Monday, May 21, 2012

 ရန်ကုန်ဆိပ်ကမ်း ရွာသစ်ချောင်းမှ စဥ့်အိုးတန်းအထိ ကမ်းနားဒေသအား နိုင်ငံတကာအဆင့်မီ ပြည်တွင်းခရီးသွား ဆိပ်ကမ်းအဖြစ် ပြုပြင်တည်ဆောက်မည်

Ever November | 5/21/2012 08:12:00 PM | Best Blogger Tips

ရန်ကုန်ဆိပ်ကမ်း ရွာသစ်ချောင်းမှ စဥ့်အိုးတန်းအထိ
ကမ်းနားဒေသတစ်လျှောက်အား နိုင်ငံတကာအဆင့်မီ ပြည်တွင်းခရီးသွား ဆိပ်ကမ်း Inland Port Terminal များအဖြစ် ပြုပြင်ပြောင်းလဲ တည်ဆောက်သွားမည် ဖြစ်ကြောင်း မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှ ထုတ်ပြန်သော သတင်းအချက်အလက်များ အရ သိရှိရသည်။
သို့ဖြစ်၍ ရန်ကုန်ဆိပ်ကမ်း ရွာသစ်ချောင်းမှ စဥ့်အိုးတန်းအထိ ကမ်းနားဒေသတစ်လျှောက်အား မြစ်ဝကျွန်းပေါ်ဒေသနှင့် ရန်ကုန်တစ်ဖက်ကမ်းရှိ ခရီးသွားများ သွားလာမှုအဆင်ပြေစေရေးနှင့် ကုန်စည် စီးဆင်းမှုချောမွေ့စေရေး အတွက် မြစ်ဝကျွန်းပေါ်နှင့် အညာဒေသသွား ရေယာဉ်များ၊ ကူးတို့ရေယာဉ်များ၊ ပုဂ္ဂလိကရေယာဉ်များ၊ ပြည်တွင်း ရေကြောင်းပို့ဆောင်ရေးမှရေယာဉ်များ၊ ကမ်းရိုးတန်းသွားစက်လှေ အသင်းမှ ရေယာဉ်များ ဆိုက်ကပ်ရန်တံတားနေရာများအဖြစ် ဆက်လက်ထားရှိမည်ဖြစ်သည်ဟု သိရ သည်။
“အခုရန်ကုန်ဆိပ်ကမ်း ရွာသစ်ချောင်းကနေ စဥ့်အိုးတန်းအထိ ကမ်းနားဒေသတစ်ခုလုံးက ဆိပ် ခံတံတားတွေကို ဖျက်သိမ်းသွားမှာ မဟုတ်ပါဘူး။ ခေတ်မီလှပတဲ့ အဆောက်အဦတွေ ပါဝင်တဲ့ နိုင်ငံတကာအဆင့်မီ ပြည်တွင်းခရီးသွား ဆိပ်ကမ်း တည်ဆောက်သွားမှာပါ” ဟု မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှ တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့သည်။
လက်ရှိရန်ကုန်မြို့ အပြည်ပြည်ဆိုင်ရာ သင်္ဘောကြီးများ ၀င်ထွက်ဆိုက်ကပ်နေသည့် ဆိပ်ခံတံတားကြီးများတွင် အေးရှားဝေါလ်၊ မြန်မာ့စက်မှုဆိပ်ကမ်း၊ ဆူးလေအမှတ် ၁ မှ ၇ အထိ၊ ဗိုလ်အောင်ကျော် ၁-၂-၃ ဆိပ်ခံတံတားကြီးများမှာ D.W.T(Dead Weight Tonnage) ၁၅၀၀၊ အလျား ၁၆၇မီ တာ၊ ရေစူး ကိုးမီတာရှိ သင်္ဘောကြီးများ ၀င် ထွက်ဆိုက်ကပ်နိုင်ရန်နှင့် သီလ၀ါရှိ MIP, MITT ဆိပ်ခံတံတားများမှ D.W.T ၂၀၀၀၀၊ အလျား ၂၀၀ မီတာ၊ ရေစူးကိုးမီတာရှိ သင်္ဘောကြီးများ ၀င်ထွက်ဆိုက်ကပ်နိုင်ရန် အတွက်သာ ဒီဇိုင်းရေးဆွဲတည်ဆောက် ထားခြင်းဖြစ်သည်။
ထို့ကြောင့်လက်ရှိအချိန်တွင် ရန်ကုန်ဆိပ်ကမ်း၌ တန်ချိန်ပိုမိုများ ပြားသော သင်္ဘောကြီးများ ၀င် ထွက်သွားလာနိုင်ရန်နှင့် ရန်ကုန်  ဆိပ်ကမ်းကို ခေတ်မီနိုင်ငံတကာ အဆင့်သင်္ဘောဆိပ်ကမ်းကြီးအဖြစ် အသွင်ပြောင်းလဲနိုင်ရန် ရန်ကုန်ဆိပ်ကမ်း ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း လျာထားချက်ကို ရေးဆွဲခဲ့ပြီး ဏသမအ Port Master Plan ဖြင့် အကောင်အထည် ဖော်သွားမည်ဟု သိရသည်။ 
EMG

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1