Friday, April 26, 2013

တိုင်းရင်းသားအရေးလည်း ပြည်ပခရီးစဉ်များ၌ဒေါ်အောင်ဆန်းစုကြည်အနေဖြင့်ဆွေးနွေးပေးစေလို

Ever November | 4/26/2013 09:58:00 AM | Best Blogger Tips
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ပြည်ပခရီးစဉ်ထွက်ခွာခြင်းကြောင့်  ပြည် တွင်း ရှိ စီးပွားရေး ၊ လူမှုရေး ၊ နိုင်ငံရေးပြောင်းလဲမှု အခြေအနေမှာ အားရဖွယ်ရှိသော်လည်း တိုင်းရင်းသား အရေးအတွက် နိုင်ငံတကာအသိုင်းအ၀ိုင်း၌ ပြောဆိုမှုမှာ အားနည်းလျက်ရှိနေသေးကြောင်း တိုင်းရင်းသားပါတီ အချို့က သုံးသပ်ပြောဆိုကြသည်။
 
ကာယကံရှင်သမ္မတကြီးပြောနေဆိုနေတာထက်စာရင် ဒေါ်အောင်ဆန်းစုကြည် ပြည်ပသွားနေတာတွေရဲ့ ရလာဒ်နဲ့ ပြောဆိုမှုတွေရဲ့ ရလာဒ်က ပိုထိရောက်တယ်လို့ မြင်တယ်။ ပြည်ပကလည်း သူတို့ရဲ့ပေါ်လ စီ အရ ပြည်တွင်း  စီးပွားရေးရော ၊ နိုင်ငံရေးရော တရားဥပဒေစိုးမိုးရေးကိုပါ ပြောင်းလဲလာနိုင်တယ်။ ဒါက ဒေါ်အောင် ဆန်းစုကြည်ရဲ့ ခရီးစဉ်တွေအရအမြင်ကို ပြောတာပါ ဟု ချင်းတိုးတက်ရေးပါတီ ဥက္ကဌ ပူးနိုထန်ကပ်က ပြောသည်။
 
ဒီချုပ်ပါတီဥက္ကဌဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ပြည်ပခရီးစဉ်များ သွားရောက်၍ မြန်မာပြည်အတွက် တိုက်တွန်း ပြောဆိုခြင်းများ ပြုလုပ်နေသည်မှာ အားရဖွယ်ရှိသော်ငြားလည်း တိုင်းရင်းသားအရေးနှင့် ပတ်သက်၍ ပြောဆိုမှုမှာ နည်းနေဆဲဖြစ်ကြောင်း ၄င်းက ဆက်ပြောသည်။
 
ပြောင်းလဲမှုတွေအတွက် ဖြစ်လာဖို့ သူ့အပေါ်မှာ ၈၀ရာခိုင်နှုန်းလောက် မျှော်လင့်ပါတယ်။ သူ့အပြောအဆို ဒီမိုကရေစီအရေး လှုပ်ရှားမှုတွေမှာပေါ့ ပြောရရင်တော့ အဲ့ဒါတွေအတွက် အားရစရာတွေရှိပေမယ့်၊ တိုင်းရင်း သားအရေးအတွက်ကတော့ သူ တွန့်ဆုတ်တွန့်ဆုတ်ဖြစ်နေတယ်။ အားမရဘူး ။ နားမလည်သေးတဲ့သူတွေ သူ့အပေါ် အမြင်စောင်းမှာ ဖြစ်နေလို့လားတော့ မသိဘူး အားမရဘူးဗျ “ ဟု ချင်းတိုးတက်ရေးပါတီ ဥက္ကဌ ပူးနိုထန်ကပ်က ပြောသည်။
 
