Sunday, May 20, 2012

ဟိုက်မိုဆံပင်တုစက်ရုံလုပ်သားများ စာချုပ်ချိုးဖောက်ခံရမှု့အတွက် ဆက်လက်ဆန္ဒပြမည်

Ever November | 5/20/2012 11:42:00 AM | Best Blogger Tips
လှိုင်သာယာစက်မှုဇုန် Hi-Art ကုမ္ပဏီ ဟိုက်မိုဆံပင်တုစက်ရုံမှ အလုပ်သမားသည် အလုပ်ရှင်ဘက်က စာချုပ်ချိုးဖောက်ခဲ့သည့်အတွက်ယနေ့ မေ(၁၉)ရက် နေ့တွင် နေ့တစ်ဝက်ဆန္ဒပြခဲ့ပြီး မေလ(၂၁)ရက်
 နေ့တွင်လည်း  ဆက်လက် ဆန္ဒပြတောင်းဆိုသွားမည် ဖြစ်သည်။
 
“ကျွန်မတို့ကို စာချုပ်ချုပ်ပြီးတော့ စာချုပ်ထဲကအတိုင်း မလုပ်ပေးနိုင်ဘူးလို့ပြောပါတယ်၊ စာချုပ်က တရားမ၀င်ဘူး ဦးဝင်းရှိန်ကို နင်တို့လည်းခေါ်တာမဟုတ်ဘူး၊ ငါတို့လည်းခေါ်တာမဟုတ်ဘူး လမ်းကြုံလို့ ၀င်ဖြေရှင်းပေးတာ တရားမ၀င်ဘူးလို့ ပြောပါတယ်” ဟု Hi-Mo ဆံပင်တုစက်ရုံမှ မသူဇာဝင်းက ပြောသည်။
 
မေလ(၁၁)ရက်နေ့က အလုပ်သမားဝန်ကြီးဋ္ဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန်က အလုပ်ရှင်နှင့် အလုပ်သမားများအကြား အခြေခံလစာ(၃၀၀၀၀)ပေးမည်ဟု သဘောတူစာချုပ်ချုပ်ဆိုသည့် အပေါ် အလုပ်ရှင်ဘက်က အထက်ပါအတိုင်း ပြောကြား ခဲ့ခြင်းဖြစ်သည်။
 
အဆိုပါအလုပ်သမားများအနေဖြင့် စက်ရုံအတွင်းတွင် အလုပ်မလုပ်ခိုင်းသည်မှာ နှစ်ရက်ရှိပြီဖြစ် ကြောင်း အလုပ်သမားများ ကပြောသည်။
 
“ကျမတို့ကို အဆောင်မှာလဲ ရိက္ခရာမပို့ပေးဘူးလို့ ပြောပါတယ် ဒါပေမယ့် ဆန်တွေကျန်နေသေးလို့ ကျန်တာတွေနဲ့ ချက်ကျွေးနေတယ်၊   သူကတော့ တနင်္ဂနွေနေ့အထိစားလို့ရတယ်လို့စာဖိုမှူး ဦးတင်မောင်စိုးက ပြောပါတယ်”ဟု မကေခိုင်ဦးကပြောသည်။
 
စာချုပ်ချုပ်ထားသော စက်ရုံမှူး ဒေါ်နန့်သောင်းယဉ်သည် စက်ရုံတွင် မရှိကြောင်း အဆိုပါစာချုပ်ပါ အချက်အလက်များသည် တရားမ၀င်ကြောင်း မလုပ်ပေးနိုင်ကြောင်း စက်ရုံမန်နေဂျာ ဒေါ်ခင်သီတာစိုး က ပြောကြောင်းအလုပ်များကဆိုသည်။
 
“စက်ရုံက အလုပ်သမား(၁၃)ယောက်ကို အလုပ်ထုတ်လိုက်တယ် သူတို့က အစမ်းခန့်ကာလဆိုတော့ ပါဝင်ခွင့်မရှိဘူးလို့ ပြောပြီး အလုပ်ထုတ်လိုက်တယ်”ဟု အလုပ်သမားတစ်ဦးဖြစ်သူ မကေခိုင်ဦးက ပြောသည်။
 
အဆိုပါ အလုပ်သမားများသည် မေလ(၂၁)ရက်နေ့တွင် ဆက်လက်ဆန္ဒပြတောင်းဆို သွားကြမည် ဖြစ်ကြောင်း ဗုဒ္ဓဟူးနေ့စက်ရုံပိုင်ရှင် ကိုရီးယားနှင့် ချိန်းဆိုထားကြောင်း အလုပ်သမားကိုယ်စားလှယ် မခင်သီတာထွန်းကပြောသည်။
 
“ကျတို့သူဌေးလာရင်ဆက်လက်တောင်းဆိုသွားမှာပါ ဗုဒ္ဓဟူးနေ့ကျရင်ချိန်းထားတယ်၊ လာမယ်ပြော ပါတယ် ဘယ်အချိန် လဲတော့မသိဘူး   ကျမတို့ဖြစ်ချင်တာကို တောင်းဆိုသွားမှာပါ”ဟု အလုပ်သမား ကိုယ်စားလှယ် မခင်သီတာထွန်းကပြောသည်။
ရှုမ၀အောင်(မြစ်မခ)

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1