Sunday, May 20, 2012

အမေရိကန် ပြည်ထောင်စုရှိ ကားများကို ဟွန်ဒါကုမ္ပဏီမှ ပြန်လည်သိမ်းယူမည်

Ever November | 5/20/2012 11:59:00 AM | Best Blogger Tips
ဂျပန်ထိပ်တန်း ကားကုမ္ပဏီဖြစ်တဲ့Honda မော်တော်ကုမ္ပဏီဟာပါဝါစတီယာရင်ပိုက်လိုင်းပြဿနာကြောင့် အမေရိကန်ပြည်ထောင်စုမှာရှိတဲ့ ၂၀၀၇၊ ၂၀၀၈မော်ဒယ်လ် Acura TL ကားအစီးရေ ငါးသောင်း နှစ်ထောင်ကျော်ကို ပြန်လည် သိမ်းယူမယ်လို့ သိရပါတယ်။ သက်တမ်း ကြာမြင့်လာပြီဖြစ်တဲ့အတွက် အဆိုပါကားတွေရဲ့ ပါဝါ စတီယာရင် ပိုက်လိုင်းတွေ ချွတ်ယွင်းပြီး ဓါတ်ဆီယိုစိမ့်မှုတွေ ဖြစ်ပေါ်လာနိုင်တဲ့အတွက် မီးခိုးထွက် ခြင်း၊ မီးလောင်ခြင်းတို့ ဖြစ်ပေါ်နိုင်တာကြောင့် အခုလိုပြန်လည် သိမ်းယူရတာ ဖြစ်တယ်လို့ သိရပါတယ်။
 
ဒါပေမယ့်လည်း ဒီပြဿနာကြောင့် ကားတိုက်ခြင်း၊ ဒဏ်ရာရခြင်းတို့ ဖြစ်ပွားခြင်း မရှိသေးကြောင်း ဟွန်ဒါ ကုမ္ပဏီက ပြောကြားခဲ့ပါတယ်။ အဆိုပါ ကားတွေ ပြန်လည် သိမ်းယူဖို့ အတွက် ဇွန်လ လယ်လောက်မှာ ကားပိုင်ရှင်တွေထံ အကြောင်းကြားစာ ပေးပို့သွားမှာလည်း ဖြစ်ပါတယ်။ ဟွန်ဒါ ကုမ္ပဏီဟာ ၂၀၀၈ခုနှစ်မှာ အလားတူ ပြဿနာမျိုး ဖြစ်ပေါ်ခဲ့တဲ့အတွက် Acura TL ကားအစီးရေ နှစ်သိန်း ခုနှစ်သောင်း သုံးထောင်ကို ပြန်လည် သိမ်းယူခဲ့ရတယ်လို့ သိရပါတယ်။
MRTV4

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1