Wednesday, May 30, 2012

တစ်ရက်မီး(၆)နာရီသာရ၍ ကျေက်ပန်းတောင်းတွင် တရုတ်မီးစက် အ၀ယ်လိုက်နေ

Ever November | 5/30/2012 09:05:00 PM | Best Blogger Tips
မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်းမြို့တွင် တစ်နေ့လျှင် လျှပ်စစ်မီး(၆)နာရီသာ ရရှိသောကြောင့်တရုတ်နိုင်ငံထုတ်မီးစက်များအ၀ယ်များသော်လည်း ဈေးနှုန်းပုံမှန်သာရှိနေကြောင်း
 ဒေသခံများထံမှ သိရှိ ရသည်။
 
“တရုတ်မီးစက်တွေ ပစ္စည်းပြတ်နေတယ်၊ ဘာလို့လဲဆိုတော့ အ၀ယ်များလို့လေ၊ ဈေးကတော့ ပုံမှန်ပါပဲ ”ဟု ကျောက်ပန်းတောင်း မြို့ ရွှေလမင်းဆိုင်မှ ကိုဇော်မိုးခိုင်က ပြောသည်။
 
ကျောက်ပန်းတောင်းမြို့နေ ဒေသခံများ အများဆုံးဝယ်ယူသော မီးစက်မှာ မြန်မာဘီဂျီနှင့်ဒိုရမ်းများဖြစ်ကြောင်း မီးစက် အရောင်းဆိုင်များကဆိုသည်။
 
“အ၀ယ်များတဲ့ မီးစက်က တရုတ်မီးစက်ပေါ့ ၂ကီလိုဝပ် ၊ ၂ကီလိုဝပ်ခွဲလေးတွေပေါ့ တစ်နိုင်တစ်ပိုင်အနေနဲ့ ၀ယ်ကြတာပါ။ ဂျပန်မီးစက်ကျတော့ ဈေးကြီးတယ်လေ အဲ့ဒါကိုတော့ အ၀ယ်နည်းတာပေါ့” ဟု ကိုဇော်မိုးခိုင်က ပြောသည်။
 
တရုတ်မီးစက်များ အ၀ယ်များရခြင်းမှာ ကျောက်ပန်းတောင်းမြို့တွင် တစ်ရက်လျှင် မီးခြောက်နာရီသာ ရရှိသော ကြောင့်   ဖြစ်ကြောင်းကိုလည်း ဒေသခံများထံမှ သိရှိရသည်။
 
“မီးက အရင်ကဆိုရင် တစ်နေ့လုံးလိုလိုလာတယ် သင်္ကြန်မတိုင်ခင်ပေါ့ အခုတော့ တစ်ရက်ကို ခြောက်နာရီ လောက်သာလာတယ် အလှည့်ကျပေါ့ အဲ့ဒါကြောင့် အိမ်တွေက အိမ်သုံးအနေနဲ့ ကီလိုဝပ်နည်းတာလေးတွေ ၀ယ်ကုန်ကြတာပါ” ဟု ကျောက်ပန်းတောင်း မြို့မှ ကိုဇော်မျိုးက ပြောသည်။
 
ကျောက်ပန်းတောင်းမြို့တွင် တစ်နေ့လျှင် မီးခြောက်နာရီရရှိမည်ကို လျှပ်စစ်စွမ်းအင်ဝန်ကြီးဋ္ဌာနမှ ရပ်ကွက် အတွင်းသို့ လှည့်လည် သတိပေးထားသော်လည်း မည်သည့်အချိန်တွင် ပြန်လည်ကောင်းမွန်မည်ကို အကြောင်းကြားထားခြင်း မရှိသေးကြောင်းကိုလည်း သိရသည်။
 
ကျောက်ပန်းတောင်းမြို့တွင် အ၀ယ်များနေသော မြန်မာဘီဂျီ နှင့် ဒိုရမ်း ဟုခေါ်သော တရုတ်မီးစက်များမှာ ကီလိုအနိမ့်အမြင့်အပေါ်မူတည်၍ ဈေးနှုန်းအမျိုးမျိုးရှိပြီး၊ ဈေးအနိမ့်ဆုံး ကျပ်(၆၀၀၀၀)မှ အမြင့်ဆုံး(၁၀၀၀၀၀) ကျော် အထိရှိကြောင်း မီးစက်အရောင်းဆိုင်များက သိရှိရသည်။
ဝင့်သင်ဇာကျော် (မြစ်မခ)

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1