Friday, April 26, 2013

ဥရောပသို့ နေမာ သွားရောက်ရန် အသင့်ဖြစ်နေပြီဟု ဖခင်ဖြစ်သူ ပြောကြား

Ever November | 4/26/2013 10:11:00 AM | Best Blogger Tips

ဥရောပ ထိပ်သီး ကလပ်များ အနေဖြင့် နောက်နှစ်တွင် မိမိ၏ သားကို အပြိုင်အဆိုင် စတင် ချိတ်ဆက်ဖွယ် ရှိနေကြောင်း နေမာ၏ ဖခင်က ပြောကြားလိုက်သည်။
ဆန်းတို့စ် အသင်း၏ အသက်(၂၁)နှစ်အရွယ် ဘရာဇီးလ် လက်ရွေးစင် တိုက်စစ်မှူးကို ဘာစီလိုနာ၊ ရီးယဲလ်မက်ဒရစ်နှင့် ချယ်လ်ဆီးတို့ အပါအဝင် ဥရောပထိပ်တန်း ကလပ်အသင်း အများအပြားက စိတ်ဝင်စားနေသည်။ နေမာ၏ အေးဂျင့် အဖြစ်လည်း တာဝန်ယူ ဆောင်ရွက်နေသည့် ဖခင် နေမာစီနီယာက မိမိ၏ သားသည် ဥရောပ ရပ်ဝန်းသို့ သွားရောက်ရန် တံခါး ဖွင့်ထားပြီ ဖြစ်ကြောင်း ဝန်ခံခဲ့သည်။ ၎င်းက "ကျွန်တော့်သားဟာ သူ့ဘဝရဲ့ ကဏ္ဍသစ် တစ်ခုကို ဖွင့်လှစ်ရပါတော့မယ်။ ကမ္ဘာ့ဖလား ပြိုင်ပွဲပြီးရင် ဥရောပကို သေချာပေါက် သူသွားမှာပါ" ဟု ဆိုသည်။
ပေါင်စတာလင် သန်း(၅၀) ပေါက်ဈေးရှိသော နေမာသည် ဘာစီလိုနာ၏ နူးကမ့်ကွင်းကြီးသို့ ရောက်ရှိမည်ဟု သတင်းများ တွင်ကျယ်စွာ ထွက်ပေါ်လျှက် ရှိသည်။ ဘာစီလိုနာ၏ အပြောင်းအရွှေ့ ညှိနှိုင်းရေးမှူး အန်ဒရီ ကာရေးက "နေမာဟာ ဘာစီလိုနာရဲ့ နံပါတ်တစ် ဦးစားပေး ရွေးချယ်မှုပါ။ ကျွန်တော် ဆန်းတို့စ်ရဲ့ ပွဲစဉ် အားလုံးလိုလိုကို လောလောဆယ် ကြည့်နေပါတယ်။ တကယ်လို့ သူတို့ဘက်က နေမာကို ရောင်းဖို့ စပြီး စိတ်ကူးလာရင် ကျွန်တော်တို့ဘက်ကလည်း စကားပြောဖို့ အသင့်ပဲ"ဟု ပြောကြားခဲ့သည်။ နေမာ ကိုယ်တိုင်ကလည်း မိမိသည် ဘာစီလိုနာ တိုက်စစ်မှူး လီယွန်နယ်လ် မက်ဆီနှင့် တွဲကစားရန် အိပ်မက်တစ်ခု ရှိနေကြောင်း ဝန်ခံထားဖူးသည်။  
Ref: Daily Mail
soccer myanmar

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1