Monday, May 21, 2012

နယ်စပ်မှာ စစ်တပ်တိုးချဖို့ ၀န်ကြီးချုပ်ကို တိုက်တွန်း

Ever November | 5/21/2012 09:24:00 AM | Best Blogger Tips

အိန္ဒိယနိုင်ငံအရှေ့မြောက်ဘက် မီဇိုရမ်ပြည်နယ်မှာ မြန်မာနိုင်ငံကနေ လက်နက်နဲ့ မူးယစ်ဆေးဝါး တင်သွင်းမှုတွေ ထူပြောလာတဲ့အတွက်ကြောင့် အိန္ဒိယ-မြန်မာနယ်စပ် တလျှောက်မှာ စစ်တပ်တွေ တိုးချဖို့ မီဇိုရမ် ၀န်ကြီးချုပ်က အိန္ဒိယ၀န်ကြီးချုပ်ကို တိုက်တွန်းလိုက်ပါတယ်။
အိန္ဒိယ၀န်ကြီးချုပ် ဒေါက်တာ မန်မိုဟာစင်းဟာ အခုလ နောက်ဆုံးပတ်မှာ မြန်မာနိုင်ငံကို ပထမဆုံး အကြိမ် အလည်အပတ် သွားရောက်မှာဖြစ်ပြီး ၀န်ကြီးချုပ်အနေနဲ့  မြန်မာပြည်ကိုမသွားခင်
အိန္ဒိယ-မြန်မာနယ်စပ် အခြေအနေတွေလေ့လာဖို့ သူ့ရဲ့အကြံပေးပုဂ္ဂိုလ် TK Nair ဟာ မေလ ၁၈ ရက်နေ့က မီဇိုရမ်ပြည်နယ် ကို ရောက်ရှိလာတဲ့အချိန်မှာ မီဇိုရမ် ၀န်ကြီးချုပ်
ပူးလာလ်ထန်ဟောလ်က တိုက်တွန်း ပြောဆိုခဲ့ တာဖြစ်ပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး   မီဇိုရမ်ကုန်သွယ်ရေး ၀န်ကြီး ပူးလာလ်ရင့်လျန်နာကို မေးကြည့်တော့ အဓိကတော့ အိန္ဒိယအရှေ့မြောက်ဒေသမှာ သူပုန်အမျိုးမျိုးရှိနေတာကြောင့် နယ်စပ်မှာ တပ်တွေတိုးချဖို့
ပြောဆိုတာဖြစ်နိုင်ပါတယ် လို့ ပြောပါတယ်။

အိန္ဒိယ၀န်ကြီးချုပ် ဒေါက်တာ မန်မိုဟာစင်းဟာ ဒီလ နောက်ဆုံးပတ်မှာ မြန်မာနိုင်ငံကို ပထမဆုံးအကြိမ် အလည်အပတ် သွားရောက်မှာဖြစ်ပြီး သူမသွားခင် အိန္ဒိယ-မြန်မာနယ်စပ် အခြေအနေတွေ လေ့လာဖို့ သူ့ရဲ့အကြံပေးပုဂ္ဂိုလ် TK Nair ဟာ မေလ ၁၈ ရက်နေ့က မီဇိုရမ်ပြည်နယ်ကို ရောက်ရှိလာတဲ့အချိန်မှာ အခုလို မီဇိုရမ် ၀န်ကြီးချူပ် ပူးလာလ်ထန်ဟောလ်က တိုက်တွန်း ပြောဆိုခဲ့တာပါ။

အိန္ဒိယ နဲ့ မြန်မာ အစိုးရတို့ရဲ့ သဘောတူညီချက်အရ နှစ်နိုင်ငံသားတွေဟာ နယ်စပ်ကနေ ၁၆ ကီလိုမီတာအတွင်း  အပြန်အလှန် ၀င်ထွက်သွားလာခွင့် ပြုထားတာဖြစ်ပြီး
အခုလို အလွယ်တကူ သွားလာခွင့်ပြုတာကြောင့် လက်နက် နဲ့ မူးယစ်ဆေးဝါး တင်သွင်းမှုတွေ များလာတာဖြစ်တယ်လို့လည်း ပြည်နယ် ၀န်ကြီးချုပ် ပူးလာလ်ထန်ဟောလ်က ပြောပါတယ်။

မီဇိုရမ်နဲ့ ချင်းပြည်နယ် နယ်စပ်တလျှောက်ဟာ ကီလိုမီတာ ၄၀၀ ကျော်ရှည်လျားပြီး မြန်မာဘက်ကနေ ၀င်လာတဲ့ လက်နက် နဲ့ မူးယစ်ဆေးဝါးတွေကို မီဇိုရမ်အာဏာပိုင်တွေက မကြာခဏ ဖမ်းလေ့ရှိပါတယ်။
RFA

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1