Sunday, May 20, 2012

အမျိုးသမီးကိုယ်စားလှယ်များပါဝင်ပါက ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းစဉ်များ ပိုမိုကျယ်ပြန့်လာနိုင်

Ever November | 5/20/2012 08:25:00 PM | Best Blogger Tips

ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းစဉ်များ၌ အမျိုးသမီးကိုယ်စားပြုများ ပါဝင်လာကြမည်ဆိုလျှင် ညှိနှိုင်းဆွေးနွေးပြောဆိုရေး ကိစ္စများတွင် ပိုမိုကျယ်ကျယ်ပြန့်ပြန့်ရှိလာနိုင်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များထံမှ သိရှိရသည်။
 
“အမျိုးသမီးတွေက တစ်ချို့နေရာတွေမှာ အမျိုးသားတွေထက်ကို ပရိယာယ်ကြွယ်တယ်။ ပါးရည်နားရည်ရှိတယ်။ စကားလုံးအသုံးအနှုန်းတွေကို လိုအပ်ရင် လိုအပ်သလို ပြောတတ်ဆိုတတ်တယ်။ တကယ်အရည်အချင်းရှိတဲ့ အမျိုးသမီးတွေ ပါဝင်လာမယ်ဆိုရင် ညှိနှိုင်းဆွေးနွေးပြောဆိုကြတဲ့အခါမှာ ပိုပြီးတော့ အောင်မြင်လာနိုင်ပါတယ်” ဟု အမျိုးသားဒီမိုကရေစီ အင်အားစုပါတီမှ  အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည်က ပြောသည်။   
 
ထို့ပြင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်သည်ပင်လျှင် နိုင်ငံအရေးကိစ္စများကို ဆောင်ရွက်နိုင်သည်ကို ကြည့်ခြင်းအားဖြင့် မိမိတို့ မြန်မာအမျိုးသမီးထုကြီးသည်လည်း ရှာဖွေလေ့လာမှုများပြုလုပ်၍ ရှိနေသော အရည်အချင်းများဖြင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ကြရန်လိုကြောင်းကို ၄င်းက ဆက်ပြောသည်။     
 
“ငြိမ်းချမ်းရေးဖော်ဆောင်တဲ့လုပ်ငန်းတွေမှာ အမျိုးသမီးတွေ ပါဝင်လာတာတော့ကောင်းပါတယ်။ အမြင်စုံနဲ့ သွားလို့ရတာပေါ့။ အမျိုးသမီးသမ္မဂတွေလည်း ရှိသင့်ပါတယ်။  ကမ္ဘာ့မီဒီယာတွေကလည်း မြန်မာနိုင်ငံဟာ အမျိုးသမီးပါဝင်မှုတွေ နည်းပါးနေတယ်လို့ ပြောထားတယ်။ ဒါပေမယ့်ငြိမ်းချမ်းရေးဖော်ဆောင်တဲ့နေရာမှာ ဘယ်သူပါဝင်ဝင် တစ်ဖက်နဲ့တစ်ဖက် ယုံကြည်မှုရှိမှသာ ငြိမ်းချမ်းရေးဖော်ဆောင်နိုင်မယ်၊ တည်ဆောက်နိုင်မယ် ”  ဟု တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမန်းမောင်မောင်ဥာဏ်က ပြောသည်။  
 
 မြန်မာနိုင်ငံ ငြိမ်းချမ်းရေး တည်ဆောက်မှုဖြစ်စဉ် မှန်ကန်တည့် မတ်စေရန်နှင့် ရေရှည်ခိုင်မြဲသည့် ပြည်လုံးကျွတ် အတိုင်းအတာဆောင်သည့် ငြိမ်းချမ်းရေးဖေါ်ဆောင်မှုကို အစ ပျိုးနိုင်ရေးအတွက် အမျိုးသမီးကိုယ်စားပြုမှုကို ဦးသိန်းစိန်အစိုးရမှ ယခုထက်ပို၍ အလေးအနက်ထား ထည့် သွင်းစဉ်းစားပေးရန် လိုအပ်ကြောင်းကို ၂၀၁၂ခုနှစ် မေလ (၁၅) ရက်နေ့က မြန်မာအမျိုးသမီးအဖွဲ့ချုပ်(မြန်မာနိုင်ငံ) မှ တိုက်တွန်းတောင်းဆိုချက်ထုတ်ခဲ့ကြောင်း သိရှိရသည်။
ယမင်း(မြစ်မခ)

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1