အဆိုပါ app သစ်သည် Instagram နှင့် သဘောတရားချင်းဆင်တူပြီး
ဓာတ်ပုံများစွာကို တစ်ပြိုင်နက်တည်း ဆိုက်ပေါ်သို့တင်နိုင်မည့်အပြင်
ပုံစာထည့်ခြင်း၊ ပုံများကိုဖြတ်ခြင်း၊ filter ၁၄ မျိုးမှ
နှစ်သက်ရာတစ်မျိုးဖြင့် အသုံးပြုခြင်းများကို ပြုလုပ်နိုင်ကြောင်းသိရသည်။
အခြား photo-sharing app များထက်
ပိုမိုပြည့်စုံစွာအသုံးပြုနိုင်မည်ဖြစ်ပြီး မိတ်ဆွေများ၏ Facebook တွင်
ဝေမျှထားသည့်ပုံများကို ရှာဖွေကြည့်ရှုနိုင်မည်ဖြစ်သလို comment
ပေးခြင်းများ၊ like လုပ်ခြင်းများကိုလည်း app ထဲမှ
တိုက်ရိုက်ပြုလုပ်နိုင်မည်ဖြစ်သည်။ ၎င်း Facebook Camera app သစ်ကို Apple App
Store မှ download ရယူနိုင်ပြီး Android အပါအ၀င်အခြား platform များအတွက်
app ကိုမူ ထုတ်လုပ်ရန်စဉ်းစားနေကြောင်း သိရသည်။
ရေးသားသူ -ဟေမာ
Internet Journal
No comments:
Post a Comment