ဖီအိုရင်တီးနား အသင်းသည် ချယ်လ်ဆီးတွင် ဖိအားများ ကြုံနေရသည့် တိုက်စစ်မှူး ဖာနန်ဒို တောရက်စ်ကို ကမ်းလှမ်း ခေါ်ယူရန် ဆန္ဒ ရှိနေကြောင်း သိရှိရသည်။
အီတလီ ကလပ် အသင်းသည် ပရီးမီးယားလိဂ် ကလပ်အသင်း အများအပြားက ချိတ်ဆက်နေသည့် တိုက်စစ်မှူး စတီဗန် ယိုဗီတစ်ကို လက်လွှတ် ရပါက အရန်သင့် အစားထိုးရန် အတွက် အသက်(၂၉)နှစ်ရှိ စပိန်သားကို လိုလားနေခြင်း ဖြစ်သည်။ တောရက်စ်သည် လီဗာပူးလ်မှ ချယ်လ်ဆီးသို့ ဗြိတိသျှ စံချိန်တင် ပြောင်းရွှေ့ကြေး စတာလင်ပေါင် သန်း(၅၀)ဖြင့် ရောက်ရှိလာသော်လည်း မျှော်လင့်သလောက် စွမ်းဆောင်ပြနိုင်ခြင်း မရှိသည့်အတွက် ဖိအားများစွာ ကြုံနေရသူ ဖြစ်သည်။
လတ်တလောတွင် ဖီအိုရင်တီးနား၏ ယိုဗီတစ်ကို အာဆင်နယ်၊ လီဗာပူးလ်စသည့်
ပရီးမီးယားလိဂ် ကလပ်များက ချိတ်ဆက်လျှက် ရှိနေသလို ကစားသမား အနေဖြင့်လည်း
နွေရာသီတွင် ပရီးမီးယားလိဂ်သို့ ပြောင်းရွှေ့ရန် စဉ်းစားလာနိုင်သည်။
ဖီအိုရင်တီးနားသည် စတမ်းဖို့ဒ်ဘရစ်ဂ်ျတွင် တောရက်စ်၏ အနာဂတ် အလားအလာကို
လေ့လာနေပြီး အမှန်တကယ် ယိုဗီတစ် အသင်းမှ ထွက်ခွာပါက
ကမ်းလှမ်းလာနိုင်ကြောင်း သိရသည်။ သတင်းများက ချယ်လ်ဆီး အနေဖြင့်
အက်သလက်တီကို မက်ဒရစ် တိုက်စစ်မှူး ရာဒါမယ်လ် ဖယ်လ်ကာအိုကို
ဝယ်ယူဖြစ်ခဲ့ပါက တောရက်စ်ကို လက်လွှတ်ရန် အခြေအနေ ပိုများလာနိုင်ကြောင်း
သုံးသပ် ဖော်ပြခဲ့ကြသည်။
Ref: Daily Mailsoccer myanmar
No comments:
Post a Comment