Wednesday, March 28, 2012

 မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် အရေးယူပိတ်ဆို့မှုများကို တစ်ဆင့်ပြီးတစ်ဆင့် ဖယ်ရှားသွားမည်ဟု သြစတြေးလျ ပြောကြား

Ever November | 3/28/2012 08:37:00 PM | Best Blogger Tips
မြန်မာနိုင်ငံတွင်ဒီမိုကရေစီလုပ်ငန်းစဉ်အကောင်အထည်ဖော်မှုတိုးတက်မှုများရှိလာသည်နှင့်အမျှ
 မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် အရေးယူပိတ်ဆို့မှုများကို တစ်ဆင့်ပြီးတစ်ဆင့် ဖယ်ရှားသွား

မည်ဟု သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး Bob Carr က မတ်လ ၂၆ ရက်နေ့တွင် ပြောကြားခဲ့သည်။  သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး Bob Carr က ကမ္ဘောဒီးယား နိုင်ငံခရီးစဉ်အတွင်း ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီး ဟော်နန်ဟုန်နှင့် တွေ့ဆုံရာတွင် မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် အရေးယူပိတ်ဆို့မှုများ ဖယ်ရှားရေးကိစ္စကို ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိ အာဆီယံ အလှည့်ကျဥက္ကဋ္ဌဖြစ်သည့် ကမ္ဘောဒီးယား၏ မြန်မာနိုင်ငံအပေါ် ထားရှိသည့်အမြင်သည် တန်ဖိုးရှိကြောင်း သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး Bob Carr က ပြောကြားခဲ့ပြီး ကမ္ဘောဒီးယား နိုင်ငံခြားရေး ၀န်ကြီး ဟော်နန်ဟုန်က အာဆီယံ အလှည့်ကျဥက္ကဋ္ဌဖြစ်သည့် ကမ္ဘောဒီးယားအနေဖြင့် မြန်မာနိုင်ငံအတွင်း အပြုသဘောဆောင်သည့် ပြောင်းလဲတိုးတက်မှုများအတွက် ကြိုဆိုကြောင်း ပြောကြားခဲ့သည်။
သြစတြေးလျနိုင်ငံက  မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် အရေးယူ ပိတ်ဆို့မှုအချို့ကို ဖြေလျော့မည်ဖြစ်ကြောင်းနှင့် အရေးယူ ပိတ်ဆို့မှုအချို့ကို ဖြေလျော့ရခြင်းမှာ မြန်မာနိုင်ငံက လုပ်ဆောင်ခဲ့သည့် ပြုပြင်ပြောင်းလဲမှုအချို့ကို အသိအမှတ်ပြုသည့်အနေဖြင့် ဖြေလျော့ခြင်းဖြစ်ကြောင်း ဇန်န၀ါရီလ ၉ ရက်နေ့က ပြောကြားခဲ့သည်။
EMG
 

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1