Monday, May 21, 2012

မြန်မာနိုင်ငံမှသတင်းများကို Asia News Network (ANN)မှတစ်ဆင့် အာရှနိုင်ငံများက မကြာမီ ဖတ်ရှုနိုင်တော့မည်

Ever November | 5/21/2012 07:40:00 PM | Best Blogger Tips
မြန်မာနိုင်ငံမှ ထူးခြားသတင်းများကို Asia News Network (ANN) မှတစ်ဆင့် အာရှနိုင်ငံများက မကြာမီ ဖတ်ရှုနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။
''ကျွန်တော်တို့ Nation Media Group နဲ့ ပူးပေါင်းလုပ်ဆောင်ဖို့ MoU ထိုးထားပြီးပါပြီ။ မကြာမီမှာ English Version  ၀က်ဘ်ဆိုက်ကနေ မြန်မာနိုင်ငံရဲ့ ထူးခြားသတင်းဖြစ်စဉ်တွေကို လက်ရှိ သတင်းဝက်ဘ်ဆိုက်အတိုင်း လုပ်ဆောင်သွားမှာပါ။ Nation ဟာ Asia News Network မှာ  ပါဝင်ပါတယ်။ ဒါကြောင့် Nation Media Group ရဲ့ကူညီမှုနဲ့ ကျွန်တော်တို့ Eleven Media Group က မကြာမီမှာ Asia News Network မှာ ပါဝင်နိုင်တော့မှာပါ။ မြန်မာနိုင်ငံရဲ့ ထူးခြားသတင်းဖြစ်စဉ်တွေကို Nation ကတစ်ဆင့် Asia News Network ကနေ အာရှနိုင်ငံတွေ အပါအ၀င် နိုင်ငံတကာက အချိန်နဲ့အမျှ ကျယ်ကျယ်ပြန့်ပြန့် သိနိုင်ကြတော့မှာပါ''ဟု Weekly Eleven News Journal  အယ်ဒီတာ ချုပ်ကိုဝေဖြိုးက ပြောပါသည်။
Nation Media Group ၏ အကူအညီဖြင့် Eleven Media Group မှပေးပို့သည့် မြန်မာနိုင်ငံ၏ ထူးခြားသတင်းဖြစ်စဉ်များကို အာရှသတင်းကွန်ရက် (ANN) တွင် ဖော်ပြခွင့်ရတော့မည်ဖြစ်ပြီး အာရှဒေသတွင်း နိုင်ငံများအနေဖြင့်လည်း မြန်မာနိုင်ငံမှ သတင်းများကို ANN မှတစ်ဆင့် ဖတ်ရှုနိုင်တော့မည် ဖြစ်သည်။
အာရှဒေသတွင်း ၁၈ နိုင်ငံမှ နာမည်ကြီးသတင်းစာ ၂၁ စောင်ဖြင့် စုဖွဲ့ထားသည့် အာရှသတင်းကွန်ရက် ANN တွင် ဘင်္ဂလားဒေ့ရှ်(The Daily Star)၊ ဘူတန်(KUENSEL)၊ ဘူရူနိုင်း(The BRUNEI TIMES)၊ ကမ္ဘောဒီးယား၊ တရုတ်(China Daily)၊ ထိုင်ဝမ် (The China Post) ၊အိန္ဒိယ(The Statesman)၊ အင်ဒိုနီး ရှား(The Jakarta Post)၊ ဂျပန်(The YOMIURI SHIMBUN)၊ လာအို (Vientiane Times)၊ နီပေါ(THE KATHMANDU POST)၊ မလေး ရှား(SIN CHEW DAILY) (STAR)၊ ပါကစ္စတန်(DAWN)၊ ဖိလစ်ပိုင် (PHILIPPINE DAILY INQUI- RER)၊ စင်ကာပူ(The STRAITS TIMES)၊ သီရိလင်္ကာ(The Island)၊ တောင်ကိုရီးယား(The korea herald၊ ထိုင်း(The Nation)၊ ဗီယက်နမ် (Viet Nam News) စသည့်တို့ဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။
EMG
 

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1