Wednesday, May 30, 2012

 သီလ၀ါ အထူးစီးပွားရေးဇုန် မြေနေရာတွင် လုပ်ငန်းဖော်ဆောင်ရန် မြေကွက် ၃၇ နေရာ လျာထားရာမှ မြေကွက် ၁၀ ကွက်သာ နေရာလွတ်ကျန်ရှိ

Ever November | 5/30/2012 09:25:00 PM | Best Blogger Tips
သီလ၀ါ အထူးစီးပွားဇုန် အတွင်းရှိ တည်ဆောက်ရေး လုပ်ငန်းခွင်အား တွေ့ရစဉ်
သီလ၀ါအထူးစီးပွားရေးဇုန် မြေနေရာတွင်လုပ်ငန်းဖော်ဆောင်ရန် မြေကွက်၃၇ နေရာလျာထားရာမှ
 မြေကွက် ၁၀ ကွက်သာ နေရာလွတ် ကျန်ရှိတော့ကြောင်း မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှ ထုတ်ပြန်သော သတင်း အချက်အလက်များအရ သိရသည်။
လက်ရှိတွင် သီလ၀ါအထူးစီးပွား ရေးဇုန်နေရာ၌ လုပ်ငန်းအဖွဲ့ ၁၈ ဖွဲ့မှ ကုန်သေတ္တာနှင့် အထွေထွေကုန်စည် တံတားအတွက် ဆောင်ရွက်ပြီး မြေကွက်ခြောက်ကွက်၊ ဆောင်ရွက်ဆဲ မြေကွက်လေးကွက်၊ သင်္ဘောဖျက် လွန်းကျင်းအတွက် မြေကွက်လေးကွက်၊ စက်သုံးဆီတင်ချတံတား အတွက် မြေကွက် ၁၁ကွက်၊ ကောက်ပဲ သီးနှံတံတားအတွက် မြေကွက်နှစ်ကွက် စုစုပေါင်းမြေကွက် ၂၇ နေရာအား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သီလ၀ါအထူးစီးပွားရေးဇုန်တွင် လက်ရှိလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်နေသည့်လုပ်ငန်း အဖွဲ့များမှာ MITT နှင့် MIPL အပြင် အေးရှားဝေါလ် ကုမ္ပဏီလီမိတက်၊ မက်စ်မြန်မာ ၀န်ဆောင်မှုလီမိတက်၊ ရွှေတောင် ကုမ္ပဏီလီမိတက်၊ ရွှေသံလွင် ဟိုင်းဝေး ကုမ္ပဏီလီမိတက်၊ မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက် စသည့် လုပ်ငန်းအဖွဲ့များ အပါအ၀င်လုပ်ငန်း အဖွဲ့၁၈ဖွဲ့မှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။
သီလ၀ါ အထူးစီးပွားရေးဇုန် အကောင်အထည်ဖော်ရာတွင် ပို့ ဆောင်ရေး ၀န်ကြီးဌာနသည် လုပ်ငန်းအမျိုးအစား ပိုင်းခြားသတ်မှတ်နိုင်ရန် မြေအသေးစိတ် တိုင်းထွာခင်း၊ ဂျပန်၊ စင်ကာပူ၊ ကိုရီးယားနှင့် ဟောင်ကောင်တို့များမှ ရင်းနှီးမြှုပ်နှံရန် လာရောက်လေ့လာသူများအား လက်ခံတွေ့ဆုံ ဆွေးနွေးခြင်းများအား ဆောင်ရွက်လျက်ရှိသည်ဟု သိရှိရသည်။
သီလ၀ါဆိပ်ကမ်းဖွံ့ဖြိုးရေး အကြိုဖြစ်နိုင်ခြေ လေ့လာရေးကို UNDP အကူအညီဖြင့် ၁၉၉၂ ခုနှစ်တွင် စတင် ဆောင်ရွက်ခဲ့ပြီး အလျားမီတာ ၂၀၀၊ ကုန်းတွင်းဘက် အလျားမီတာ ၇၅၀၊ အကျယ်အ၀န်း ၃၇ဧကရှိသော မြေကွက် ၁၇ကွက် လျာထားခဲ့သော်လည်း ၁၉၉၅ ခုနှစ်တွင် ရင်းနှီးမြှုပ်နှံသူများ၏ စိတ်ဝင်စားမှု အခြေအနေအရ မြေကွက် ၃၇ ကွက်အထိ တိုးချဲ့လျာထားခဲ့သည်ဟု သိရသည်။ အဆိုပါ နေရာအတွက် မြေပိုင်ရှင်များအား မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှ လျော်ကြေး ငွေကျပ် ၉၂ သိန်းကျော် ပေးအပ်ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။
သီလ၀ါ အထူးစီးပွားရေးဇုန်ဆိုင်ရာ စီမံကိန်း အချက်အလက်အချို့
(၁)     ရန်ကုန်ဆိပ်ကမ်းမှ မြစ်ဝသို့ ၃၂ ကီလိုမီတာကွာဝေးပြီး၊ ရန်ကုန်ဆိပ်ကမ်းနှင့် မြစ်ဝအကြား ၁၆ ကီလို မီတာအကွာတွင် သီလ၀ါဆိပ်ကမ်းတည်ရှိ။
(၂)     ဆိပ်ကမ်းတွင် အပြည်ပြည်ဆိုင်ရာ သင်္ဘောကြီးများ ၀င်ထွက် ဆိုက်ကပ်နိုင်သည့် အပြည်ပြည် ဆိုင်ရာ ဆိပ်ခံတံတား ခြောက်ခုရှိ။
(၃)     အဆင့်မြှင့်ရမည့် အခြေခံ အဆောက်အဦများ ဖြစ်သည့် လမ်းကွန်ရက်၊ ရေအရင်းအမြစ်နှင့် ဖြန့်ဖြူးရေးကွန်ရက်များ၊ လျှပ်စစ်ဓာတ်အားကွန်ရက်၊ ရေဆိုးစွန့်ပစ် စနစ်စသည်တို့ ပါဝင်သည့် ဧက ၅၀၀၀ ပါဝင်သည့် စီမံကိန်းဖြစ်။
(၄)     ရင်းနှီးမြှုပ်နှံမည့် လုပ်ငန်းရှင်များပေါ် မူတည်ပြီး မြေနေရာများ ဆက်လက်ဖော်ထုတ် သွားရန်ရှိ။
EMG

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1