ့ပြီးနောက်ဖိလစ်ပိုင်နှင့်မလေးရှားလုံခြုံရေးတပ်ဖွဲ့များက နှစ်နိုင်ငံအကြားရှိ ရေကြောင်းနယ်နိမိတ် ထိန်းချုပ်ရေးကို ပူးတွဲတိုးမြှင့် ဆောင်ရွက်ခဲ့သည်။ 
(ဆင်ဟွာ)
khitlunge

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1