အသက် ၇၃နှစ်အရွယ်ရှိ ဂျပန်အမျိုးသမီး Tamae Watanabe ဟာ ကမ္ဘာအမြင့်ဆုံး
ဧ၀ရက်တောင်ထိပ်ကို တစ်ကျော့ပြန်လည်တက်ရောက်ခဲ့ပြီး အသက် အကြီးဆုံး
တောင်တက်အမျိုးသမီးအဖြစ် စံချိန်သစ်ထပ်မံ တင်နိုင်ခဲ့တယ်လို့ သိရပါ တယ်။
အဆိုပါ ဧ၀ရက်တောင်ဟာ
တရုတ်၊ နီပေါ နှစ်နိုင်ငံ နယ်စပ်အကြား တည်ရှိပြီး ပင်လယ်ရေ မျက်နှာပြင်
အထက် အမြင့် ရှစ်ထောင်ရှစ်ရာလေးဆယ် ရှစ် မီတာ ရှိပါတယ်။ ၀ါတာနာဘီနဲ့
သူမရဲ့အဖွဲ့ဟာ ပြီးခဲ့တဲ့ လလယ်လောက်မှာ တိဘက် ကိုယ်ပိုင်အုပ်ချုပ်ဒေသရှိ
ဧ၀ရက်တောင်ခြေ အခြေစိုက် စခန်းကနေ စတင်ထွက်ခွာလာခဲ့ပါတယ်။
အပြန်ခရီးမှာ ၀ါတာနာဘီနဲ့ အဖွဲ့ဟာ တောင်ထိပ်ကနေ မီတာ
ရှစ်ထောင့်သုံးရာကျော်အထိ ဆင်းသက်ပြီးမှ ရပ်နားကြဖို့ စီစဉ်ထားပါတယ်။
ဝါတာနာဘီဟာ လွန်ခဲ့တဲ့ ၁၀နှစ်ခန့်က သူမ ပထမဆုံးအကြိမ် စံချိန်တင်နိုင်
ခဲ့ပြီး နောက် ခါးရိုးကျိုးသွားခဲ့တဲ့အတွက် နှစ်အတန်ကြာတဲ့အထိ
တောင်တက်ခြင်း အလုပ်ကို လုပ်ဆောင် နိုင်ခဲ့ခြင်းမရှိပါဘူး။ သူမဟာ
လွန်ခဲ့တဲ့ ၂၀၀၅ခုနှစ်က နိုင်ငံတကာ စွန့်စားမှုဆု Naomi Uemura Adventure ဆု
ကိုလည်း ရရှိကြောင်း သိရှိရပါတယ်။
MRTV4
No comments:
Post a Comment