မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်းကြောင့်  ပြောင်းရွှေ့ခံခဲ့ရသော တန်ဖဲကျေးရွာသား အနည်းဆုံး ၁၈ ဦးကို ကချင်ပြည်နယ်  အာဏာပိုင်များက အင်္ဂါနေ့ ညနေပိုင်းက ဖမ်းဆီးသွားခဲ့သည် မြစ်ကြီးနား  မြို့ခံတဦးက ပြောသည်။
စီမံကိန်းအား ရပ်ဆိုင်းထားလိုက်ပြီးနောက်  မိမိတို့ နေရပ်ရင်းသို့ ပြန်လည် လာရောက်နေထိုင်ကြသည့် တန်ဖဲ ရွာသားများအား  ဖမ်းဆီးသွားခြင်း ဖြစ်သည်။
ခရိုင်အုပ်ချုပ်ရေးမှူး ဦးခင်မောင်ချိုနှင့် လုံခြုံရေး ရဲတပ်ဖွဲ့များ ကား ၄ စီးနှင့် မြစ်ဆုံသို့ ရောက်ရှိလာပြီး ဖမ်းဆီး
ခေါ်ဆောင်သွားသည်ဟု မြစ်ကြီးနားမြို့ခံ တဦးက ပြောသည်။  
“မြစ်ဆုံမှာ ဈေးရောင်းတဲ့လူရော၊ အောင်မြင်သာက ပြောင်းလာတဲ့လူတွေကို ခရကနဲ့ ရဲတွေ တက်လာပြီး ဖမ်းသွား တယ်”ဟု သူက မဇ္စျိမကို ပြောသည်။
ဖမ်းဆီးသွားသူများမှာ မည်သူများ ဖြစ်သည်ဟုမူ ယခုထိ မသိရသေးပေ။ 
သို့သော်  မြစ်ကြီးနားမြို့ အမှတ် ၁ ရဲစခန်းတွင် ဖမ်းဆီးချုပ်နှောင်ထားသည်ဟု  ဒေသခံများထံမှ သိရသော်လည်း အမှတ် ၁ ရဲစခန်းက တာဝန်ရှိသူတဦးကမူ မြစ်ဆုံက  ရွာသားများကို ဖမ်းဆီးထားခြင်း မရှိကြောင်း ဖြေကြားခဲ့သည်။ 
ဖေဖော်ဝါရီလ  ၂၄ ရက်နေ့ မြစ်ဆုံ၏ ကျေးဇူးပဲ့တင်သံ ဆုတောင်းပွဲ ကျင်းပပြီး နောက်နေ့တွင်  ခရိုင်အုပ်ချုပ်ရေးမှူးက တန်ဖဲကျေးရွာသို့ ပြန်လည် မပြောင်းရွှေ့ရန်  အောင်မြင်သာ စံပြရွာသစ်ရှိ တန်ဖဲရွာသားများအား ဝန်ခံကတိ လက်မှတ်  ရေးထိုးခိုင်းခဲ့သေးသည်။
Rev; မဇ္စျိမ

No comments:
Post a Comment