Friday, April 26, 2013

ဘိုင်ယန်ကို ရွေးချယ်လိုက်သည့် ဂေါ့ဇီအား ဒေါ့တ်မန် ပရိသတ်များ အညှိုးထား

Ever November | 4/26/2013 10:02:00 AM | Best Blogger Tips

ဘိုင်ယန်မြူးနစ် အသင်းသို့ ပြောင်းရွှေ့ရန် ရွေးချယ်လိုက်သည့် မာရီယို ဂေါ့ဇီသည် ယခုအခါ ဘိုရပ်ရှားဒေါ့တ်မန် ပရိသတ်များ၏ ခါးသီးသော အမုန်းတရားနှင့် ရင်ဆိုင် နေရပြီ ဖြစ်သည်။
ရီးယဲလ်မက်ဒရစ် အသင်းကို (၄-၁)ဖြင့် အနိုင် ရခဲ့သော ချန်ပီယံလိဂ် ပွဲစဉ်တွင် အသက်(၂၀)အရွယ် ဂျာမန် လက်ရွေးစင်သည် အသင်း ပရိသတ်များ၏ ပြန်လည် လှောင်ပြောင် ရှုတ်ချမှုကို ခံခဲ့ရသည်။ ဒေါ့တ်မန်၏ ခါးသီးလှသည့် ပြည်တွင်းပြိုင်ဘက်ကြီး ဘိုင်ယန်နှင့် ဂေါ့ဇီတို့ကြား အပြောင်းအရွှေ့ သဘော တူညီမှု ရရှိခဲ့ပြီဟု ကလပ် အသင်းက ကြေညာပြီးနောက် ပရိသတ်များက ၎င်းအပေါ် ထားရှိသည့် သဘောထားသည် ဆန့်ကျင်ဘက်သို့ ကူးပြောင်း သွားခဲ့သည်။ အကယ်၍ ဂေါ့ဇီ အနေဖြင့် ပြည်ပကလပ် တစ်ခုခုသို့ ကူးပြောင်းပါက ထိုမျှ ခါးသီးမှုမျိုး ကြုံရမည် မဟုတ်သော်လည်း ဘိုင်ယန်ကို ရွေးချယ်ခဲ့ခြင်းက ပရိသတ် အတွက် လက်မခံနိုင်စရာ ဖြစ်လာခဲ့သည်။
ကမ္ဘာ့ဘောလုံး လောက၏ ပါရမီရှင် လူငယ်တစ်ဦး အဖြစ် သတ်မှတ်ခံရသော ဂေါ့ဇီအား ဘိုင်ယန်က စာချုပ်ပါ သတ်မှတ်ဈေး အတိုင်း ယူရို (၃၇)သန်း ပေးချေ ခေါ်ယူရန် သဘော တူညီခဲ့သည်။ ထို့နောက်တွင် ဒေါ့တ်မန် ပရိသတ်များက ၎င်းအား သစ္စာဖောက်ဆိုသော စာတန်းများဖြင့် ရှုတ်ချခဲ့သလို ကျေးဇူးကန်းသူဟု ပြစ်တင်ခဲ့ကြသည်။ ပရိသတ် တစ်ဦးကလည်း ဂေါ့ဇီ၏ အမည်ပါ ဂျာစီကို မီးရှို့ထားသည့် ဓာတ်ပုံကို ရိုက်ကူးကာ အင်တာနက်တွင် လွှင့်တင်ခဲ့သေးသည်။ ရီးယဲလ်နှင့် ပွဲတွင်လည်း ပရိသတ်များက "ဂေါ့ဇီ"ထွက်သွားဟု အော်ဟစ်ကာ ရာသီကုန်ထိ ၎င်းကို အသင်းအတွက် ကစားခွင့် မပေးရန် အသင်းထံ တောင်းဆိုခဲ့ကြကြောင်း သိရှိရသည်။ 
Ref: Daily Mail
soccer myanmar

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1