Wednesday, May 30, 2012

Sony Xperia P

Ever November | 5/30/2012 10:01:00 PM | Best Blogger Tips
အားသာချက် - Sony Xperia P မှာ လှပတဲ့ဒီဇိုင်းနဲ့ ကောင်းမွန်တဲ့ တည်ဆောက်မှုအရည်အသွေးတို့ပိုင်ဆိုင်ပြီး တောက်ပစွာဖော်ပြပေးနိုင်တဲ့ ၄ လက်မအရွယ် display ကိုအသုံးပြုထားပါတယ်။
အားနည်းချက် - Gingerbread (Android 2.3) ကိုသာအသုံးပြုထားပြီး ဘက်ထရီကိုလည်း ဖယ်ရှားလို့မရနိုင်တဲ့အပြင် memory ကိုလည်း ထပ်မံတိုးမြှင့်ကာ အသုံးပြုနိုင်ခြင်းမရှိပါဘူး။

Xperia S နဲ့နှိုင်းယှဉ်လျှင် အနည်းငယ်သေးငယ်တဲ့ Xperia P ကို ကိုင်ဆောင်သွားတဲ့အခါမှာ လွယ်ကူစေပါတယ်။ ၄ လက်မအရွယ် display ကိုတပ်ဆင်ထားပြီး Apple iPhone 4S ထက် အနည်းငယ်ကျယ်ပေမယ့်လည်း အသုံးပြုတဲ့အခါမှာ လက်တစ်ဖက်တည်းနဲ့ အသုံးပြုနိုင်စေပါတယ်။ ဖုန်းရဲ့ဘယ်ဘက်ခြမ်းမှာတော့ micro-SIM card slot, Micro-USB နဲ့ Micro-HDMI port တို့ကို တွေ့ရမှာဖြစ်ပါတယ်။ Xperia S နဲ့မတူတာကတော့ အဆိုပါ port တွေကို ပလတ်စတစ်အဖုံးများနဲ့ ဖုံးအုပ်မထားခြင်းဖြစ်ပါတယ်။ ဖုန်းရဲ့ထိပ်ဘက်မှာတော့ ၃.၅ မီလီမီတာ နားကြပ်ပေါက်နဲ့ ဖုန်းရဲ့ညာဘက်မှာတော့ ဖုန်းအဖွင့်အပိတ်ခလုတ်၊ အသံအတိုးအကျယ်ခလုတ်နဲ့ ကင်မရာရိုက်တဲ့ခလုတ်တို့ကို တွေ့ရမှာဖြစ်ပါတယ်။ ဟန်းဆက်ရဲ့စပီကာကို ဖုန်းရဲ့ညာဘက်ခြမ်းမှာတပ်ဆင်ထားတာကလည်း ဖုန်းရဲ့ စိတ်ဝင်စားဖွယ်ကောင်းတဲ့အချက်လည်း ဖြစ်ပါတယ်။ ဖုန်းမှာတပ်ဆင်အသုံးပြုထားတဲ့ ၄ လက်မအရွယ် qHD (960x540-pixel resolution) display ကို Sony ရဲ့ WhiteMagic နည်းပညာနဲ့ ပေါင်းစပ်ထားတဲ့အတွက် ပုံရိပ်များနဲ့ စာသားများကိုဖော်ပြရာမှာ အလွန်ကြည်လင်တောက်ပစွာနဲ့ ဖော်ပြပေးနိုင်ပါတယ်။ ဒါ့အပြင် နေရောင်ထဲမှာ တိုက်ရိုက်အသုံးပြုတဲ့အခါမှာ display ကို အဆင်ပြေစွာ အသုံးပြုနိုင်စေမှာဖြစ်တယ်လို့ ဆိုပါတယ်။ Display ရဲ့အောက်ဘက်မှာတော့ Back, Home နဲ့ Menu touch ခလုတ်များပါဝင်ပြီး ကွဲပြားခြားနားတဲ့အရောင်များနဲ့ ဖော်ပြပေးနိုင်တဲ့ opaque band ကို တွေ့ရမှာဖြစ်ပါတယ်။ အလေးချိန် ၄.၂၃ အောင်စရှိတဲ့အတွက် ကိုင်ဆောင်ရာမှာ သက်သောင့်သက်သာရှိစေပြီး အထူ ၀.၄၁ လက်မရှိတဲ့အတွက် ဖုန်းအများစုထက် ပိုထူတာကိုတွေ့ရပါတယ်။ ဘက်ထရီကတော့ ဖယ်ရှားလို့မရတဲ့ 1,305 mAh ဘက်ထရီဖြစ်ပါတယ်။ Built-in NFC ပါဝင်တဲ့အတွက် Sony Xperia SmartTags ကို အပြည့်အ၀ သုံးနိုင်စေမှာဖြစ်ပါတယ်။ အခြားချိတ်ဆက်မှု feature များအနေနဲ့ HSPA, Bluetooth နဲ့ Wi-Fi တို့ပါဝင်ပါတယ်။ သိုလှောင်မှုအနေနဲ့ 16GB onboard ပါဝင်ပေမယ့် အသုံးပြုသူများအနေနဲ့ 13GB လောက်သာ သုံးနိုင်မှာဖြစ်ပါတယ်။ Operating system အနေနဲ့ Android 2.3 (Gingerbread) ကိုသာအသုံးပြုထားပြီး Ice Cream Sandwich ဗားရှင်းကိုတော့ မကြာခင်ကာလမှာအသုံးပြုနိုင်မယ်လို့ ကုမ္ပဏီက ကတိပြုပြောကြားထားပါတယ်။ Sony ရဲ့ Exmor R backside-illuminated (BSI) sensor ပါဝင်တဲ့ 8-megapixel ကင်မရာကတော့ သာမန်အရည်အသွေးရှိတဲ့ ဓာတ်ပုံနဲ့ဗီဒီယိုတွေကို ရိုက်ကူးပေးနိုင်ပါတယ်။ Sony Xperia P ကို GSM 850/900/1800/1900 နဲ့အသုံးပြုနိုင်ပါတယ်။ Dual-core 1GHz ပရိုဆက်ဆာကို အသုံးပြုထားတဲ့အတွက် လုပ်ဆောင်ချက်များကို ချောမွေ့စွာလုပ်ဆောင်ပေးနိုင်ပါတယ်။ ဘက်ထရီကိုတော့ ဖုန်းပြောခြင်းအတွက် ၆ နာရီကြာ အသုံးပြုနိုင်ပြီး အသင့်အနေအထားအတွက် ၄၇၀ နာရီအထိ သုံးနိုင်ပါတယ်။
ရေးသားသူ -နောင်နောင်
Internet Journal

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1