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် လွှတ်တော်အစည်းအဝေးရပ်နားချိန် ဧပြီလအတွင်းတွင် ဂျပန်နိုင်ငံသို့ သွားရောက်ခဲ့ပြီး လာမည့် ဧပြီလ (၂၇)ရက်နေ့တွင် မွန်ဂိုလီးယား သမ္မတ နိုင်ငံ သမ္မတ Tsakhiagiin Elbegdorj ၏ ဖိတ်ကြားမှုဖြင့် မွန်ဂိုလီးယားနိုင်ငံ သို့ သွားရောက်မည်ဖြစ်ပြီး ဧပြီလ (၂၈)ရက်နေ့တွင် အူလန်ဘာတာသို့ ရောက်ရှိကာ ဧပြီလ(၂၉)ရက်နေ့တွင် Ministerial Meeting of the Community of Democracies အစည်းအဝေးသို့ တက်ရောက်မည်ဖြစ်သည်။
 
ဧပြီလ(၃၀)ရက်နေ့တွင် မွန်ဂိုလီးယားသမ္မတ Tsakhiagiin Elbegdorj နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ပူးတွဲ၍ ‘Mongolian and Myanmar: Road to Freedom and Lessons Learned’ အကြောင်းကို ပူးတွဲကာ မိန့်ခွန်း ပြောကြားမည်ဖြစ်ပြီး မေလ (၃)ရက်နေ့တွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိမည်ဖြစ်ကြောင်း ဒီချုပ်ပါတီ၏ ၀က်ဆိုက်ဒ်တွင် ဖော်ပြထားချက်အရ သိရှိရသည်။
 
ဒီမိုကရေစီအရေးအတွက် မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်နေသည့် ကိစ္စရပ်များကို ပြည်ပရှိ အဖွဲ့အစည်းများနှင့် ပြောဆိုခြင်းက ပြည်တွင်းသို့ စီးပွားရေးဖြေလျော့မှုဆိုင်ရာ ရလာဒ်များ ပိုမိုထွက်ပေါ်လာနိုင်ကြောင်းနှင့် ရင်းနှီးမြုပ်နှံခြင်းများလည်း ပိုမိုဖြစ်ထွန်းစေနိုင်ကြောင်း တအာင်း(ပလောင်)အမျိုးသားပါတီ အမျိုးသား လွှတ်တော်ကိုယ်စားလှယ်က ယခုကဲ့သို့ ဆိုသည်။
 
 “မြန်မာနိုင်ငံမှာ ဒီမိုကရေစီအသွင် ကူးပြောင်းတာကို ပြည်ပကလူတွေက မသိကြတဲ့သူတွေလည်းရှိတယ် အခုလို ပြည်တွင်းမှာ ဖြစ်ပေါ်နေတဲ့ကိစ္စတွေ အသွင်အပြင်တွေကို ပြည်ပခရီးသွားရင်း   ဒေါ်အောင်ဆန်းစုကြည် ပြောပြ ဆွေးနွေးတာတွေက ရင်းနှီးမြုပ်နှံသူတွေများလာစေတယ် ၊ ပိုပြီးမြင်သာ ထင်သာရှိလာစေတယ် ၊ ဂျပန်က ဆိုရင်လည်း စီးပွားရေး လူမှုရေးကိစ္စတွေမှာ ကူညီမှုတွေ ရလာတယ်လေ “ ဟု တအာင်း(ပလောင်) အမျိုးသားပါတီ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးထွန်းအောင်ကျော်က ပြောသည်။
 
မြန်မာနိုင်ငံ၏ စီးပွားရေး ၊ လူမှုရေး ၊ နိုင်ငံရေးကိစ္စရပ်များ တိုးတက်ပြောင်းလဲရေးအတွက် လုပ်ဆောင်နေခြင်း ကို ကျေနပ်အားရမိသော်လည်း တိုင်းရင်းသားအရေးမှာလည်း အရေးကြီးခြင်းကြောင့် တိုင်းရင်းသားများ စားဝတ်နေရေးအဆင်မပြေမှုများရှိနေခြင်းကြောင့် ဆောင်ရွက်သင့်သည့်အရာပင်ဖြစ်သည်ဟု ၄င်းက ဆက်ပြောသည်။
ဝင့်သင်ဇာကျော် (မြစ်မခ)

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1