Wednesday, May 30, 2012

ရေစိုခံ၊ အကြမ်းခံ Android ဖုန်းအမျိုးအစားသစ် ၀င်ရောက်လာ

Ever November | 5/30/2012 09:08:00 PM | Best Blogger Tips
AndroidOSဖုန်းအသုံးပြုသူများအတွက် ရေစိမ်ခံအကြမ်းခံသောAndroidOSဖုန်းအမျိုးအစားသစ်တစ်ခု
 ဈေးကွက်အတွင်းသို့ဝင်ရောက်လာကြောင်း သိရသည်။ အဆိုပါဖုန်းမှာ AGM ဖုန်းအမျိုးအစားဖြစ်ပြီး 
RockV5 ဖြစ်သည်။၎င်းဖုန်းမှာအကြမ်းခံမှုအပိုင်းအတွက်မာကြောကျစ်လျစ်သောဖွဲ့စည်းမှုဖြင့် ပြုလုပ်ပေး
ထားပြီး အမှတ်တမဲ့ဖုန်းလွတ်ကျခြင်း၊ ပြုတ်ကျခြင်း အစရှိသည်တို့အား ခံနိုင်ရည်ရှိသည့်အပြင် ဖုန်း၏ Body ဖြင့် ထုရိုက်ခြင်းများကိုလည်း ခံနိုင်ရည်ရှိစေရန် ပြုလုပ်ပေးထားကြောင်းသိရသည်။

Touch Screen ဖုန်းများတွင် ဖုန်းတစ်ခုလုံးအား အကြမ်းခံစေရန်အတွက် ပြုလုပ်နိုင်သော်လည်း Screen ထိခိုက်ခြင်းများအား ကာကွယ်ရန်အတွက် ခက်ခဲကြောင်းသိရသည်။ ယခု AGM Rock V5 မှာ Touch Screen ထိခိုက်ခြင်းများအား ကာကွယ်ပေးနိုင်ရန်အတွက် Screen အားကျုံ့နိုင်၊ ဆန့်နိုင်သော လှုပ်ရှားမှုပုံစံတစ်ခုအနေဖြင့် ပြုလုပ်ပေးထားကြောင်း သိရသည်။ ယင်းကဲ့သို့ Screen အားလှုပ်ရှားနိုင်ရန် ပြုလုပ်ထားခြင်းဖြင့် ဖုန်းလွတ်ကျခြင်းနှင့် ဖုန်းအားထိခိုက်မိခြင်းတို့တွင် Touch Screen အား ထိခိုက်မှုတို့ကို ကာကွယ်ပေးနိုင်ကြောင်းသိရသည်။ ရေစိုခံခြင်းအပိုင်းတွင်လည်း ဖုန်းအား ရာဘာအဆို့ရှင်များဖြင့် ပြုလုပ်ထားပြီး အဆိုပါ USB ပေါက်၊ နားကြပ်ပေါက်အစရှိသည်တို့အား သေချာစွာပိတ်ပြီးပါက ရေစိုခြင်းနှင့်ရေစိမ်ခြင်းတို့အား အကောင်းဆုံးကာကွယ်ပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။ အမှတ်တမဲ့ရေစိုခြင်းနှင့် ရေထဲသို့ပြုတ်ကျခြင်းများအား ကာကွယ်ပေးနိုင်မည်ဖြစ်သည်။ အကြမ်းခံခြင်းနှင့် ရေစိုခံဖုန်းများတွင် အကောင်းဆုံး Android OS ဖုန်းအမျိုးအစားတစ်ခုဖြစ်ပြီး ဖုန်းတွင်ထည့်သွင်းအသုံးပြုပေးထားသော Touch Sensor စနစ်များနှင့် အခြား Sensor စနစ်ပိုင်းများတွင် ပြည့်စုံကောင်းမွန်ကြောင်း သိရသည်။ Android OS Version 2.3.5 ကိုအသုံးပြုပေးထားပြီး CPU မှာ 800MHz CPU အား ထည့်သွင်းပေးထားသောဖုန်းဖြစ်သည်။ ဖုန်းတွင်းစနစ်ပိုင်းများ ကောင်းမွန်ပြည့်စုံသည့်အပြင် Dual ကင်မရာစနစ်ကိုလည်း အသုံးပြုနိုင်မည်ဖြစ်သည်။ GSM နှင့် WCDMA စနစ်နှစ်ခုစလုံးအတွက် အသုံးပြုနိုင်မည်ဖြစ်ပြီး ဂျာမန်နည်းပညာဖြင့် ထုတ်လုပ်ထားသော ဖုန်းဖြစ်သောကြောင့် အကြမ်းခံမှုအပိုင်းနှင့် ရေစိုခံမှုအပိုင်းများအတွက် အာမခံပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။ အဆိုပါဖုန်းအား ၀ယ်ယူအသုံးပြုလိုသူများအနေဖြင့် Mr.Fone ဖုန်း ၅၅၈၂၂၈၊ Best One
Mobile ဖုန်း ၂၄၅၂၈၁ တို့တွင် ဆက်သွယ်စုံစမ်းဝယ်ယူနိုင်မည်ဖြစ်ပြီး နေပြည်တော်၊ မန္တလေး၊ တောင်ကြီးနှင့် အခြားအမြို့မြို့အနယ်အနယ်ရှိဆိုင်များတွင် ဆက်သွယ်စုံစမ်း ၀ယ်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။
ရေးသားသူ -ကိုသက်
Internet Journal

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1