ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးမှ ပြည်ပ ခရီးသွားများအား ရည်ရွယ်၍  ရန်ကုန်၊ မန္တလေး၊ ပုဂံ၊ စစ် တွေ၊ မြောက်ဦးမြို့များသို့ ဦးတည်၍  အပျော်စီးခရီးစဉ်များ စီစဉ်ပြေးဆွဲ သွားမည်ဟု သိရသည်။
နိုင်ငံခြားခရီးသွားများ ပြည်တွင်း၌ ရေကြောင်းမှ ခရီးသွားလာရာတွင်  ၀န်ဆောင်မှု အပြည့်အ၀ ပေးနိုင်ရန် အတွက်လည်းကောင်း၊ နိုင်ငံခြား  ခရီးသွားလုပ်ငန်းမှ နိုင်ငံခြားဝင်ငွေ တိုးတက်ရရှိစေရန်အတွက် လည်းကောင်း  စီစဉ်ခြင်းဖြစ်ကြောင်း သိရ သည်။
အပျော်စီးခရီးစဉ်များ စီစဉ်သွားမည့် ဒေသများမှာ ရန်ကုန်အခြေပြု  မြစ်ဝကျွန်းပေါ်ဌာနခွဲ နယ်မြေ၊ မန္တလေးအခြေပြု ဧရာဝတီဌာနခွဲနယ် မြေနှင့်  စစ်တွေအခြေပြု ရခိုင်ဌာနခွဲ နယ်မြေတို့ဖြစ်သည်။
ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးမှ မြတ်သန္တာ ရေယာဉ်၊ တိုးပွားရေ  ယာဉ်နှင့် ‘T’ နှင့် ‘S’ အမျိုးအစား ရေယာဉ်နှစ်စီး စုစုပေါင်း  သင်္ဘောလေးစီးအား မြစ်ဝကျွန်းပေါ်ဒေသများ နှင့် ဧရာဝတီမြစ်ကြောင်း တစ်လျှောက်  အားပြေးဆွဲသွားရန် စီစဉ်ထားကြောင်း သိရသည်။
‘‘မြစ်ဝကျွန်းပေါ်ဌာနခွဲ အနေနဲ့ ရန်ကုန်မှာ အခြေပြုပြီး  မြစ်ဝကျွန်းပေါ်ဒေသအားလုံးနဲ့ ဧရာဝတီမြစ် တစ်လျှောက်ကိုပါ ပို့ပေးနိုင်ဖို့  ရည်ရွယ်ထားပါတယ်’’ ဟု ပြည်တွင်း ရေကြောင်းပို့ဆောင်ရေးမှ တာဝန်ရှိသူ က  ပြောပြခဲ့ပါသည်။
လက်ရှိတွင် စက်သစ်ပြောင်းလဲ ပြင်ဆင်ပြီး အိပ်ခန်းများ Saloon ခန်းများပါ  ပြင်ဆင်ထားပြီး ဖြစ်သော ‘မြတ် သန္တာ’ ရေယာဉ်အား ငှားရမ်းသူရှိပါ က  ငှားရမ်းသည့် နေရာအရောက် ပို့ဆောင်ပေးခြင်း၊ ၀န်ဆောင်မှု ပေးခြင်းများ  ပြုလုပ်၍ ငှားရမ်းသူ မရှိသေးသည့် အချိန်များတွင် မြစ်ဝကျွန်းပေါ်  ဌာနခွဲဆိပ်ကမ်းတွင် ရေပေါ် စားသောက်ဆိုင်အဖြစ် ထားရှိကာ လုပ်ငန်း  လုပ်ကိုင်လိုသူများနှင့် ဆက်သွယ်  ဆောင်ရွက်သွားမည် ဟုသိရသည်။
‘တိုးပွား’ ရေယာဉ်ကိုမူ ခရီးတို သွားလာမည့် ခရီးသည်အဖွဲ့များ မြစ်တွင်း  Sight Seeing  အတွက် အချိန်ပိုင်းဖြစ်စေ၊ Short Trip ဖြစ်စေ  ခရီးစဉ်များအတွက် ငှားရမ်းဝန်ဆောင်မှု ပေးရန် စီစဉ်ထားကြောင်း မန္တလေး  အခြေပြု ဧရာဝတီဌာနခွဲတွင်မူ ‘စိုးမိုးအောင်’ ရေယာဉ်နှင့် ‘ရွှေကိန္နရီ’  ရေယာဉ်သုံးစီးအား အပျော်စီး ခရီးစဉ်များတွင် အသုံးပြုသွားမည် ဖြစ်ပြီး  မန္တလေး-ပုဂံ၊ မန္တလေး-ဗန်းမော်ခရီးစဉ်များတွင် ပြေးဆွဲနိုင်ရန်  စီစဉ်ထားကြောင်း၊ စစ်တွေအခြေပြု ရခိုင်ဌာနခွဲတွင် ‘ဟံသာ’ ရေယာဉ်အား စစ်တွေ-  မြောက်ဦး၊ စစ်တွေ- ပလက်ဝခရီးစဉ်များတွင် ရက်တို/ ရက်ရှည်  ငှားရမ်းနိုင်ရန် ဆောင်ရွက်ထားကြောင်း သိရသည်။
ငှားရမ်းခြင်း စနစ်တွင် လက်ရှိ ဆောင်ရွက်နေသော စီးလုံးငှားစနစ်၊  နာရီပိုင်းနှင့် တွက်ချက် ငှားရမ်းခြင်း၊ ခရီးတိုသတ်မှတ်ခြင်းစသည့်  လိုအပ်ချက်ပေါ်မူတည် ငှားရမ်းနိုင်ရေး စီမံပေးသွားမည်ဟု သိရသည်။
Ref; EMG 

No comments:
Post a Comment